Browse and download our factsheets in Burmese

What is nocturia?

Nocturia is when a person has to wake up at night to pass urine. It is a common problem. It is even more common as we get older.

Nocturia can upset your sleep and put you at risk of falls when you get up in the dark to pass urine. Also you may not be able to get back to sleep so you might not function as well through the day. You may sleep in the day and then not be able to sleep well at night. Such changes to your sleep patterns can make the problem worse. You may be more aware of your bladder filling and feel like you need to pass urine more often.

ည ဆီးသွားခြင်းဆိုသည်မှာ အဘယ်နည်း။

ည ဆီးသွားခြင်းဆိုသည်မှာ လူတစ်ဦး ဆီးသွားရန် ညအချိန် အိပ်ရာမှ ထရခြင်းကိုခေါ်ပါသည်။ ၎င်းသည် ဖြစ်ရိုးဖြစ်စဉ် ပြဿနာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်ကြီးလာကြသည်နှင့်အမျှ ပိုပြီးဖြစ်လာတတ်ပါသည်။

ည ဆီးသွားခြင်းသည် သင်၏ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပြီး၊ ဆီးသွားရန် ညအမှောင်ထဲ၌ အိပ်ရာထသည့်အခါ၌ လဲကျရန် အန္တရာယ်ရှိစေနိုင်ပါသည်။ သင် ပြန်လည်အိပ်ပျော်ရန်လည်း ခက်ခဲနိုင်ကောင်းမည့်အတွက် နောက်တစ်နေ့လုံး ပြုလုပ်ဆောင်ရွက်ရန်ရှိသည်များကို ပုံမှန်ကဲ့သို့ ကောင်းမွန်စွာ လုပ်နိုင်ကောင်းလုပ်နိုင်တော့မည် မဟုတ်ပါ။ သင် နေ့ပိုင်းကို အိပ်နေနိုင်ပြီး ညကျလျှင် ကောင်းမွန်စွာ အိပ်နိုင်ကောင်းအိပ်နိုင်တော့မည် မဟုတ်ပါ။ သင်၏ ပြောင်းလဲသွားသည့် အိပ်စက်ခြင်းပုံစံသည် ပြဿနာကို ပိုမိုဆိုးရွားလာစေနိုင်ပါသည်။ သင့်ဆီးအိမ် ပြည့်လာခြင်းကို သင့်အနေနှင့် ပို၍ သတိထားမိလာနိုင်ပြီး မကြာခဏပိုပြီး ဆီးသွားလိုစိတ် ဖြစ်လာနိုင်ပါသည်။

What are the common causes of nocturia?

Nocturia can be part of many common medical conditions, such as:

  • heart problems.
  • kidney problems.
  • poorly controlled diabetes (Type 1 or Type 2).
  • swollen ankles.
  • taking fluid tablets at night.
  • bladder infections.
  • an overactive bladder.
  • constipation as a full bowel can press on the bladder.
  • an enlarged prostate as this may not let the bladder empty out fully.

Other things that can lead to nocturia are:

  • being pregnant.
  • changing your position from upright in the day to lying flat at night. This way, more blood flows through the kidneys. This means more night time urine is made.
  • having broken sleep as you may go to the toilet just because you are awake.
  • consuming large amounts of fluid before going to bed at night.
  • drinking alcohol or caffeine drinks before going to bed at night. Caffeine is found in coffee, chocolate and cola or sports drinks.

ည ဆီးသွားခြင်း၏ အခြေခံအကြောင်းရင်းများကား အဘယ်နည်း

ည ဆီးသွားခြင်းသည် အောက်ပါတို့ကဲ့သို့၊ များစွာသော သာမန် ရောဂါများ၏ အစိတ်အပိုင်းတစ်ပိုင်းဖြစ်နိုင်ပါသည်။

  • နှလုံးဆိုင်ရာ ပြဿနာများ။
  • ကျောက်ကပ်ဆိုင်ရာ ပြဿနာများ။
  • ကောင်းမွန်စွာ မထိန်းသည့် ဆီးချိုရောဂါ (အမျိုးအစား ၁ သို့မဟုတ် အမျိုးအစား ၂)။
  • ရောင်ရမ်းနေသည့် ခြေဆစ်များ။
  • ညအချိန်၌ ဆီးသွားစေသည့် ဆေးပြားများကို သောက်ခြင်း။
  • ဆီးအိမ် ရောဂါပိုးဝင်ခြင်း။
  • အလုပ်လုပ်နေလွန်းသည့် ဆီးအိမ်။
  • ဝမ်းချုပ်သဖြင့် ပြည့်ဖေါင်းလာသည့် အူသိမ်က ဆီးအိမ်ကို ဖိထားနိုင်ခြင်း။
  • ဆီးကျိတ် ရောင်ကိုင်းနေသည့်အတွက် ဆီးအိမ်အတွင်းမှ ဆီးရည် လုံးဝကုန်စင်ရန် မထုတ်ပစ်နိုင်ခြင်းတို့ဖြစ်ပါသည်။

ည ဆီးသွားစေနိုင်ရာ အခြားအကြောင်းရင်းခံများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • ကိုယ်ဝန်ရှိနေခြင်း။
  • သင့်ပုံစံအနေအထားသည် နေ့ပိုင်း၌ မတ်မတ်ရှိနေရာမှ ညပိုင်းတွင် ပက်လက်ပုံစံပြောင်းလဲသွားသည့်အတွက် ကျောက်ကပ်ထဲ၌ သွေးစီးဆင်းမှု ပိုများလာပါသည်။ ထို့ကြောင့် ညပိုင်း၌ ဆီးကို ပိုပြီးထုတ်လုပ်ပါသည်။
  • သင် နိုးနေသည့်အတွက်သာ အိမ်သာ ထသွားနိုင်ဖွယ်ရှိသည့်အတွက် အအိပ်ပျက်လာပါသည်။
  • ညအိပ်ရာ မဝင်မီ အရည် အမြောက်အမြား သောက်ခြင်း။
  • ညအိပ်ရာမဝင်မီ အရက် သို့မဟုတ် ကိုယ်ခန္ဓာကို နိုးကြားတက်ကြွစေသည့် ကဖိန်း အရည်များကို သောက်ခြင်း။ ကဖိန်းကို ကော်ဖီ၊ ချော့ကလက်၊ ကိုလာ အရည် နှင့် အားကစားဆိုင်ရာ သောက်ရည်များထဲ၌ တွေ့ရှိရပါသည်။

If i reduce my fluid intake will it help?

Some people think if they cut down on how much fluid they drink through the day they may reduce nocturia. This is not correct. Drinking too little can cause you to become dehydrated. Being dehydrated makes the urine stronger (more concentrated). This can upset the bladder and make you need to go to the toilet more often. Dehydration can also lead to constipation.

Avoid being dehydrated as it can also cause:

  • low blood pressure.
  • lack of energy.
  • more risk of falls as you get older especially at night.

ကျွန်ုပ်၏ သောက်သုံးရည် ပမာဏကို လျှော့လိုက်လျှင် အထောက်အကူဖြစ်မည်လား။

အချို့လူများသည် သူတို့ တစ်နေ့လုံး သောက်သုံးသည့် အရည်ပမာဏကို လျှော့ချလိုက်လျှင် ည ဆီးသွားမှု လျော့နည်းသွားလိမ့်မည်ဟု ထင်ကြပါသည်။ ၎င်းသည် မှားယွင်းပါသည်။ အရည်သောက်ခြင်း အလွန်နည်းပါးလျှင် သင့်ကိုယ်ခန္ဓာ ခန်းခြောက်လာပါလိမ့်မည်။ ကိုယ်ခန္ဓာ ခန်းခြောက်မှုသည် ဆီးကို ပိုပြီးပြင်း (ပိုပြီးပျစ်) စေပါသည်။ ၎င်းသည် ဆီးအိမ်ကို ဒုက္ခရောက်စေနိုင်ပြီး သင့်ကို မကြာခဏ ဆီးသွားစေပါလိမ့်မည်။ ကိုယ်ခန္ဓာ ခန်းခြောက်မှုသည် ဝမ်းကိုလည်း ချုပ်စေနိုင်ပါသည်။

အောက်ပါကိစ္စများကိုလည်း ဖြစ်စေနိုင်သဖြင့် ကိုယ်ခန္ဓာ ခန်းခြောက်မသွားအောင် နေပါ။

  • သွေးပေါင် လျော့ခြင်း
  • ခွန်အားနည်းခြင်း။
  • သင်အသက်ကြီးလာသည်နှင့်အမျှ၊ အထူးသဖြင့် ညအချိန်၌ လဲကျသည့် အန္တရာယ်ပိုများလာခြင်းတို့ဖြစ်ပါသည်။

What should you do if you have nocturia?

You should talk to your doctor if you have regular nocturia. It may not be a simple health problem.

To find out more about your nocturia, your doctor may ask you about:

  • your past health.
  • bladder problems.
  • the medicines you take and what time you take them.
  • if you have broken sleep.

Your doctor might also:

  • check if you have any of the common causes of nocturia.
  • check if you have any of the common medical problems listed before.
  • test your urine for a bladder infection.
  • ask you to keep a chart to check:
    • what, when and how much you drink.
    • when and how much urine you pass.
    • when you go to bed and get up.
  • arrange for urine and blood tests.

သင့်၌ ည ဆီးသွားရောဂါရှိလျှင် သင် ဘာလုပ်သင့်သနည်း။

သင့်၌ ပုံမှန် ည ဆီးသွားရောဂါရှိလျှင်၊ သင့်ဆရာဝန်ကို ပြသင့်ပါသည်။ ၎င်းသည် သာမန် ကျန်းမာရေးပြဿနာ ဖြစ်ချင်မှဖြစ်ပါမည်။

သင် ည၌ ဆီးသွားခြင်းနှင့်ပတ်သက်၍ ပိုပြီးသိနားလည်ရန်၊ သင့်ဆရာဝန်က သင့်ကို အောက်ပါတို့အကြောင်း မေးကောင်းမေးပါလိမ့်မည်။

  • သင်၏ ကျန်းမာရေး သမိုင်းကြောင်း။
  • ဆီးအိမ်ဆိုင်ရာ ပြဿနာများ။
  • သင် မှီဝဲနေသည့် ဆေးဝါးများနှင့် ဆေးများကို မှီဝဲချိန်။
  • သင်၏ အအိပ်ပျက်မှုအကြောင်းတို့ဖြစ်ပါသည်။

သင့်ဆရာဝန်သည် အောက်ပါတို့ကိုလည်း လုပ်နိုင်ဖွယ်ရှိပါသည်။

  • သင့်၌ ည ဆီးသွားခြင်း၏ အခြေခံအကြောင်းရင်း တစ်စုံတစ်ရာရှိ၊ မရှိကို စစ်ဆေးခြင်း။
  • ယခင်က ဖေါ်ပြခဲ့သည့် သာမန် ကျန်းမာရေးပိုင်းဆိုင်ရာပြဿနာများ တစ်စုံတစ်ရာ သင့်၌ ရှိ၊ မရှိကို စစ်ဆေးခြင်း။
  • ဆီးအိမ်၌ ရောဂါပိုးရှိ၊ မရှိသိရန် သင့် ဆီးကို စစ်ဆေးခြင်း။
  • သင့်အား ဇယားတစ်ခု ထားခိုင်းပြီး အောက်ပါတို့ကို စစ်ခိုင်းခြင်း၊
    • သင် ဘာသောက်သည်၊ မည်သည့်အခါ သောက်သည်နှင့် မည်မျှသောက်သည်။
    • သင် မည်သည့်အခါ နှင့် မည်မျှ ဆီးသွားသည်။
    • သင်၏ အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်တို့ဖြစ်ပါသည်။
  • ဆီးနှင့် သွေးစစ်ဆေးမှုကို စီစဉ်ပေးခြင်းတို့ဖြစ်ပါသည်။

How can nocturia be treated?

It is important to find the cause of nocturia. This allows the doctor to treat nocturia. The doctor can then refer you to the right specialist if needed.

Some treatments could be:

  • cutting back on how much caffeine and alcohol you drink, especially in the evening and before going to bed.
  • reviewing the times you take fluid tablets.
  • wearing support stockings for swollen ankles.
  • resting with your legs up for a few hours in the afternoon or evening.

Other tips include:

  • lighting the path to the toilet.
  • placing a commode or urinal to use next to your bed.

You may be referred to a continence nurse advisor or continence physiotherapist. Your doctor may also refer you to a specialist. The specialist will discuss other treatments with you. These may include medicines which treat the nocturia or medicines to treat the cause of the problem.

You might be referred to a medical specialist such as a:

  • Geriatrician.
  • Urogynaecologist.
  • Urologist.
  • Renal physician.

ည ဆီးသွားခြင်းကို မည်သို့ ကုသပေးသနည်း။

ည ဆီးသွားခြင်း၏ အကြောင်းရင်းကို ရှာတွေ့ရန် အရေးကြီးပါသည်။ သို့မှသာ ဆရာဝန်က ည ဆီးသွားခြင်းကို ကုသပေးနိုင်ပါမည်။ ဆရာဝန်သည် လိုအပ်လာလျှင် သင့်တော်ရာ အထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။

အချို့သော ကုသနည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • အထူးသဖြင့် ညနေပိုင်းနှင့် အိပ်ရာမဝင်မီ သင်သောက်သည့် ကဖိန်း နှင့် အရက် ပမာဏကို လျှော့ခြင်း။
  • သင်မှီဝဲရာ ဆီးသွားစေသည့် ဆေးပြားများ သောက်ချိန်ကို ပြန်လည်ဆန်းစစ်ခြင်း။
  • ရောင်နေသည့် ခြေဆစ်များအတွက် အထောက်အပံ့ပေးသည့် ခြေစွပ်များကို စွပ်ခြင်း။
  • နေ့လည် သို့မဟုတ် ညနေပိုင်း၌ နာရီအနည်းငယ်ကြာအတွက် သင့်ခြေထောက်များကို မြှောက်ထားပြီး အနားယူခြင်းတို့ဖြစ်ပါသည်။

အခြား လက်တွေ့ကျသည့် အကြံဉာဏ်များမှာ၊

  • အိမ်သာသွားလမ်းကို မီးထွန်းထားခြင်း၊
  • သင့်အိပ်ရာဘေး၌ အသုံးပြုရန် အိမ်သာအိုး သို့မဟုတ် ဆီးအိုးကို ထားရှိခြင်းတို့ဖြစ်ပါသည်။

သင့်ကို ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေး သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို)ထံသို့ လွှဲပြောင်းပေးကောင်း လွှဲပြောင်းပေးပါလိမ့်မည်။ သင့်ဆရာဝန်က အထူးကုဆရာဝန်ဆီကိုလည်း လွှဲပြောင်းပေးကောင်း လွှဲပြောင်းပေးပါလိမ့်မည်။ အထူးကုဆရာဝန်က သင်နှင့်အတူ အခြားကုသနည်းအကြောင်းများကို ဆွေးနွေးပါလိမ့်မည်။ ၎င်းတွင် ည ဆီးသွားခြင်းကို ကုသပေးသည့် ဆေးဝါး သို့မဟုတ် ပြဿနာ၏ အကြောင်းရင်းကို ကုသပေးသည့် ဆေးဝါးတို့၏ အကြောင်းများပါဝင်ပါလိမ့်မည်။

သင့်အား အောက်ပါကဲ့သို့သော အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းပေးကောင်း လွှဲပြောင်းပေးနိုင်ပါသည်။

  • သက်ကြီးရွယ်အို အထူးကုဆရာဝန်။
  • ဆီးနှင့် မီးယပ်ရောဂါ အထူးကုဆရာဝန်။
  • ဆီးရောဂါ အထူးကုဆရာဝန်။
  • ကျောက်ကပ် အထူးကုဆရာဝန်တို့ဖြစ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020