Browse and download our factsheets in Burmese

What is poor bowel control?

People with poor bowel control accidentally pass bowel motions at the wrong time or in the wrong place. They may also pass wind when they do not mean to.

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းဆိုသည်မှာ အဘယ်နည်း။

ဝမ်းထိန်းနိုင်မှု မကောင်းသူများ၌် ဝမ်းကို မသင့်တော်သည့်အချိန်တွင် သို့မဟုတ် မသင့်တော်သည့်နေရာတွင် မတော်တဆ ထွက်သွားသည့် ပြဿနာများ ရှိနိုင်ကြပါသည်။ သူတို့ လေမလည်လိုသည့်အချိန်တွင်လည်း လေထွက်သွားနိုင်ပါသည်။

Is poor bowel control common?

About 1 in 20 people has poor bowel control, occurring in both men and women. It can occur at any age, but is more common as you get older.

Many people with bowel control problems also have poor bladder control. This means they may also wet themselves.

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းသည် ဖြစ်ရိုးဖြစ်စဉ်လား။

လူ ၂၀ တွင် ၁ ဦး၌ ဝမ်းထိန်းနိုင်မှု မကောင်းခြင်း ဖြစ်နိုင်ပြီး အမျိုးသားများနှင့် အမျိုးသမီးများမှာပါ ဖြစ်လေ့ရှိပါသည်။ မည်သည့်အရွယ်တွင်မဆို ဖြစ်နိုင်သော်လည်း သင် အသက်အရွယ် ကြီးလာသည်အမျှ ပို၍ ဖြစ်လေ့ရှိပါသည်။

ဝမ်းထိန်းခြင်း အခက်အခဲပြဿနာရှိသောသူများသည် ဆီးထိန်းနိုင်မှု မကောင်းခြင်းလည်း ဖြစ်နေတတ်ပါသည်။ ၎င်းမှာ သူတို့သည် ဆီးမထိန်းနိုင်သဖြင့် ဆီးထွက်ပြီး စိုနေခြင်းကို ဆိုလိုပါသည်။

What causes poor bowel control?

Weak Muscles

Your pelvic floor muscles extend in and around your anus (back passage).

These muscles help you to control when you need to empty your bowels and help you hold on until you get to the toilet.

If these muscles are weak, you may:

  • not be able to hold on well.
  • need to rush to the toilet to empty your bowels.

These muscles may become weak because of:

  • giving birth.
  • getting older.
  • some types of surgery – such as for haemorrhoids (piles).
  • radiation therapy.

Control of the pelvic floor muscles can also be affected by a number of brain or nerve problems such as stroke, diabetes and dementia.

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းဆိုသည်မှာ အဘယ်ကြောင့်ဖြစ်ရသနည်း။

ကွက်သားများ အားပျော့ခြင်း

သင့်တင်ပါးဆုံခွက်ကြွက်သားများသည် သင့်စအိုဝ (အနောက်ဘက် အပေါက်လမ်းကြောင်း) ထဲနှင့် ပတ်ပတ်လည်တွင် နေရာယူထားပါသည်။

ဤကြွက်သားများသည် သင် ဝမ်းသွားလိုသည့်အခါ၌ ထိန်းပေးရန် အကူအညီပေးပြီး အိမ်သာကို ရောက်သည့်အထိ ထိန်းထားရန် ကူညီပေးပါသည်။

အကယ်၍ ဤကြွက်သားများ အားပျော့နေပြီဆိုပါက သင့်အနေနှင့် -

  • ကောင်းကောင်းမွန်မွန် ထိန်းမထားနိုင်တော့ပါ။
  • ဝမ်းသွားရန်အတွက် အိမ်သာကို အပြေးသွားရန် လိုအပ်လိမ့်မည်။

ဤကြွက်သားများက အောက်ဖေါ်ပြပါအချက်များကြောင့် ဖြစ်နိုင်ပါသည်။

  • ကလေးမွေးခြင်း
  • အသက်အရွယ်ကြီးလာခြင်း
  • ခွဲစိတ်ကုသမှုအချို့ ခံယူခြင်း - ဥပမာ လိပ်ခေါင်းရောဂါ
  • ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်းတို့ဖြစ်ကြပါသည်။

တင်ပါးဆုံကြွက်သားများ ထိန်းနိုင်မှုသည် လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့် စိတ်ယိုယွင်းမှုရောဂါကဲ့သို့ ဦးနှောက် သို့မဟုတ် အာရုံကြောနှင့်ဆိုင်ရာ ပြဿနာ အတော်များများကြောင့်လည်း ဖြစ်နိုင်ပါသည်။

Bowel urgency and diarrhoea

Diarrhoea means passing loose bowel motions. This can mean you need to rush to the toilet. Loose bowel motions make it harder to hold on until you get to the toilet.

Diarrhoea has many possible causes, including:

  • use of laxatives, especially if overused or used incorrectly.
  • bowel or stomach infection such as gastroenteritis.
  • bowel diseases such as diverticulitis, Crohn’s disease, ulcerative colitis and irritable bowel syndrome.
  • some antibiotics.
  • food allergies or intolerances e.g. wheat, gluten, lactose, dairy and fructose.

It is recommended you see your doctor about this problem.

ဝမ်းသွားလိုစိတ် အရေးပေါ်ဖြစ်လာခြင်းနှင့် ဝမ်းလျှောဝမ်းပျက်ခြင်း

ဝမ်းလျှောဝမ်းပျက်ခြင်းဆိုသည်မှာ ဝမ်းမထိန်းနိုင်ဘဲ သွားနေခြင်းကို ဆိုလိုပါသည်။ အဓိပ္ပာယ်မှာ သင် အိမ်သာကို အပြေး သွားရန်လိုခြင်းကို ဆိုလိုပါသည်။ ဝမ်းမထိန်းနိုင်ဘဲ သွားနေခြင်းသည် အိမ်သာမရောက်မခြင်း ထိန်းထားနိုင်ရန် သင့်အတွက် ခက်ခဲစေပါသည်။

ဝမ်းလျှောဝမ်းပျက်ခြင်းသည် အောက်ဖေါ်ပြပါအချက်များ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည် -

  • ဝမ်းပျော့ဝမ်းနှုတ်ဆေးများ၊ အထူးသဖြင့် လိုသည်ထက်ပိုသုံးခြင်း သို့မဟုတ် လွဲမှားစွာ အသုံးပြုခြင်း
  • Gastroenteritis ခေါ် အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်းကဲ့သို့ ဝမ်း သို့မဟုတ် အူတွင် ရောဂါပိုး ဝင်ခြင်း
  • Diverticulitis ခေါ် အစာအိမ်နှင့် အူလမ်းကြောင်းရောင်ခြင်း၊ Crohn’s disease, ulcerative colitis နှင့် irritable bowel syndrome နာတာရှည် အူမကြီးရောင်ရောဂါ၊ ဝမ်းဗိုက်နှင့် ပတ်သက်သည့် ရောဂါလက္ခဏာစုတို့ကဲ့သို့ အူနှင့်ဆိုင်သည့်ရောဂါများဖြစ်ခြင်း
  • အချို့သော ပဋိဇီဝ ရောဂါပိုးသတ်ဆေးများ<
  • ဂျုံ၊ ဂလူတင်၊ နို့တွင်ပါသည့်သကြားဓာတ်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဖရွတ်က်တို့စ် သကြားဓာတ်တို့ကဲ့သို့ အစားအစာများနှင့် ဓာတ်မတည့်ခြင်း သို့မဟုတ် မခံနိုင်ခြင်းတို့ဖြစ်ကြပါသည်။

ဤပြဿနာနှင့်ပတ်သက်ပြီး သင့်ဆရာဝန်နှင့်တွေ့ရန် အကြံပေးတိုက်တွန်းပါသည်။

Constipation

Bowel motions can sometimes get clogged in the lower bowel. In severe cases, liquid can leak out around the clogged mass. This can cause you to soil yourself.

ဝမ်းချုပ်ခြင်း

မစင်များသည် တစ်ခါတစ်ရံ ဝမ်းဗိုက်အောက်ပိုင်းတွင် ဆို့နေတတ်ပါသည်။ ပြင်းထန်သည့် အခြေအနေများတွင် အရည်များသည် ပိတ်ဆို့နေသည့် အစိုင်အခဲ၏ ပတ်လည်တစ်ဝိုက်တွင် စိမ့်ထွက်တတ်ပါသည်။ ၎င်းက သင့်ကို ညစ်ပေစေနိုင်ပါသည်။

What should you do about poor bowel control?

There are many causes of poor bowel control. A careful check is needed to find the causes. The check can also find those things that make it worse. If you have bowel accidents talk to your doctor.

You should also let your doctor know if you have:

  • a change in your normal bowel habits, including:
    • going to the toilet more often.
    • having loose bowel motions.
    • straining to pass hard bowel motions.
  • pain or bleeding from the anus (back passage).
  • a feeling that your bowel is never quite empty.
  • dark or black bowel motions.
  • weight loss that you can’t explain.

Your doctor may:

  • ask you some questions.
  • do a physical examination.
  • ask you to keep a diary of your bowel habits for a few days.
  • ask you to keep a list of what you eat and drink for a few days.
  • send you for an x-ray or tests.

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းအတွက် သင် ဘာလုပ်သင့်သနည်း။

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ ဤအကြောင်းများကို ရှာဖွေရန် သေချာစွာ စစ်ဆေးဖို့ လိုအပ်ပါသည်။ စစ်ဆေးခြင်းအားဖြင့် ၎င်းကို ပိုဆိုးစေသည့် အကြောင်းအချက်များကိုလည်း တွေ့လာနိုင်ပါသည်။ အကယ်၍ သင်သည် ဝမ်းနှင့် သက်ဆိုင်သည့် မတော်တဆပြဿနာများရှိခဲ့ပါက သင့်ဆရာဝန်နှင့်တွေ့ပါ။

အကယ်၍ သင့်ထံ၌ အောက်ဖေါ်ပြပါအချက်များ ဖြစ်နေသည်ဆိုပါက သင့်ဆရာဝန်ကိုလည်း ပြောပြသင့်ပါသည် -

  • ဖေါ်ပြပါအချက်များ အပါအဝင် သင့်ဝမ်းနှင့်ဆိုင်သည့်
    • အိမ်သာကို ယခင်ကထက် ကြိမ်ဖန်များစွာ ပို၍သွားနေခြင်း
    • ဝမ်းမခိုင်တော့ခြင်း
    • ဝမ်းမာမာကိုသွားရန် ညှစ်နေရခြင်း
  • စအိုဝ (အနောက်ဘက်မှ အပေါက်) တွင် နာကျင်ခြင်း သို့မဟုတ် သွေးထွက်ခြင်း
  • ဝမ်းသည် မည်သည့်အခါမျှ ကုန်စင်အောင်မသွားဟု ခံစားရခြင်း
  • အရောင်ရင့်သည့် ဝမ်း သို့မဟုတ် အမည်းရောင် ဝမ်းသွားခြင်း
  • သင် မည်သည့်အတွက်ကြောင့်မှန်း ရှင်းမပြနိုင်သည့် ခန္ဓာကိုယ် အလေးချိန်လျော့ခြင်း တို့ဖြစ်ကြပါသည်။

သင့်ဆရာဝန်က -

  • သင့်ကို မေးခွန်းတစ်ချို့ မေးနိုင်သည်။
  • ခန္ဓာကိုယ်ကို စစ်ဆေးနိုင်သည်။
  • သင့်ကို ရက်ပိုင်းအနည်းငယ်အတွက် သင့်ဝမ်းနှင့်ဆိုင်သော အလေ့အကျင့်များကို နေ့စဉ်မှတ်တမ်း ရေးခိုင်းနိုင်ပါသည်။
  • သင် ရက်ပိုင်းအနည်းငယ်အတွင်း မည်သည့်အစားအစာများ စားသောက်သည်ကို စာရင်းရေးမှတ်ခိုင်းနိုင်ပါသည်။
  • သင့်အား ဓာတ်မှန်ရိုက်ခိုင်းနိုင်သည်၊ သို့မဟုတ် စစ်ဆေးမှုများ လုပ်ခိုင်းနိုင်ပါသည်။

How can poor bowel control be helped?

Loss of bowel control is a warning sign and not a disease in itself. The right care will depend on what is causing the problem.

Care may include:

  • getting constipation under control.
  • getting diarrhoea under control.
  • checking the medicines you take.
  • writing a script for medicine:
    • to firm up your motions, or
    • to settle your bowels.
  • pelvic floor muscle training to help make your pelvic floor muscles stronger.
  • treatment by a continence physiotherapist or continence nurse advisor. This might include use of equipment to help you get the pelvic floor muscles working better.
  • referral to a surgeon or other specialist doctor.
  • ensuring a good bowel routine.
  • making sure you are:
    • eating the right type and amount of fibre.
    • drinking the right type and amount of fluid.
  • Checking how you sit on and use the toilet. Sit on the toilet with your knees bent up a little higher than your hips. Rest your forearms on your thighs.

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းကို မည်ကဲ့သို့ ကုစားနိုင်သနည်း။

ဝမ်းထိန်းနိုင်မှု မကောင်းခြင်းဆိုသည်မှာ ရောဂါသက်သက်မဟုတ်ဘဲ သတိပေးချက်တစ်ခုသာဖြစ်ပါသည်။ မှန်ကန်စွာ ဂရုစိုက် ကုစားရန်မှာ အဘယ်ကြောင့် ဤပြဿနာဖြစ်သည် ဆိုသည့်အပေါ် မူတည်ပါသည်။

ဂရုစိုက်ကုစားမှုဆိုသည်မှာ အောက်ဖေါ်ပြပါအချက်များ ပါဝင်နိုင်ပါသည် –

  • ဝမ်းမချုပ်ရန် ဂရုစိုက်ခြင်း
  • ဝမ်းလျှောဝမ်းပျက် မဖြစ်ရန် ဂရုစိုက်ခြင်း
  • သင် အသုံးပြုသည့်ဆေးများကို သေချာစွာ စစ်ဆေးခြင်း
  • ဖေါ်ပြပါအချက်များအတွက် ဆေးညွှန်းစာ ရယူခြင်း -
    • သင့်ဝမ်းကို ခိုင်ရန် ဆေးညွှန်းစာ သို့မဟုတ်
    • သင် ဝမ်းသွားနိုင်စေရန် ဆေးညွှန်းစာ
  • သင့် တင်ပါးဆုံခွက်ကြွက်သားများ အားရှိလာစေရန် တင်ပါးဆုံခွက်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
  • ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ အတတ်ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးထံတွင် ကုသမှုခံယူခြင်း။ ဤနေရာတွင် သင့်တင်ပါးဆုံခွက်ကြွက်သားများ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် အထောက်အကူရစေရေးအတွက် ပစ္စည်းကိရိယာအကူအညီလည်း ပါဝင်နိုင်ပါသည်။
  • ခွဲစိတ်ကုသမှုပါရဂူ သို့မဟုတ် တခြား အထူးကုဆရာဝန် တစ်ဦးဦးနှင့် တွေ့ရန် ရည်ညွှန်းပေးခြင်း
  • မှန်ကန်ကောင်းမွန်သည့် ဝမ်းနှင့်ဆိုင်ရာအလေ့အကျင့်များ ထားရှိခြင်း
  • သင် ဤအချက်များကို မမေ့မလျော့ ပြုလုပ်ပါ - 
    • မှန်ကန်သည့် အမျှင်ဓာတ် အမျိုးအစားနှင့် ပမာဏကို စားသုံးခြင်း
    • မှန်ကန်သည့် အရည် အမျိုးအစားနှင့် ပမာဏကို သောက်သုံးခြင်း
  • သင် အိမ်သာအိုးပေါ်တွင် မည်ကဲ့သို့ထိုင်သည်၊ မည်ကဲ့သို့အသုံးပြုသည့် ဆိုသည်ကို စစ်ဆေးခြင်း။ အိမ်သာပေါ်တွင်ထိုင်သည့်အခါ သင့်ဒူးခေါင်းကို သင့်တင်ပါးထက် အနည်းငယ်မြင့်အောင် ကွေးထားပြီးထိုင်ပါ။ သင့်လက်မောင်းများကို သင့်ပေါင်ပေါ်၌ တင်ထားပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020