Browse and download our factsheets in Burmese

What is a vaginal (or pelvic organ) prolapse?

Your pelvic organs are your bladder, uterus (womb), large bowel and rectum (back passage). These organs are held in place by support tissues called ‘fascia’ and ‘ligaments’. These support tissues help to join your pelvic organs to the bony side walls of the pelvis. They hold the organs up inside your pelvis. These support tissues can be torn or stretched. Your pelvic floor muscles support your pelvic organs from below. If your pelvic floor muscles are also weak, they may not give your pelvic organs proper support. Without strong support, pelvic organs may bulge down into the vagina (birth canal).

သားအိမ်လမ်းကြောင်း (သို့မဟုတ် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း) လျှောကျမှုဆိုသည်၌ အဘယ်နည်း။

သင်၏ တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် သင်၏ ဆီးအိမ်၊ သားအိမ်၊ အူမကြီးနှင့် စအိုဝ (နောက်ဖေးပေါက်လမ်းကြောင်း) တို့ဖြစ်ပါသည်။ ဤကိုယ်အင်္ဂါအစိတ်အပိုင်းများကို သူ့နေရာနှင့်သူ ရှိနေစေရန် fascia (အရွတ်မြှေး) နှင့် ligaments (အရွတ်များ) ဟုခေါ်သည့် အသားမျှင်များက ဖေးမထောက်ပင့်ပေးထားပါသည်။ ထောက်ပင့်ပေးသည့် ဤအသားမျှင်များသည် သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများ တင်ပါးဆုံ၏ အရိုးများသည့် ဘေးနံရံများသို့ ကပ်တွယ်နေစေရန် အထောက်အကူပြုပေးပါသည်။ ၎င်းတို့က တင်ပါးဆုံအတွင်းထဲ၌ သင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပင့်တင်ပေးထားပါသည်။ ထောက်ပင့်ပေးသည့် ဤအသားမျှင်များသည် စုတ်ပြဲသွားနိုင်ပါသည် သို့မဟုတ် ဆန့်ကားသွားနိုင်ပါသည်။ သင့် တင်ပါးဆုံခွက်ကြွက်သားများက သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အောက်မှနေ၍ ထောက်ပင့်ပေးထားပါသည်။ အကယ်၍ သင့် တင်ပါးဆုံခွက်ကြွက်သားများသည်လည်း အားလျော့နည်းနေလျှင် သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများအား ကျကျနန ထောက်ပင့်ပေးနိုင်တော့မည် မဟုတ်ပါ။ အားကောင်းသည့် အထောက်အပံ့ မရှိသည့်အခါ၌၊ တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် သားအိမ်လမ်းကြောင်း (ကလေးမွေး ပြွန်ချောင်း) အထဲသို့ စူထွက် ကျဆင်းလာနိုင်ဖွယ်ရှိပါသည်။

What are the signs of prolapse?

There are a few signs that you may have a prolapse. These depend on the type of prolapse and how much pelvic organ support has been lost. Early on, you may not know you have a prolapse. Your doctor or nurse might see your prolapse when you have your routine Pap test.

When a prolapse sags down, you may notice things such as:

  • a heavy feeling or dragging in the vagina.
  • something ‘coming down’ or a lump in the vagina.
  • a lump bulging out of your vagina. You see or feel it when you are in the shower or bath.
  • sexual problems such as pain or less feeling.
  • your bladder might not empty as it should.
  • your urine stream might be weak.
  • urinary tract infections might keep coming back.
  • it might be hard for you to empty your bowel.

These signs may be worse at the end of the day and you may feel better after lying down. If the prolapse bulges right outside your body, you may feel sore and bleed as it rubs on your underwear.

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု၏ ရောဂါလက္ခဏာများကား အဘယ်နည်း။

သင့်၌ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု ရှိကောင်းရှိနိုင်သည့် ရောဂါလက္ခဏာများအချို့ရှိပါသည်။ ၎င်းတို့သည် လျှောကျမှုအမျိုးအစားနှင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း ထောက်ပံ့မှုအင်အား မည်မျှဆုတ်ယုတ်သွားသည့်အပေါ် မူတည်ပါသည်။ အစောပိုင်းကာလတွင် သင့်၌ လျှောကျမှုဖြစ်နေခြင်းကို သင် သိချင်မှသိပါမည်။ သင့်၌ သားအိမ်လည်တံ ကင်ဆာရှိ၊ မရှိကို ပုံမှန် စစ်ဆေးသည့်အခါတွင် သင့်၌ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျနေသည်ကို သင့်ဆရာဝန် သို့မဟုတ် သူနာပြုက တွေ့မြင်ကောင်း တွေ့မြင်နိုင်ပါသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း ညွတ်ကျလာလျှင်၊ အောက်ပါကဲ့သို့သော အကြောင်းအရာများကို သင်သတိပြုလာနိုင်ဖွယ်ရှိပါသည်။

  • သားအိမ်လမ်းကြောင်းထဲ၌ လေးလံနေသည် သို့မဟုတ် လေးလံစွာ တရွတ်တိုက်ဆွဲနေသည်ဟု ခံစားရမည်။
  • သားအိမ်လမ်းကြောင်းထဲ၌ အရာတစ်ခုခု ကျဆင်းလာနေသည် သို့မဟုတ် အတုံးအခဲတစ်ခုရှိနေသည်ဟု ခံစားရမည်။
  • သားအိမ်လမ်းကြောင်းထဲမှ အတုံးအခဲတစ်ခု ပြူထွက်နေမည်။ သင် ရေချိုးသည့်အခါ၌ သို့မဟုတ် ရေအင်တုံထဲ ရှိနေသည့်အခါ၌ မြင်ရမည်၊ သို့မဟုတ် ဖြစ်နေသည်ဟု ခံစားရမည်။
  • နာကျင်မှု သို့မဟုတ် ခံစားမှု လျော့နည်းနေခြင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာ ပြဿနာများရှိမည်။
  • သင့်ဆီး သွားသင့်သလောက် အကုန်အစင်မသွား ဖြစ်နေမည်။
  • သင့် ဆီးရည် စီးဆင်းမှု၌ အားမရှိ ဖြစ်နေမည်။
  • ဆီးပြွန်လမ်းကြောင်း ရောဂါပိုးဝင်ခြင်း မကြာခဏ ပြန်ဖြစ်နေမည်။
  • ဝမ်း အကုန်အစင်သွားရန် သင့်အတွက် ခက်ခဲနေမည်။

ဤရောဂါလက္ခဏာများသည် တစ်နေ့တာ ကုန်ဆုံးတော့မည့်အချိန်၌ ပိုဆိုးကောင်း ပိုဆိုးနိုင်ပြီး သင် လဲလျောင်းလိုက်သည့်အခါ၌ နေရထိုင်ရ ပိုကောင်းလာနိုင်သည်။ အကယ်၍ အရာတစ်ခုခုသည် သင့်ကိုယ်ခန္ဓာအပြင်ဖက်သို့ လုံးဝပြူပြီး ထွက်လာလျှင်၊ ၎င်းသည် သင့်အတွင်းခံ အဝတ်အစားနှင့် ပွတ်တိုက်နေသည်နှင့်အမျှ၊ နာကျင်နိုင်ပြီး သွေးလည်းထွက်နိုင်ပါသည်။

What causes prolapse?

The pelvic organs are held up inside the pelvis by strong healthy support tissues. The pelvic floor muscles also provide support from below providing a firm muscle sling. Working together they keep the bladder, uterus and bowel in place within the pelvis. Prolapse can happen if the support tissues or the pelvic floor muscles are damaged or weak.

Childbirth is the main cause of prolapse. The baby can stretch or tear the support tissues on its way down the birth canal. The baby can also stretch and tear the pelvic floor muscles at birth. The more vaginal births you have, the more likely you are to have a prolapse.

Pelvic Floor Muscle

မည်သည်တို့က ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို ဖြစ်စေသနည်း။

တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို တင်ပါးဆုံ အထဲ၌ ကောင်းမွန်ပြီး အားရှိသည့် အသားမျှင်များက ပင့်တင်ပေးထားပါသည်။ တင်ပါးဆုံခွက်ကြွက်သားများသည်လည်း အောက်မှ ပံ့ပိုးပေးထားပြီး ခိုင်ခန့်သည့် ကြွက်သားသိုင်းကြိုးပမာ ထောက်ပင့်ပေးထားပါသည်။ အသားမျှင်များနှင့် ကြွက်သားများ အလုပ်အတူတူလုပ်ပြီး ဤနှစ်ခုသည် ဆီးအိမ်၊ သားအိမ်နှင့် အူသိမ်တို့ကို တင်ပါးဆုံအတွင်းထဲ၌ နေသားတကျရှိနေစေပါသည်။ အကယ်၍ ထောက်ပင့်ပေးသည့် အသားမျှင်များ သို့မဟုတ် တင်ပါးဆုံခွက်ကြွက်သားများ ပျက်စီးသွားလျှင် သို့မဟုတ် အားနည်းသွားလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုဖြစ်နိုင်ပါသည်။

မီးဖွားခြင်းသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု၏ အဓိကအကြောင်းခံဖြစ်ပါသည်။ ကလေးသည် မွေးလမ်းကြောင်းတစ်လျှောက် ဆင်းသက်လာသည့်အခါ၌ ထောက်ပင့်ပေးထားသည့် အသားမျှင်များကို ဆန့်ကျယ်သွားစေနိုင်ပါသည် သို့မဟုတ် စုတ်ပြတ်သွားစေနိုင်ပါသည်။ ကလေးသည် မီးဖွားချိန်၌လည်း တင်ပါးဆုံခွက်ကြွက်သားများကို ဆန့်ကျယ်သွားစေနိုင်ပြီး စုတ်ပြဲသွားစေနိုင်ပါသည်။ သင် သားအိမ်မွေးလမ်းကြောင်းအရ မီးဖွားမှု များလေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုဖြစ်ရန် များလေဖြစ်ပါသည်။

Pelvic Floor Muscle

There are other things that press down onto the pelvic organs and the pelvic floor muscles that can lead to prolapse:

  • have a cough that goes on for a long time such as with asthma, bronchitis or a chronic cough.
  • heavy lifting.
  • constipation with straining to empty the bowel.

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို ဖြစ်ပေါ်လာနိုင်စေရန် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တင်ပါးဆုံခွက်ကြွက်သားများအပေါ် ဖိသည့် အခြားအရာများလည်းရှိပါသေးသည်။

  • ပန်းနာ၊ အဆုတ်ပြွန် ရောင်ရမ်းရောဂါ သို့မဟုတ် နာတာရှည် ချောင်းဆိုးနာများကဲ့သို့ အချိန်ကာလ ကြာမြင့်စွာအတွက် ချောင်းဆိုးနေခြင်း၊
  • လေးလံသည့် ဝန်ကို ပင့်မ,ခြင်း၊
  • ဝမ်းချုပ်ပြီးနောက် ဝမ်းသွားရန် အားစိုက် ညှစ်ခြင်းတို့ဖြစ်ပါသည်။

Types of prolapse

Pelvic organs may bulge into the vagina:

  • through the front wall of the vagina which is called a cystocele.
  • through the back wall of the vagina which is called a rectocele.
  • from the top of the vagina which is called an enterocele.
  • the uterus may drop down into the vagina (uterine prolapse).
  • more than one organ may bulge into the vagina.

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု အမျိုးအစားများ

တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် သားအိမ်လမ်းကြောင်း အထဲသို့ စူထွက် ကျဆင်းလာနိုင်ဖွယ်ရှိပုံများမှာ -

  • cystocele ဟုခေါ်သည့် သားအိမ်လမ်းကြောင်း ရှေ့ဘက်နံရံမှ ထွက်သည့်ပုံစံ၊
  • rectocele ဟုခေါ်သည့် သားအိမ်လမ်းကြောင်း ကျောဘက်နံရမှ ထွက်သည့်ပုံစံ၊
  • enterocele ဟုခေါ်သည့် သားအိမ်လမ်းကြောင်း ထိပ်မှ ထွက်သည့်ပုံစံ၊
  • သားအိမ်သည် သားအိမ်လမ်းကြောင်းထဲသို့ ပြိုဆင်းလာနိုင်သည့်ပုံစံ (သားအိမ် လျှောကျမှု)
  • ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုမက သားအိမ်လမ်းကြောင်း အထဲသို့ စူထွက်လာသည့်ပုံစံတို့ဖြစ်ကြပါသည်။

Who is likely to have a prolapse?

Prolapse is common and tends to run in families. It is more likely after menopause. Being overweight puts extra load on the pelvic organ supports.

Prolapse can happen in young women right after having a baby. Half of all women who have had a child have some level of pelvic organ prolapse. But across the lifespan only 1 in 5 women have symptoms that cause them to seek help.

Prolapse can also happen in women who have not had a baby if they cough, strain on the toilet, or lift heavy loads. Even after surgery to mend prolapse, 1 in 3 women will prolapse again.

Prolapse can also happen in women who have had their womb removed. This is called a hysterectomy. In a case like this, the top of the vagina (the vault) can prolapse.

မည်သူ၌ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု ဖြစ်နိုင်ဖွယ်ရှိသနည်း

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုသည် သမားရိုးကျဖြစ်ပြီး မျိုးရိုးလိုက်တတ်ပါသည်။ သွေးဆုံးပြီးနောက် ပိုပြီးဖြစ်လေ့ရှိပါသည်။ ဝလွန်းလျှင် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း ထောက်ပံ့ပေးသည့်အရာများအပေါ် ဝန်အပို ပိစေပါသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုသည် ငယ်ရွယ်သည့် အမျိုးသမီးများ၌ ကလေးမွေးပြီးပြီးချင်း ဖြစ်နိုင်ပါသည်။ ကလေးမွေးဘူးခဲ့ကြသည့် အမျိုးသမီးများအားလုံးအနက် ထက်ဝက်၌ တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု ပုံစံ တစ်ခုမဟုတ်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း မိမိဘဝတစ်လျှောက်လုံး၌ အမျိုးသမီး ၅ ဦး အနက် ၁ ဦးတည်း၌သာ အကူအညီတောင်းရန် အကြောင်းပေါ်စေမည့် ရောဂါလက္ခဏာများရှိပါသည်။

ကလေးမမွေးဘူးသည့် အမျိုးသမီးများ ချောင်းဆိုးလျှင်၊ အိမ်သာတက်ခိုက် အားစိုက်ညှစ်လျှင် သို့မဟုတ် လေးပင်သည့် ဝန်များကို ပင့်လျှင်၊ သူတို့၌လည်း လျှောကျမှု ဖြစ်နိုင်ပါသည်။ လျှောကျမှုကို ပြန်လည်ကောင်းမွန်လာရန် ခွဲစိတ်ကုပြီးလျှင်ပင် အမျိုးသမီး ၃ ဦး အနက် ၁ ဦးတွင် ပြန်ဖြစ်ပါလိမ့်မည်။

သားအိမ် ဖယ်ရှားထုတ်ပစ်လိုက်သည့် အမျိုးသမီးများ၌လည်း လျှောကျမှုဖြစ်နိုင်ပါသည်။ ၎င်းကို hysterectomy (သားအိမ်ဖြတ်ထုတ်ခြင်း) ဟုခေါ်ပါသည်။ ဤကဲ့သို့ကိစ္စမျိုး၌ သားအိမ်လမ်းကြောင်း၏ ထိပ်ပိုင်း (ခုံးနေသည့်ပုံ အမိုး) သည် လျှောကျနိုင်ပါသည်။

What can be done to help prevent prolapse?

It is much better to prevent prolapse than try to fix it. You are more at risk if any women in your close family have had a prolapse. It is important for you to follow the advice given here.

Prolapse is due to weak pelvic tissues and pelvic floor muscles. You need to keep your pelvic floor muscles strong no matter what your age.

Pelvic floor muscles can be made stronger with proper training. See the brochure ‘Pelvic Floor Muscle Training for Women’. It is important to have your pelvic floor muscles checked by an expert. This might be a continence physiotherapist or a continence nurse advisor. These experts can help plan a pelvic floor muscle training program just for you. This can prevent prolapse. Pelvic floor muscle training can also help if you already have a prolapse.

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို ကူညီတားဆီးရန် မည်သည့်အရာများကို လုပ်ပေးနိုင်သနည်း

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို ပြန်လည်ကောင်းမွန်ရန်လုပ်ခြင်းထက် ကြိုတင်တားဆီးခြင်းက ပိုကောင်းပါသည်။ အကယ်၍ သင်၏ အနီးကပ်ဆုံး ဆွေမျိုးများထဲမှ အမျိုးသမီးတစ်ဦးတစ်ယောက်၌ လျှောကျမှုဖြစ်ခဲ့ဘူးလျှင် သင့်၌ ဖြစ်ရန်လည်း ပိုပြီး အန္တရာယ်ရှိပါသည်။ သင့်အနေနှင့် ဤနေရာ၌ ပေးထားသည့် အကြံဉာဏ်ကို လိုက်နာရန်အရေးကြီးပါသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုသည် အားနည်းသည့် တင်ပါးဆုံ အသားမျှင်များနှင့် တင်ပါးဆုံခွက်ကြွက်သားများကြောင့် ဖြစ်ရပါသည်။ သင် မည်သည့်အသက်အရွယ်ပင်ဖြစ်နေစေ၊ သင့် တင်ပါးဆုံခွက်ကြွက်သားများ အားကောင်းနေအောင် လုပ်ရန်လိုအပ်ပါသည်။

တင်ပါးဆုံခွက်ကြွက်သားများကို သင့်တင့်သည့် လေ့ကျင့်မှုနှင့် အားကောင်းလာစေနိုင်ပါသည်။ ‘Pelvic Floor Muscle Training for Women’ (အမျိုးသမီးများအတွက် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်း) စာစောင်၌ ကြည့်ပါ။ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ကျွမ်းကျင်သူတစ်ဦးနှင့် အစစ်ဆေးခံရန် အရေးကြီးပါသည်။ ထိုသူသည် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးဖြစ်နိုင်ပါသည်။ ဤကျွမ်းကျင်သူများသည် သင့်အတွက်သာ သီးသန့်ဖြစ်သည့် တင်ပါးဆုံခွက်ကြွက်သားလေ့ကျင့်ရေးအစီအစဉ်ကို ကူညီရေးဆွဲပေးနိုင်ပါသည်။ ၎င်းသည် ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို တားဆီးပေးနိုင်ပါသည်။ တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းသည် သင့်၌ ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု ရှိနေပြီးသားဖြစ်လျှင်လည်းဘဲ အထောက်အကူပြုနိုင်ပါသည်။

What can be done to treat prolapse once it has happened?

Prolapse can be dealt with simply or with surgery. This depends on the level of prolapse.

The simple approach

Prolapse can often be treated without surgery, mainly in the early stages when the prolapse is mild. The simple approach can mean:

  • pelvic floor muscle training planned to your special needs. You can get advice from a continence physiotherapist or continence nurse advisor.
  • learning the possible causes of your prolapse and making needed lifestyle changes.
  • keeping good bowel and bladder habits to avoid straining. See the brochure ‘Good Bladder Habits for Everyone’.
  • having a pessary measured and placed into the vagina. A pessary is a silicone or rubber device which is fitted to go into your vagina. A pessary gives inside support for your pelvic organs. They can be used instead of surgery for some women.

The surgery approach

Surgery can be done to repair the torn or stretched support tissues and ligaments. Surgery can be done through the tummy or vagina. Sometimes special mesh is placed into the front or the back vaginal wall. This is to make the vaginal wall stronger where it is weak or torn. The mesh helps form stronger tissues as the body heals and gives support where it is needed.

After surgery

To prevent the prolapse coming back again, make sure you:

  • seek expert advice to make sure your pelvic floor muscles are working to support your pelvic organs.
  • don’t strain when using your bowels. See the brochure ‘Good Bladder Habits for Everyone’.
  • keep your weight within the right range for your height and age.
  • learn safe ways of lifting and always share the lifting of heavy loads.
  • see your doctor if you have a cough that won’t go away.

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျနေပြီဆိုလျှင် ၎င်းကို မည်ကဲ့သို့ ကုသပေးနိုင်သနည်း

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုကို ရိုးရိုးနည်း သို့မဟုတ် ခွဲစိတ်ကုသနည်းနှင့် ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါသည်။ ၎င်းသည် လျှောကျမှု၏ အခြေအနေအပေါ် မူတည်ပါသည်။

ရိုးရိုးနည်း

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုသည် အဓိကအားဖြင့် စောစောပိုင်းအဆင့်များ၌ မပြင်းထန်လျှင်၊ အများအားဖြင့် မခွဲစိတ်ဘဲ ကုသပေးနိုင်ပါသည်။ ရိုးရိုးနည်းအရ လုပ်နိုင်သည်များမှာ၊

  • သင်၏ သီးသန့်လိုအပ်ချက်များအရ တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်းကို စီစဉ်ပေးနိုင်ပါသည်။ သင်သည် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကြံဉာဏ် ရယူနိုင်ပါသည်။
  • ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှုဖြစ်နိုင်ခြေ ရှိစေရာ အကြောင်းခံများကို လေ့လာသင်ကြားပြီး နေထိုင်မှုပုံစံကို လိုအပ်သလို ပြောင်းလဲယူနိုင်ပါသည်။
  • အားစိုက်ညှစ်ခြင်းကို ရှောင်ကြဉ်ရန် ကောင်းမွန်သည့် ဆီးနှင့် ဝမ်းဆိုင်ရာ အလေ့အကျင့်များကို ထားရှိခြင်း။ ‘Good Bladder Habits for Everyone’ (လူတိုင်းအတွက် ဆီးအိမ်နှင့်ဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များ) စာစောင်၌ကြည့်ပါ။
  • သားအိမ်ထောက်ကွင်းကို တိုင်းတာပြီး သားအိမ်လမ်းကြောင်းထဲ၌ ထည့်ခြင်း။ သားအိမ်ထောက်ကွင်းသည် သင့် သားအိမ်လမ်းကြောင်းထဲ၌ ထည့်သွင်းတပ်ဆင်ပေးရန် ဆီလီကွန် သို့မဟုတ် ရော်ဘာနှင့် လုပ်ထားသည့် ကိရိယာတစ်ခုဖြစ်ပါသည်။ သားအိမ်ထောက်ကွင်းသည် သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် အတွင်းပိုင်း အထောက်အကန်ဖြစ်ပါသည်။ အချို့အမျိုးသမီးများအတွက် ခွဲစိတ်ကုသမည့်အစား ၎င်းတို့ကို သုံးနိုင်ပါသည်။

ခွဲစိတ်ကုသနည်း

စုတ်ပြဲသွားသည့် သို့မဟုတ် ဆန့်ကားသွားသည့် ထောက်ပင့်ပေးမှုဆိုင်ရာ အသားမျှင်များနှင့် အရွတ်များ ပြန်လည်ကောင်းမွန်လာရန် ခွဲစိတ်ကုသပေးနိုင်ပါသည်။ ဗိုက် သို့မဟုတ် သားအိမ်လမ်းကြောင်းအထဲ၌ ခွဲစိတ်ကုသပေးနိုင်ပါသည်။ တစ်ခါတစ်ရံ သားအိမ်လမ်းကြောင်းနံရံ အရှေ့ဘက် သို့မဟုတ် ကျောဘက်၌ အထူးကွန်ရက်တစ်ခုကို ထားထားရပါသည်။ ၎င်းသည် သားအိမ်လမ်းကြောင်းနံရံ၏ အားယုတ်နေသည့်နေရာ သို့မဟုတ် စုတ်ပြဲနေသည့်နေရာကို ပိုပြီး အားကောင်းလာစေရန်အတွက် လုပ်ပေးခြင်းဖြစ်ပါသည်။ အနာကျက်လာသည်နှင့်အမျှ လိုအပ်သည့်နေရာ၌ အထောက်အပံ့ပေးရင်း ပိုပြီးအားကောင်းသည့် အသားမျှင်များ ဖွဲ့စည်းဖြစ်ထွန်းလာရန် ကွန်ရက်က အထောက်အကူပြုပေးပါသည်။

ခွဲစိတ်ကုသပြီးနောက်ပိုင်း

ကိုယ်အင်္ဂါအစိတ်အပိုင်း လျှောကျမှု ပြန်လည်မဖြစ်ရေးကို တာဆီးရန်၊ အောက်ပါတို့၏ သေချာမှုရှိပါစေ။

  • သင့် တင်ပါးဆုံ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အထောက်အပံ့ပေးရန် သင့် တင်ပါးဆုံခွက်ကြွက်သားများသည် ကောင်းမွန်စွာ အလုပ်လုပ်နေခြင်းကို သေချာစေရန် ကျွမ်းကျင်သူ၏ အကြံဉာဏ်ကို ရယူပါ။
  • သင် ဝမ်းသွားသည့်အခါ၌ အားစိုက် မညှစ်ပါနှင့်။ ‘Good Bladder Habits for Everyone’ (လူတိုင်းအတွက် ဆီးအိမ်နှင့်ဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များ) စာစောင်၌ ကြည့်ပါ။
  • သင့် အရပ်အမောင်းနှင့် အသက်အရွယ်အလိုက် ရှိသင့်ရှိအပ်ရာ အပိုင်းအခြားအတွင်း၌ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
  • ဘေးကင်းသည့် ဝန်ပင့်နည်းများကို လေ့လာသင်ကြားပြီး၊ လေးပင်သည့် ဝန်ထုပ်ဝန်ပိုးများကို သူများနှင့်အတူ အမြဲမ,ပါ။
  • သင်ချောင်းဆိုးနေခြင်းမှာ မပျောက်မကင်းနိုင်ဖြစ်နေလျှင် သင့်ဆရာဝန်ကို ပြပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020