Browse and download our factsheets in Burmese

Is bedwetting a problem in teenagers and young adults?

About 2 out of every 100 teenagers and young adults wet the bed at night. This is called nocturnal enuresis. It can be a problem for both young men and women. Most teenagers and young adults who wet the bed have done so since they were a child. Some may have had help as a child but many young people have never had help with this problem. They may think bedwetting will get better with time. They may think that it can’t be helped.

Some young people with bedwetting also have daytime bladder problems. They may:

  • pass urine more often than normal.
  • feel the need to go more urgently than normal.
  • leak urine as they hurry to the toilet (also called overactive bladder).

Bedwetting can make everyday life more difficult. Teenagers and young adults may be embarrassed by this problem. They may fear that people will find out. They can also have the expense and workload of extra washing. It can be tricky to stay away from home overnight. There can also be problems when you need to share a bed or room with someone else. A big worry is what bedwetting can mean for close personal relationships.

အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များအတွက် ပြဿနာလား။

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များ အယောက် ၁၀ဝ တွင် ၂ ယောက်သည် ညဘက် အိပ်ရာထဲတွင် ဆီးထွက်ကြပါသည်။ ၎င်းကို nocturnal enuresis ဟုခေါ်ပါသည်။ ၎င်းသည် လူငယ် အမျိုးသားများရော အမျိုးသမီးများအတွက်ပါ ပြဿနာဖြစ်နိုင်ပါသည်။ အိပ်ရာထဲတွင် ဆီးထွက်ကြသည့် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်အများစုမှာ သူတို့ငယ်စဉ် ကလေးဘဝကပင် အိပ်ရာထဲတွင် ဆီးထွက်ခဲ့ကြသည်။ အချို့မှာ ကလေးဘဝတွင် ကူညီပံ့ပိုးမှု ရခဲ့ကြနိုင်ကောင်းသော်လည်း လူငယ်အများစုတွင်မူ ဤပြဿနာနှင့်ပတ်သက်၍ မည်သည့်အခါကမျှ အကူအညီမရခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူတို့သည် အိပ်ရာထဲတွင် ဆီးထွက်ခြင်းမှာ အချိန်တန်လျှင် ပျောက်ကင်းသွားလိမ့်မည်ဟု ထင်ကောင်းထင်ခဲ့ကြနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ ကု၍မရနိုင်ဟုလည်း ထင်ကောင်းထင်နိုင်ကြမည်။

အိပ်ရာထဲတွင် ဆီးထွက်ကြသည့် အချို့လူငယ်များတွင် နေ့ဘက် ဆီးအိမ်ဆိုင်ရာ ပြဿနာများလည်း ရှိကြပါသည်။ သူတို့သည် -

  • ဆီးကို ပုံမှန်သွားသည်ထက် ပိုပြီး သွားတတ်သည်။
  • ပုံမှန်ထက် ပိုပြီး အရေးတကြီးသွားရန် လိုအပ်သည်ဟု ခံစားရသည်။
  • အိမ်သာကို အမြန်သွားနေသည့်အချိန်၌ ဆီးထွက်သွားတတ်သည်။ (overactive bladder အလုပ်လုပ်လွန်းသည့် ဆီးအိမ် ဟုလည်းခေါ်ကြသည်)

အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် နေ့စဉ်ဘဝအတွက် ပိုပြီးခက်ခဲစေပါသည်။ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များသည် ဤပြဿနာကြောင့် ရှက်နေနိုင်ပါသည်။ သူတို့သည် အခြားသူများ သိသွားမည်ကို စိုးရိမ်နိုင်ပါသည်။ သူတို့၏ အဝတ်များ ပိုလျှော်ရသည့် အလုပ်နှင့် ကုန်ကျစရိတ် အပိုများ ရှိလာနိုင်ပါသည်။ ညဘက်တွင် အိမ်၌ မဟုတ်ဘဲ အခြားနေရာတွင် ညအိပ်သွားနေရန် ခက်လာနိုင်သည်။ အခြားသူတစ်ဦးဦးနှင့် ကုတင် သို့မဟုတ် အခန်းကို မျှသုံးရမည်ဆိုပါက ပြဿနာများ ရှိနိုင်ပါသည်။ ကြီးမားသည့် စိတ်ပူပန်စရာမှာ အနီးကပ် ဆက်ဆံရေးမျိုးများတွင် အိပ်ရာထဲ၌ ဆီးထွက်ခြင်းကြောင့် မည်သို့ဖြစ်ကြမည်ဆိုသည့် အရေးကိစ္စဖြစ်ပါသည်။

Is help available for bedwetting?

The good news is that you can get help. Bedwetting can often be cured after careful review and treatment. It can be cured even if past treatment did not help.

Even when it cannot be cured, you can reduce symptoms and keep bedding dry.

အိပ်ရာထဲတွင် ဆီးထွက်ခြင်းအတွက် အကူအညီ ရနိုင်ပါသလား။

စိတ်ချမ်းသာစရာ သတင်းမှာ ၎င်းအတွက် အကူအညီရနိုင်ခြင်းဖြစ်ပါသည်။ အိပ်ရာထဲတွင် ဆီးထွက်ခြင်းကို သေချာစွာစစ်ဆေးပြီး ကုသမည်ဆိုပါက အများအားဖြင့် ပျောက်ကင်းစေနိုင်ပါသည်။ အတိတ်ကာလတွင် ကုသခဲ့ခြင်းက အကျိုးမရှိခဲ့သည့်တိုင် ကုသပျောက်ကင်းစေနိုင်ပါသည်။

ကုသ၍ မပျောက်ကင်းနိုင်စေသည့်တိုင် ရောဂါလက္ခဏာများကို လျှော့ချပြီး အိပ်ရာ ခြောက်သွေ့နေစေနိုင်ပါသည်။

What causes bedwetting in teenagers and young adults?

Wetting the bed is caused by a mix of three things:

  1. the body making a large amount of urine through the night.
  2. having a bladder that can only store a small amount of urine at night.
  3. not being able to fully wake up from sleep.

Some young adults also have bladder problems through the day. Their bladder does not store or empty properly at night or in the day.

We now know more about the causes of bedwetting, such as:

  • bedwetting can run in some families.
  • some bladders can’t store much urine through the day or night.
  • some bladders do not fully empty on the toilet, which means some urine stays in the bladder.
  • some kidneys make larger amounts of urine than normal through the night.

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များတွင် အိပ်ရာထဲ၌ ဆီးထွက်ခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။

အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် အကြောင်းသုံးမျိုး တိုက်ဆိုင်စုစည်းပြီး ဖြစ်ပါသည်။

  1. ခန္ဓာကိုယ်က ညဘက်တွင် ဆီး များစွာ ထုတ်လုပ်ခြင်းကြောင့်
  2. ညဘက်တွင် ဆီးအနည်းငယ်သာ သိုလှောင်နိုင်သည့် ဆီးအိမ်ရှိနေခြင်းကြောင့်
  3. အိပ်ပျော်နေစဉ်မှာ ပြည့်ပြည့်ဝဝ မနိုးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ညဘက်တွင် အိပ်ရာထဲ၌ ဆီးထွက်ခြင်းကြောင့် အရွယ်ရောက်စ လူငယ်အချို့သည် နေ့ဘက်တွင်လည်း ဆီးအိမ်ပြဿနာ ရှိတတ်ကြပါသည်။ သူတို့၏ဆီးအိမ်သည် ညဘက်တွင်ဖြစ်စေ သို့မဟုတ် နေ့ဘက်တွင်ဖြစ်စေ ကောင်းမွန်စွာ မသိုလှောင်နိုင်ပါ သို့မဟုတ် မစွန့်ထုတ်နိုင်ပါ။

အိပ်ရာထဲတွင် မည်သည့်အတွက်ကြောင့် ဆီးထွက်ရသည် ဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ယခု ပို၍ သိလာကြပါသည်၊ ဥပမာ -

  • အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် မျိုးရိုးလိုက်နိုင်ပါသည်။
  • အချို့ဆီးအိမ်များသည် နေ့ဘက်၌ဖြစ်စေ၊ ညဘက်၌ဖြစ်စေ ဆီးများစွာ မထိန်းနိုင်ကြပါ။
  • အချို့ဆီးအိမ်များသည် အိမ်သာပေါ်ထိုင်နေခိုက်တွင် ဆီးကုန်စင်အောင် မထထတ်နိုင်ပါ၊ အဓိပ္ပာယ်မှာ ဆီးအိမ်ထဲတွင် ဆီး ကျန်ရှိနေခြင်းကို ဆိုလိုပါသည်။
  • အချို့ကျောက်ကပ်များသည် ညဘက်တွင် ဆီးပမာဏ ပုံမှန်ထက်များစွာ ပို၍ ထုတ်လုပ်ကြပါသည်။

Can there be other reasons for bedwetting in teenagers and young adults?

Some other things can make it hard to control bedwetting, such as:

  • constipation.
  • infection in the kidney or bladder.
  • drinking too many drinks with caffeine or alcohol.
  • the use of some medicines and illegal drugs.
  • allergies or enlarged adenoids and tonsils which block the nose or upper airways at night.

ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များ အိပ်ရာထဲတွင် ဆီးထွက်ရသည့် အခြားအကြောင်းများ ရှိနိုင်ပါသေးသလား။

အချို့အကြောင်းများသည် အိပ်နေစဉ် ဆီးထွက်ခြင်းကို ထိန်းသိမ်းရ ခက်ခဲစေနိုင်ပါသည်။ ဥပမာ -

  • ဝမ်းချုပ်ခြင်း
  • ကျောက်ကပ် သို့မဟုတ် ဆီးအိမ်တွင် ရောဂါပိုးဝင်ခြင်း
  • ကာဖိန်း သို့မဟုတ် အရက်သေစာပါသည့် အရည် များစွာသောက်ခြင်း
  • အချို့သော ဆေးဝါးများကို မှီဝဲခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲခြင်း
  • အစားအစာ သို့မဟုတ် ဆေးဝါးနှင့် ဓာတ်မတည့်ခြင်းများ၊ သို့မဟုတ် လည်ချောင်းတွင်ရှိသည့် အကျိတ်နှင့် အာသီးရောင်နေသည့်အတွက် နှာခေါင်း သို့မဟုတ် အထက်ပိုင်း လေရှူလမ်းကြောင်း ပိတ်ဆို့နေခြင်းတို့ဖြစ်ပါသည်။

How can bedwetting be helped?

Research has led to new types of treatment. Bedwetting in teenagers and young adults can be more complex than in children. You must talk to a health professional with special training in bladder problems. You should see a doctor, continence physiotherapist or continence nurse advisor. This health professional will review the problem. They will do a physical check and some tests. One test may check how well your urine flows. For this test you pass urine in private into a toilet. Another test can check if your bladder empties out fully. You may also be asked to do a bladder diary at home.

Treatment will depend on what was found in the check-up, but could be:

  • treatment of constipation.
  • treatment of bladder infection.
  • giving medicines to boost how much urine your bladder can hold.
  • giving medicines to cut down how much urine is made through the night.
  • training to control how well the bladder stores and empties urine.
  • use of an alarm that goes off when the bed or underwear becomes wet. This can be useful for teenagers and young adults as well as children even if used before and was not successful. Alarms may be used combined with medicines.
  • use of continence products to protect bedding and skin.
  • use of products to reduce odour and increase comfort during treatment.
  • a mix of some of the above treatments.

အိပ်ရာထဲတွင် ဆီးထွက်ခြင်းကို ပျောက်အောင်လုပ်နိုင်သည့်နည်း ရှိပါသလား။

သုတေသနလုပ်ငန်းများကြောင့် ကုထုံးအသစ်များ တွေ့လာကြပြီဖြစ်ပါသည်။ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များ အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် ကလေးများတွင် ဖြစ်သည်ထက် ပို၍ ရှုပ်ထွေးနိုင်ပါသည်။ သင့်အနေနှင့် ဆီးအိမ်ပြဿနာအတွက် အထူးလေ့ကျင့် သင်ကြားထားသည့် ကျန်းမာရေး ပညာရှင်နှင့် မဖြစ်မနေ တွေ့ရန် လိုအပ်ပါသည်။ သင့်အနေနှင့် ဆရာဝန်၊ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးတို့နှင့် တွေ့သင့်ပါသည်။ ဤကျန်းမာရေးဆိုင်ရာ ပညာရှင်က ပြဿနာကို စစ်ဆေးသုံးသပ်ပါလိမ့်မည်။ သူတို့သည် ကာယပိုင်း စစ်ဆေးချက်နှင့်အတူ အချို့စစ်ဆေးမှုများကို လုပ်ကြပါလိမ့်မည်။ စစ်ဆေးခြင်းတစ်ခုမှာ သင့်ဆီး မည်မျှကောင်းမွန်စွာ ထွက်ခြင်းကို စစ်ခြင်းဖြစ်နိုင်ပါသည်။ ဤစစ်ဆေးချက်မှာ သင့်ကို မိမိဘာသာသီးသီးသန့်သန့် အိမ်သာထဲတွင် ဆီးသွားခိုင်းခြင်း၊ နောက်စစ်ဆေးချက်တစ်ခုမှာ သင့်ဆီးအိမ်မှ ဆီးအကုန် ထွက်၊မထွက် စစ်ခြင်း ဖြစ်သည်။ သင့်ကို အိမ်တွင် ဆီးအိမ်နှင့်ပတ်သက်သည့် နေ့စဉ်မှတ်တမ်း ထားခိုင်းခြင်းလည်း ဖြစ်နိုင်ပါသည်။

ကုသမှုသည် စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်မည်ဖြစ်ပြီး အောက်ဖေါ်ပြပါအချက်များ ဖြစ်နိုင်ပါသည် -

  • ဝမ်းချုပ်ခြင်းကို ကုသခြင်း
  • ဆီးအိမ် ရောဂါပိုးဝင်သည်ကို ကုသခြင်း။
  • သင့်ဆီးအိမ် ဆီးပို၍ ထိန်းနိုင်ရန် ဆေးဝါးများပေးခြင်း။
  • ညဘက်၌ ဆီးထုတ်လုပ်ခြင်းကို လျှော့ချစေရန် ဆေးဝါးများပေးခြင်း။
  • ဆီးအိမ်၌ ဆီး ကောင်းမွန်စွာ သိုလှောင်ထားရန်နှင့် ကောင်းမွန်စွာ စွန့်ထုတ်ရန် ထိန်းသိမ်းနိုင်ရေး အလေ့အကျင့် လုပ်ပေးခြင်း။
  • အိပ်ရာ သို့မဟုတ် အတွင်းခံ ဘောင်းဘီ စိုလာသည်နှင့် အချက်ပေး အသံမြည်သည့် အချက်ပေးကိရိယာကို အသုံးပြုခြင်း။ ၎င်းကို ဆယ်ကျော်သက်များနှင့် အရွယ်ရောက်စ လူငယ်များအတွက်ရော ကလေးများအတွက်ပါ ယခင်က အသုံးပြုခဲ့ပြီး မအောင်မြင်ခဲ့သည့်တိုင် ဤနည်းလမ်းသည် အသုံးဝင်နိုင်ပါသည်။ အချက်ပေးကိရိယာများကို ဆေးဝါးများနှင့်တွဲ၍ အသုံးပြုနိုင်ပါသည်။
  • အိပ်ရာနှင့် မိမိအရေပြားကို အကာအကွယ်ပေးရန် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း။
  • ဆေးကုသနေစဉ်တွင် အနံ့အသက်လျော့နည်းစေပြီး သက်သောင့်သက်သာ ရှိနေစေမည့် အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း။
  • အထက်တွင်ပါရှိသည့် ကုထုံးအချို့ကို ရော၍ အသုံးပြုခြင်းတို့ဖြစ်ပါသည်။

How can you have a better chance of becoming dry?

Treatment can take a few months to work. If you only take the medicines or use the alarm now and then, it may not work at all.

You have a better chance of success by:

  • having your treatment supervised.
  • being ready to make changes.

When bedwetting does not get better, it is not your fault. In this case, you should see a specialist doctor. There are specialist centres that can help people who have been bedwetting for a long time. Contact the National Continence Helpline 1800 33 00 66 to find your nearest specialist centre.

ဆီးထိန်းနိုင်ပြီး သွေ့ခြောက်နေစေရန် သင် မည်သို့ ပို၍ကောင်းသည့် အခွင့်အလမ်းများ ရရှိနိုင်မည်နည်း။

ကုသမှု အာနိသင်ရှိလာရန် လအနည်းငယ် ကြာနိုင်ပါသည်။ အကယ်၍ သင်သည် ဆေးဝါး သို့မဟုတ် အချက်ပေးကိရိယာကို မသုံးတစ်လှည့်၊ သုံးတစ်လှည့် လုပ်မည်ဆိုပါက ၎င်းသည် အာနိသင် လုံးဝ ရှိမည်မဟုတ်ပါ။

သင့်အနေနှင့် အောက်ပါတို့ကို လုပ်ခြင်းအားဖြင့် ပိုမိုအောင်မြင်နိုင်စေမည့် အခွင့်အလမ်း ရှိပါသည် -

  • သင့်ကုသခြင်း၏ ကြီးကြပ်မှုကို ခံယူခြင်း။
  • ပြောင်းလဲမှုများလုပ်ရန်အတွက် အသင့်ပြင်ထားခြင်း။

အကယ်၍ အိပ်ရာထဲတွင် ဆီးထွက်ခြင်းသည် မသက်သာခဲ့ပါက ၎င်းမှာ သင့်အပြစ်မဟုတ်ပါ။ ဤအခြေအနေတွင် သင်သည် အထူးကု ဆရာဝန်နှင့် တွေ့သင့်ပါသည်။ အိပ်ရာထဲတွင် ဆီးထွက်ခြင်းဒဏ်ခံရမှု ကြာမြင့်နေပြီဖြစ်သူများကို ကူညီပေးနိုင်သည့် အထူးကုဆေးခန်းများ ရှိနေပါသည်။ သင်နှင့်အနီးဆုံး အထူးကုဆေးခန်းကို ရှာဖွေရန် National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီးဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) 1800 33 00 66 ကို ဆက်သွယ်ပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020