Browse and download our factsheets in Burmese

Many women leak urine or wet themselves when they cough, sneeze or exercise. This urine leaking is called stress incontinence. There are many treatments to try first. But some women need to have surgery for this problem.အမျိုးသမီးများစွာသည် ချောင်းဆိုးသည့်အခါ၊ နှာချေသည့်အခါ၊ သို့မဟုတ် လေ့ကျင့်ခန်းလုပ်သည့်အခါ၌ ဆီးထွက်ကြပါသည်။ ဤသို့ ဆီးထွက်ခြင်းကို အားစိုက်မှုကြောင့် ဆီးမထိန်းနိုင်ခြင်းဟု ခေါ်ပါသည်။ ပထမ စမ်းပြီး လုပ်ဆောင်နိုင်သည့် ကုသမှုများစွာရှိပါသည်။ သို့သော် အချို့အမျိုးသမီးများမှာ ဤပြဿနာအတွက် ခွဲစိတ်ကုသမှု လိုအပ်ပါသည်။

What causes bladder control problems?

Bladder control problems are mainly caused by damage to:

  • pelvic floor muscles.
  • the tissues that support the pelvic floor muscles.

The floor of the pelvis is made up of layers of muscle and other tissues. These layers stretch like a hammock. They go from the tailbone at the back to the pubic bone at the front. The muscles and tissues support the bladder, uterus (womb) and colon (bowel). The urethra (urine tube), vagina and the rectum (back passage) all pass through the pelvic floor muscles.

The pelvic floor muscles do a number of things. They help to:

  • lift the bladder.
  • squeeze around the vagina and the rectum (back passage).
  • help to hold the bladder, the uterus (womb) and bowel (colon) in their proper place.

Bladder control problems can start when the pelvic floor muscles are made weaker by:

  • not keeping them active.
  • being pregnant.
  • having babies.
  • growing older.

When the pelvic floor muscles have to support heavy loads they may not be strong enough.

Heavy loads press down on the pelvic floor muscles when you:

  • are pregnant.
  • are overweight.
  • push and strain to use your bowels if you are constipated.
  • carry heavy weights.
  • have a cough that goes on for a long time such as with asthma, bronchitis or a chronic cough.

For more information, see the brochure ‘One in Three Women Who Ever Had a Baby Wet Themselves’.

ဆီး မထိန်းနိုင်မှု ပြဿနာတွေ အဘယ်ကြောင့်ဖြစ်ရသနည်း။

ဆီး မထိန်းနိုင်မှု ပြဿနာများသည် အဓိကအားဖြင့် အောက်ဖေါ်ပြပါနေရာများတွင် ထိခိုက်ပျက်စီးမှု ရှိနေခြင်းကြောင့် ဖြစ်ပါသည် -

  • တင်ပါးဆုံခွက်ကြွက်သားများ
  • တင်ပါးဆုံခွက်ကြွက်သားများကို ပင့်၍ထိန်းပေးနေသည့် အသားမျှင်များ

တင်ပါးဆုံခွက်သည် ကြွက်သားအထပ်ထပ်နှင့် အခြားအသားမျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ဤအထပ်အလွှာများက ပုခက်အလား ဆန့်တန်းနေပါသည်။ သူတို့သည် အနောက်ဖက်၌ရှိသော မြီးညှောင့်ရိုးမှ အရှေ့ဖက်၌ရှိသည့် ဆီးခုံအထိရှိနေပါသည်။ ဤကြွက်သားများနှင့် အသားမျှင်များသည် ဆီးအိမ်၊ သားအိမ်နှင့် အူမကြီးတို့ကို ပင့်ပြီးထိန်းထားပါသည်။ ဆီးပြွန်၊ သားအိမ်လမ်းကြောင်းနှင့် စအိုတို့အားလုံးသည် တင်ပါးဆုံခွက်ကြွက်သားများကို ဖြတ်သန်းသွားကြပါသည်။

တင်ပါးဆုံခွက်ကြွက်သားများသည် အလုပ်အတော်များများလုပ်ဆောင်ကြပါသည်။ သူတို့သည် အောက်ပါကိစ္စများတွင် ပံ့ပိုးပေးပါသည် -

  • ဆီးအိမ်ကို ပင့်ပေးထားသည်။
  • သားအိမ်လမ်းကြောင်းနှင့် စအိုတို့ကို ပတ်ပတ်လည်မှ ထိန်းညှစ်ပေးထားသည်။
  • ဆီးအိမ်၊ သားအိမ်လမ်းကြောင်းနှင့် အူများ၊ ၎င်းတို့အားလုံးကို နေရာတကျထိန်းထားနိုင်ရန် အထောက်အကူပြုသည်။

ဆီး မထိန်းနိုင်မှု ပြဿနာများသည် အောက်ဖေါ်ပြပါအကြောင်းများကြောင့် တင်ပါးဆုံခွက်ကြွက်သားများ အားပျော့လာသည်အခါတွင် စတင်ဖြစ်နိုင်ပါသည် -

  • သူတို့ကို လှုပ်လှုပ်ရှားရှား မလုပ်ဘဲ ထားသည့်အခါ
  • ကိုယ်ဝန်ဆောင်သည့်အခါ
  • ကလေးမွေးသည့်အခါ
  • အသက်ကြီးလာသည့်အခါ တို့ဖြစ်ပါသည်။

တင်ပါးဆုံခွက်ကြွက်သားများသည် လေးလံသည့် ဝန်ထုပ်ဝန်ပိုးများ ပင့်မ ရသည့်အခါတွင် ၎င်းတို့၌ ခွန်အား အလုံအလောက် ရှိချင်မှ ရှိနိုင်မည်။

သင့်ထံ၌ အောက်ဖေါ်ပြပါအကြောင်းအရာ တစ်ခုခုဖြစ်နေလျှင် တင်ပါးဆုံခွက်ကြွက်သားများအပေါ်သို့ အလေးအပင်များ ပိနေပါလိမ့်မည် -

  • သင် ကိုယ်ဝန်ရှိနေလျှင်
  • သင် ခန္ဓာကိုယ်အလေးချိန် လိုအပ်သည်ထက် ပိုရှိနေလျှင်
  • အကယ်၍ သင် ဝမ်းချုပ်နေသည့်အတွက် ဝမ်းသွားရန် အားစိုက်ညှစ်လျှင်၊
  • လေးလံသည့် ပစ္စည်းများ သယ်ဆောင်လျှင်
  • ရင်ကျပ်ပန်းနာ၊ အဆုတ်လေပြွန်ရောင်ရောဂါ သို့မဟုတ် ချောင်းအလွန်အမင်းဆိုးခြင်းတို့လိုမျိုး အချိန်ကြာမြင့်စွာ ချောင်းဆိုးနေလျှင်၊ တို့ဖြစ်ပါသည်။

အချက်အလက်များကို ပိုမိုသိလိုပါက ‘ကလေးမွေးဘူးသော အမျိုးသမီး သုံးဦးလျှင် ၁ ဦးသည် ဆီးမထိန်းနိုင်ဘဲ ထွက်ကျကြသည်’ ဟူသောစာစောင်ကို ဖတ်ပါ။

How can bladder control problems be treated?

Better bladder control happens when pelvic floor muscles get stronger. They get stronger by pelvic floor muscle training. The brochure ‘Pelvic Floor Muscle Training for Women’ tells you how. Your continence physiotherapist or continence nurse advisor can also help.

ဆီး မထိန်းနိုင်မှု ပြဿနာများကို မည်သို့ကုသမည်နည်း။

တင်ပါးဆုံခွက်ကြွက်သားများ အားကောင်းလာသည်နှင့်အမျှ ဆီးထိန်းနိုင်မှု ပိုကောင်းလာပါသည်။ ၎င်းတို့သည် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းများလုပ်ခြင်းအားဖြင့် ပိုပြီး အားကောင်းလာပါသည်။ သင် မည်သို့လုပ်ရမည်ဆိုသည်ကို ‘အမျိုးသမီးများအတွက် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းများ’ စာစောင်၌ ဖေါ်ပြထားပါသည်။ သင်၏ ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးတို့ကလည်း အကူအညီပေးနိုင်ပါသည်။

When is surgery needed?

Pelvic floor muscle training alone sometimes does not help improve bladder control. Leaking urine can make it hard to cope with day to day life. In cases like this, surgery may be needed.

Surgery should never be a first choice

All surgery has risks. You must discuss these risks with your surgeon.

မည်သည့်အချိန်၌ ခွဲစိတ်ကုသမှု လိုအပ်သနည်း။

သင်၏ ဆီး မထိန်းနိုင်မှုကို တစ်ခါတစ်ရံတွင် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းတစ်ခုတည်းနှင့် မတိုးတက်လာစေနိုင်ပါ။ ဆီးထွက်ကျခြင်းသည် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကို လုပ်ရာတွင် နိုင်နင်းမှုရှိရန် ခက်ခဲစေပါသည်။ ဤကဲ့သို့အခြေအနေမျိုးများတွင် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါသည်။

ခွဲစိတ်ကုသမှုသည် မည်သည့်အခါမှ အကောင်းဆုံးရွေးချယ်မှု မဖြစ်သင့်ပါ။

ခွဲစိတ်ကုသမှုအားလုံးသည် အန္တရာယ်နှင့် မကင်းပါ။ ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များအကြောင်း သင့် ခွဲစိတ်ပါရဂူနှင့် မဖြစ်မနေ ဆွေးနွေးရပါမည်။

What is the most common surgery?

If the urethra (urine tube) is not supported properly, this can cause poor bladder control. There are now ways to place synthetic tapes inside to support the urethra when this is the cause of poor bladder control. This type of surgery can be done under general or local anaesthetic. It is most often only day surgery.

ပြုလုပ်လေ့အရှိဆုံး ခွဲစိတ်ကုသနည်းမှာ အဘယ်နည်း။

အကယ်၍ ဆီးပြွန်ကို ကောင်းမွန်စွာ ထောက်ပင့်ပေး မထားလျှင် ဆီးအိမ်ထိန်းနိုင်မှုကို အားပျော့စေပါသည်။ အကယ်၍ ဆီးအိမ်ထိန်းနိုင်မှု မကောင်းခြင်းသည် ၎င်းကြောင့်ဖြစ်ရပါက ယခုအခါ ဆီးပြွန်ထဲတွင် တိတ်ပြားအတုများ ခံပေးနိုင်သည့်နည်းလမ်းများ ရှိနေပါသည်။ ဤခွဲစိတ်ကုသမှုမျိုးကို ထုံဆေး သို့မဟုတ် မေ့ဆေးနှင့်ပြုလုပ်နိုင်ပါသည်။ ၎င်းသည် များသောအားဖြင့် နေ့တွင်းခြင်း ဆေးရုံကဆင်းနိုင်သည့် ခွဲစိတ်ကုသမှုမျိုးသာ ဖြစ်ပါသည်။

What are some other options?

The Burch colposuspension is another option. This surgery uses stitches inside. The stitches form a sling under the bladder neck. This can be done using open or key-hole surgery.

There are some agents in gel form that can be injected. These can be put into and around the bladder neck. This plumps out the bladder neck so it closes better. These gels do not work as well or last as long as the other surgeries. But they are simple and less likely to cause problems. Again, you should discuss the risks of surgery with your surgeon.

အခြား ရွေးချယ်စရာနည်းလမ်း မည်သည်တို့ရှိသနည်း။

Burch colposuspension နည်းလမ်းသည် အခြားရွေးချယ်နိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ဤခွဲစိတ်ကုသမှုတွင် ချုပ်ရိုးများကို ခန္ဓာကိုယ်ထဲ၌ ချုပ်ပေးပါသည်။ ချုပ်ရိုးများသည် ဆီးအိမ်လည်တံ၏ အောက်၌ သိုင်းကြိုးသဖွယ် ဖြစ်နေပါသည်။ ဤခွဲစိတ်ကုသမှုကို အဖွင့်ခွဲစိတ်ကုသနည်း သို့မဟုတ် သော့ပေါက် ခွဲစိတ်ကုသနည်းဖြင့် ပြုလုပ်နိုင်ပါသည်။

ဆေးထိုးပေးနိုင်သည့် အဆီပျစ်ပျစ်ပုံစံ ဆေးတစ်ချို့ရှိပါသည်။ ၎င်းတို့ကို ဆီးအိမ်လည်တံအထဲ၌နှင့် ပတ်ပတ်လည်၌ ထိုးပေးနိုင်ပါသည်။ ၎င်းသည် ဆီးအိမ်လည်တံကို ကောင်းစွာပိတ်နိုင်စေရန် ပြည့်မောက်လာစေပါသည်။ ဤအဆီပျစ်ပျစ်ဆေးများသည် အခြားခွဲစိတ်ကုသမှုများလောက် ထက်မြက်မှုမရှိပါ၊ သို့မဟုတ် ကြာကြာမခံပါ။ သို့သော် ဤဆေးများသည် လွယ်ကူပြီး ပြဿနာဖြစ်နိုင်ခြေ နည်းကြပါသည်။ ဤနည်းတွင်လည်း ခွဲစိတ်မှု၏ အန္တရာယ်များနှင့်ပတ်သက်ပြီး သင့်ခွဲစိတ်ပါရဂူနှင့် ဆွေးနွေးသင့်ပါသည်။

What should you ask your surgeon?

Talk with your surgeon before you agree to have surgery. Make a list of questions that you want to ask. You might ask:

  • why this type of surgery has been chosen for you?
  • how well it will work?
  • about the details of the surgery.

ခွဲစိတ်ပါရဂူကို သင် မည်သည့်အကြောင်းများကို မေးသင့်သနည်း။

သင် ခွဲစိတ်ကုသမှုအတွက် သဘောမတူမီ ခွဲစိတ်ပါရဂူနှင့် ဆွေးနွေးပါ။ သင်မေးမြန်းလိုသည့် မေးခွန်းများကို စာရင်းပြုလုပ်ထားပါ။ သင် မေးနိုင်သည့် မေးခွန်းများမှာ -

  • သင့်အတွက် ဤခွဲစိတ်ကုသနည်းကို အဘယ်ကြောင့် ရွေးချယ်ရသနည်း။
  • ဤခွဲစိတ်ကုသနည်းက မည်မျှကောင်းစေမည်နည်း။
  • ခွဲစိတ်ကုသမှုနှင့်ဆိုင်သည့် အသေးစိတ် အချက်အလက်များဖြစ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။ <?

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020