The prostate is a gland that only men have. It is about the size of a walnut and sits below the neck of the bladder. It wraps around the urethra (urine tube). The prostate makes a milky fluid, which is part of semen. This fluid feeds the sperm. It is normal for the prostate gland to get bigger as men get older. For some men this can cause bladder problems. The changes to the prostate gland happen over many years. Poor bladder control can also happen due to other health issues. Men with poor bladder control can be upset and embarrassed by it. Talk to your doctor or continence nurse advisor if you have changes in your bladder control. You should also talk to your doctor about any concerns you have about your prostate gland. | ဆီးကျိတ်ဆိုသည်မှာ အမျိုးသားများ၌သာရှိသည့် အကျိတ်အဖု ဖြစ်ပါသည်။ ၎င်းသည် သစ်ကြားသီးအရွယ်ခန့်ရှိပြီး ဆီးအိမ်၏ လည်တံအောက်တွင် ရှိပါသည်။ ထို့အပြင် ဆီးပြွန် ပတ်လည်ကို ရစ်ပတ်ထားပါသည်။ ဆီးကျိတ်သည် သုတ်ရည်၏ အစိတ်အပိုင်းဖြစ်သည့် နို့နှစ်ကဲ့သို့ အရည်များကို ထုတ်ပေးပါသည်။ ဤအရည်သည် သုတ်ကောင်များအတွက် အစာဖြစ်ပါသည်။ အမျိုးသားများ အသက်အရွယ်ကြီးလာကြသည်နှင့်အမျှ ဆီးကျိတ်ကြီးလာခြင်းသည် သဘာဝဖြစ်ပါသည်။ အချို့အမျိုးသားများအတွက် ၎င်းသည် ဆီးအိမ်နှင့်ဆိုင်ရာ ပြဿနာများ ဖြစ်လာစေနိုင်ပါသည်။ ဆီးကျိတ်သည် အပြောင်းအလဲဖြစ်ရန် နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ဖြစ်ပါသည်။ ဆီးထိန်းနိုင်မှု မကောင်းခြင်းသည် အခြား ကျန်းမာရေးနှင့်ဆိုင်သည့် ကိစ္စရပ်များကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဆီးထိန်းနိုင်မှု မကောင်းသည့် အမျိုးသားများသည် ၎င်းနှင့်ပတ်သက်၍ စိတ်ညစ်ကြသည်။ ရှက်ကြသည်။ သင့်ထံ၌ ဆီးထိန်းနိုင်မှုတွင် အပြောင်းအလဲရှိခဲ့လျှင် သင့်ဆရာဝန် သို့မဟုတ် ဆီးထိန်းနိုင်ခြင်းဆိုင်ရာ သူနာပြုအကြံပေးနှင့်တွေ့ပြီး ဆွေးနွေးပါ။ သင်သည် သင့်ဆီးကျိတ်နှင့်ပတ်သက်ပြီး စိတ်ပူပန်စရာများ ရှိခဲ့လျှင်လည်း သင့်ဆရာဝန်ကို ပြောပြသင့်ပါသည်။ |
What are some common prostate problems?
Talk to your doctor if you have any pain or discomfort when you empty your bladder. | ဖစ်လေ့ဖြစ်ထရှိသော ဆီးကျိတ်ဆိုင်ရာ ပြဿနာများကား အဘယ်နည်း။
အကယ်၍ သင်ဆီးသွားသည့်အခါ နာကျင်လျှင် သို့မဟုတ် သက်သောင့်သက်သာမရှိဖြစ်နေလျှင် သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ |
How do I know if i have a prostate problem?If you have one or more of the following symptoms, you may have a prostate problem:
Some of these problems may not be due to the prostate. Some medicines may also cause the bladder to store up urine. Your doctor or continence nurse advisor can help you find the cause of your problem. | ကျွန်ုပ်တွင် ဆီးကျိတ် ပြဿနာရှိမှန်း ကျွန်ုပ်မည်သို့ သိနိုင်မည်နည်း။အကယ်၍ သင့်ထံ၌ အောက်ဖေါ်ပြပါ ရောဂါလက္ခဏာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီးရှိနေလျှင် သင့်ထံ၌ ဆီးကျိတ်ပြဿနာရှိနိုင်ပါသည် -
ဤပြဿနာများထဲမှ အချို့သည် ဆီးကျိတ်ကြောင့် ဖြစ်ရခြင်း မဟုတ်နိုင်ပါ။ အချို့ဆေးဝါးများသည်လည်း ဆီးအိမ်ကို ဆီး သိုလှောင်ထားစေနိုင်ပါသည်။ သင့်ဆရာဝန် သို့မဟုတ် ဆီးထိန်းနိုင်ခြင်းဆိုင်ရာ သူနာပြုအကြံပေးတို့က သင့် ပြဿနာဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေရန် အကူအညီပေးနိုင်ပါလိမ့်မည်။ |
How can my prostate cause bladder problemsNarrowing of the urethra (urine tube) As the prostate grows larger, it may press on to the urethra. This can stop the bladder from emptying. Urine may get stored up until it starts to leak out. If this happens, see a doctor straight away. An overactive bladder and urgency This can be caused if the bladder has to work extra hard to push the urine through a very narrow urethra. An enlarged prostate restricts the size of the urethra. An overactive bladder can tighten without your control. This can cause an urgent need to pass urine. Surgery After surgery to ease the narrowing of the urethra you may still feel an urgent need to pass urine. Urgency could get worse until the bladder goes back to normal. This can take a few weeks. Surgery for prostate problems could damage the muscles and nerves of the urethra. This can cause poor bladder control. These problems are almost always short-lived. However, major surgery for prostate cancer can lead to long term bladder control problems. | ကျွန်ုပ်၏ ဆီးကျိတ်က ဆီးအိမ် ပြဿနာများကို မည်သို့ဖြစ်စေနိုင်မည်နည်း။ဆီးပြွန် ကျဉ်းမြောင်းသွားခြင်း ဆီးကျိတ်ကြီးလာသည်နှင့်အမျှ ၎င်းက ဆီးပြွန်ကို ဖိလာနိုင်ပါသည်။ ၎င်းသည် ဆီးအိမ်မှ ဆီးထွက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်ပါသည်။ ဆီး စပြီး ထွက်ကျလာသည့်အထိ ဆီးအိမ်ထဲတွင် ဆီးရည်များ စုလာပါလိမ့်မည်။ အကယ်၍ ဤသို့ဖြစ်လာပါက ဆရာဝန်တစ်ဦးနှင့် ချက်ခြင်းတွေ့ပါ။ ပုံမှန်ထက် ပိုအလုပ်လုပ်သည့် ဆီးအိမ်နှင့် ဆီးသွားလိုစိတ် အရေးတကြီး ဖြစ်လာခြင်း အကယ်၍ အလွန်ကျဉ်းမြောင်းသည့် ဆီးပြွန်ထဲမှ ဆီးဖြတ်ဆင်းသွားနိုင်ရန်အတွက် ဆီးအိမ်သည် အလွန်အားစိုက်ပြီး တွန်းရလျှင် ဤကဲ့သို့ ဖြစ်လာနိုင်ပါသည်။ ကြီးနေသည့် ဆီးကျိတ်သည် ဆီးပြွန်၏ အရွယ်အစားကို ကျဉ်းမြောင်းစေပါသည်။ ပုံမှန်ထက် ပိုအလုပ်လုပ်သည့် ဆီးကျိတ်သည် သင်၏ ထိန်းချုပ်မှုမပါဘဲ တင်းလာနိုင်သည်။ ဤသို့ဆိုလျှင် ဆီးအမြန်သွားရန် လိုအပ်ခြင်း ဖြစ်လာနိုင်ပါသည်။ ခွဲစိတ်ကုသမှု ဆီးပြွန်ကျဉ်းမြောင်းခြင်းကို သက်သာစေရန် ခွဲစိတ်ကုသပြီးနောက်ပိုင်းတွင် သင် ဆီးအမြန်သွားလိုစိတ် ဆက်လက်ရှိနေနိုင်ပါသည်။ ဆီးအိမ်သည် ပုံမှန်ပြန်ဖြစ်မလာသည့်အထိ ဆီးအမြန်သွားလိုစိတ်မှာ ပိုဆိုးလာနိုင်ပါသည်။ ၎င်းသည် ရက်သတ္တပါတ် အနည်းငယ် ကြာနိုင်ပါသည်။ ဆီးကျိတ်ပြဿနာများအတွက် ခွဲစိတ်ကုသမှုသည် ဆီးပြွန်၏ ကြွက်သားများနှင့် အာရုံကြောများကို ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ဆီးအိမ်ထိန်းနိုင်မှု အားနည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ဤပြဿနာများသည် ကာလ ခဏကြာနီးပါးအတွက်သာ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဆီးကျိတ်ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသမှုသည် ရေရှည်တွင် ဆီးအိမ် မထိန်းနိုင်မှု ပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။ |
How can poor bladder control be treated?Your doctor or continence nurse advisor will look to find the cause of your poor bladder control. The treatment for your problem will depend on its cause. The health professional will check for such things as prostate disease, infection and diabetes. They will also want to know what medicines you are taking. Some medicines can cause bladder problems. There are a few different ways poor bladder control can be treated.
Make sure you know enough about:
| ဆီးထိန်းနိုင်မှု အားနည်းခြင်းကို မည်ကဲ့သို့ကုသမည်နည်း။သင့်ဆရာဝန် သို့မဟုတ် ဆီးထိန်းနိုင်ခြင်းဆိုင်ရာ သူနာပြုအကြံပေးတို့က သင့်ထံ၌ ဆီးထိန်းနိုင်မှု အားနည်းရခြင်း အကြောင်းရင်းကို စူးစမ်းပြီးအဖြေရှာပါလိမ့်မည်။ သင့် ပြဿနာအတွက် ကုသမှုသည် မည်သည့်အတွက်ကြောင့် ဤသို့ ဖြစ်ရသည် ဆိုသည့်အပေါ် မူတည်ပါလိမ့်မည်။ ကျန်းမာရေး ပညာရှင်က ဆီးကျိတ်ဆိုင်ရာရောဂါ၊ ရောဂါပိုးဝင်မှုနှင့် ဆီးချို စသည့်အချက်များကို စစ်ဆေးပါလိမ့်မည်။ သူတို့က သင် မည်သည့်ဆေးဝါးများ မှီဝဲနေကြောင်းကိုလည်း သိလိုကြပါလိမ့်မည်။ အချို့သောဆေးဝါးများသည် ဆီးအိမ်နှင့်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ ဆီးထိန်းနိုင်မှု အားနည်းခြင်းကို ကုသပေးနိုင်သည့် နည်းလမ်းအချို့ ရှိပါသည်။
သင် ဖေါ်ပြပါအချက်များကို သိသင့်သလောက် သိအောင် လုပ်ထားရန် သေချာပါစေ -
|
Seek helpYou are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse. Phone expert advisors on the National Continence Helpline for free:
1800 33 00 66 * (8am - 8pm Monday to Friday AEST) * Calls from mobile telephones are charged at applicable rates. To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages For more information:
* Calls from mobiles are charged at applicable rates. | အကူအညီ ရယူပါသင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။ National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။
1800 33 00 66 * (တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်) TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။
* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။ |