Browse and download our factsheets in Burmese

Why do people with dementia have trouble with bladder and bowel control?

People with dementia have memory loss. They may be confused and not know where they are. This confusion can cause bladder and bowel control problems or make the problems worse.

People with dementia may have trouble with:

  • knowing they need to pass urine or empty their bowels.
  • holding on until they get to the toilet.
  • finding the toilet.
  • knowing they need to unzip trousers when going to the toilet.
  • knowing they need to pull down their pants when going to the toilet.
  • being away from home and not knowing where the toilet is.
  • urinating or opening their bowels in places they should not.
  • depression, anxiety, stress, or illness. These can make bladder and bowel control problems worse.

စိတ်ယိုယွင်းမှုရှိကြသူများ၌ ဆီးနှင့် ဝမ်း မချုပ်ထိန်းနိုင်သောဒုက္ခ အဘယ်ကြောင့်ရှိရသနည်း။

စိတ်ယိုယွင်းမှုရှိကြသူများ၌ မှတ်ဉာဏ်ချွတ်ယွင်းမှုရှိပါသည်။ သူတို့ စိတ်ရှုပ်ထွေးနေကြပြီး မည်သည့်နေရာတွင် ရှိနေခြင်းကို သိချင်မှသိကြပါမည်။ ဤစိတ်ရှုပ်ထွေးမှုကသည် ဆီးနှင့် ဝမ်း မထိန်းနိုင်သောဒုက္ခများကို ပေါ်ပေါက်စေနိုင်ပါသည် သို့မဟုတ် ဤဒုက္ခများကို ပိုပြီးဆိုးရွားစေနိုင်ပါသည်။

စိတ်ယိုယွင်းမှုရှိကြသူများသည် အောက်ပါကိစ္စများ၌ ဒုက္ခ္ခရှိနိုင်ကြပါသည်။

  • ဆီး သို့မဟုတ် ဝမ်းသွားရန် လိုအပ်မှုကို သိနိုင်ခြင်း၊
  • အိမ်သာ မရောက်ခင်အထိ ထိန်းထားနိုင်ခြင်း၊
  • အိမ်သာ ရှာတွေ့ခြင်း၊
  • အိမ်သာတက်လျှင် ဘောင်းဘီဇစ်ကို ဖြုတ်ရန် လိုအပ်ကြောင်းကို သိခြင်း၊
  • အိမ်သာတက်သောအခါ၌ ဘောင်းဘီချွတ်ရန် လိုအပ်ကြောင်းကို သိခြင်း၊
  • အိမ်အဝေးရောက်နေပြီး အိမ်သာ မည်သည့်နေရာတွင်ရှိကြောင်းကို မသိခြင်း၊
  • မသွားသင့်သောနေရာများ၌ ဆီးသွားခြင်း သို့မဟုတ် ဝမ်းသွားခြင်း
  • စိတ်ကျရောဂါ၊ စိတ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှု သို့မဟုတ် နာမကျန်းဖြစ်မှုများသည် ဆီးနှင့် ဝမ်း မထိန်းနိုင်သောဒုက္ခကို ပိုဆိုးစေနိုင်ပါသည်။

Can anything be done for people with dementia who have trouble with bladder and bowel control?

Yes.

Dementia may rule out some treatments. But there are still ways to provide comfort and dignity.

Here are some tips to work in a helpful way with people with dementia

  • Watch the person’s bowel and bladder habits for a while. This may show a pattern of toileting habits.
  • Watch for signs they want to go to the toilet. For example, they may become restless, walk a certain way or pull at their clothing. The person can then be taken to the toilet in time.
  • People with dementia or confusion may not notice the urge to empty their bowels or bladder. This can lead to leaking of normal bowel actions or wetting of pants. A common time for bowel motions to happen is soon after a meal, often after breakfast.
  • Listen with care and respond to the person.
  • Get rid of clutter in the living areas. This may make it easier for them to find their way to the toilet.
  • Keep the space around them simple and well known to them.
  • Show respect and sincere care.

Check bladder and bowel control

Seek help from their doctor, continence physiotherapist or continence nurse advisor.

A bladder and bowel control check-up will include a physical check. The health professional will ask about when, where and why problems happen.

The carer is often the best person to give the details needed. The carer might be asked to give details about:

  • the time the person goes to the toilet and/or leaks.
  • how much leakage there is.
  • when and how often they open their bowels.

How to help poor bladder and bowel control

  • Make sure the person with dementia consumes 1.5 - 2 litres of fluid per day unless the doctor says this is not okay. Adequate fluids can:
    • help treat bladder infections.
    • make the bowels work better.
    • keep the bladder healthy.
  • Cut down on drinks that contain caffeine. Caffeine can upset the bladder. There is caffeine in coffee and cola drinks. There is less caffeine in tea.
  • Avoid constipation. Make sure the person:
    • eats 2 pieces of fruit and 5 serves of vegetables daily.
    • consumes 1.5 - 2 litres of fluid per day unless the doctor says this is not okay.
    • keeps as mobile as possible.
  • Treat constipation when it occurs.
  • Watch for signs the person wants to go to the toilet.
  • Make a note of the times they most often go to the toilet. Also note the times they are most often wet.
  • Ask or help them to use the toilet at these noted times. Taking them to the toilet at these times may cut down on accidents.
  • If they have trouble with zips or buttons change to track suits. Trousers with elastic waists are easier to use. You can also use Velcro to fasten trousers.
  • Keep the path to the toilet clear. Don’t leave things in the way that might make it harder to get to the toilet.
  • A night light may help. This can make the toilet door easier to see.
  • Use outside help to ease the load of caring for a person with dementia. You may be able to get help with laundry, shopping and respite care from health and community organisations.

Seek advice

The doctor, continence physiotherapist or continence nurse advisor can help find the causes of the problem. They can then suggest ways to treat problems including:

  • reviewing their medicines.
  • suggesting the use of products to contain bladder and bowel loss. These might be pads or special pants. You can get advice about the right types of products to use. These products aim to improve quality of life.

You may be able to get funds to help pay for continence products. You can get advice about eligibility by calling the National Continence Helpline 1800 33 00 66.

ဆီးနှင့် ဝမ်း မထိန်းနိုင်ကြသော စိတ်ယိုယွင်းမှုရှိကြသူများကို တစ်စုံတစ်ရာ လုပ်ပေးနိုင်သလား။

လုပ်ပေးနိုင်ပါသည်။

စိတ်ယိုယွင်းမှုကြောင့် အချို့ကုသနည်းများကို မလုပ်ပေးနိုင်သော်လည်း၊ သက်သာမှု ရစေရန်နှင့် ဂုဏ်သိက္ခာထိန်းပေးရန် လုပ်ပေးနိုင်သောနည်းများ ရှိဆဲဖြစ်ပါသည်။

စိတ်ယိုယွင်းမှုရှိကြသူများနှင့် အကျိုးရှိရှိ အလုပ်လုပ်ရန် အောက်ပါ လက်တွေ့အကြံပြုချက်အချို့ ရှိပါသည်။

  • ထိုသူ၏ ဆီးနှင့် ဝမ်း သွားတတ်သော အလေ့အကျင့်ကို အချိန်တစ်ခုကြာအတွက် စောင့်ကြည့်ပါ။ အိမ်သာတက်သော အလေ့အကျင့်ပုံစံတစ်ခုကို တွေ့မြင်ရနိုင်ဖွယ်ရှိပါမည်။
  • သူတို့ အိမ်သာတက်လိုသော အရိပ်လက္ခဏာကို စောင့်ကြည့်ပါ။ ဥပမာ သူတို့သည် အငြိမ်မနေဖြစ်လာနိုင်မည်၊ အနေအထားပုံစံတစ်ခုနှင့် လမ်းလျှောက်နိုင်မည် သို့မဟုတ် သူတို့အဝတ်ကို ဆွဲကောင်းဆွဲနေမည်။ သို့မှသာ သူ့ကို အချိန်မီ အိမ်သာတက်ခိုင်းနိုင်ပါမည်။
  • စိတ်ယိုယွင်းမှုရှိကြသူများ သို့မဟုတ် စိတ်ရှုပ်ထွေးနေကြသူများသည် ဆီး/ဝမ်းသွားရန် လှုံ့ဆော်လာမှုကို သတိပြုမိချင်မှပြုမိပါမည်။ ၎င်းသည် ဝမ်း သို့မဟုတ် ဆီးကို ထွက်ကျစေနိုင်ပါသည်။ ဝမ်းသွားလေ့ရှိသော ပုံမှန်အချိန်သည် အစားအစာစားပြီး များမကြာမီ၊ အများအားဖြင့် နံနက်စာ စားပြီးနောက် ဖြစ်ပါသည်။
  • လူနာကို ဂရုစိုက် နားထောင်ပြီး တုံ့ပြန်ပါ။
  • နေရာထိုင်ခင်းများတစ်ဝိုက် ရှုပ်ပွနေသည်များကို ဖယ်ရှားရှင်းလင်းပစ်ပါ။ ၎င်းသည် သူတို့အတွက် အိမ်သာလမ်းကြောင်းကို ရှာဖွေတွေ့ရှိရန် လွယ်ကူစေနိုင်ပါမည်။
  • သူတို့ အနီးအနားတစ်ဝိုက် နေရာလပ်ကို သူတို့အတွက် လွယ်ကူရှင်းလင်းနေစေပြီး အကျွမ်းဝင်နေပါစေ။
  • သူတို့အပေါ် လေးစားသမှုနှင့် ဖြောင့်မတ်သော အရေးထားမှုကို ပြသပါ။

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုကို စစ်ဆေးပါ

လူနာ၏ ဆရာဝန်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို)၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကူအညီ တောင်းခံပါ။

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှု စစ်ဆေးခြင်း၌ ကာယပိုင်းဆိုင်ရာ စစ်ဆေးခြင်းလည်း ပါဝင်ပါလိမ့်မည်။ ကျန်းမာရေးပညာရှင်သည် လူနာ၏ အခက်အခဲများနှင့် ပတ်သက်ပြီး မည်သည့်အခါဖြစ်တတ်ခြင်း၊ မည်သည့်နေရာ၌ ဖြစ်တတ်ခြင်းနှင့် မည်သည့်အတွက်ကြောင့်ဖြစ်တတ်ခြင်းတို့ကို မေးမြန်းပါလိမ့်မည်။

လိုအပ်သော အသေးစိတ်အချက်အလျက်များကို တင်ပြရန်အတွက် ယေဘုယျအားဖြင့် လူနာပြုစုစောင့်ရှောက်သူသည် အကောင်းဆုံးသောသူဖြစ်ပါသည်။ ပြုစုစောင့်ရှောက်သူသည် အောက်ပါကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းခံရနိုင်ပါလိမ့်မည်။

  • လူနာ အိမ်သာတက်သောအချိန် နှင့်/သို့မဟုတ် ဆီး/ဝမ်းများ ထွက်ကျတတ်သောအချိန်
  • ဆီး/ဝမ်းများ မည်မျှ ထွက်ကျတတ်ခြင်း
  • ဝမ်းသွားတတ်သောအချိန်နှင့် အကြိမ်ပေါင်း မည်မျှ ဝမ်းသွားလေ့ရှိခြင်းတို့ဖြစ်ပါသည်။

ဆီးနှင့် ဝမ်း ချုပ်ထိန်းမှု အားနည်းချက်ကို မည်သည့်နည်းနှင့် ကောင်းမွန်လာအောင် လုပ်ပေးနိုင်သနည်း

  • စိတ်ယိုယွင်းနေသူသည် ဆရာဝန်က မလုပ်ပါနှင့်ဟု မပြောသမျှ တစ်နေ့၌ ၁.၅ မှ ၂ လီတာ ပမာဏ အရည်ကို သောက်ရန် သေချာပါစေ။ လောက်ငသော အရည် သောက်ခြင်းအားဖြင့်၊
    • ဆီးအိမ် ရောဂါပိုးဝင်မှုကို ကုသရာ၌ အထောက်အကူပြုပါသည်
    • ဝမ်းသွားခြင်းကို ပိုပြီးကောင်းမွန်စေပါသည်
    • ဆီးအိမ်ကို ကျန်းမာရေးနှင့် ညီညွတ်စေပါသည်။
  • ကိုယ်ခန္ဓာကို နိုးကြားတက်ကြွစေရာဓာတ် ကဖိန်း ပါသော အရည်များကို လျှော့သောက်ပါ။ ကဖိန်းသည် ဆီးအိမ်ကို ဒုက္ခဖြစ်စေနိုင်ပါသည်။ ကော်ဖီနှင့် ကိုလာ ဖျော်ရည်များထဲ၌ ကဖိန်း ပါပါသည်။ လက်ဖက်ရည်ထဲ၌ ကဖိန်း လျော့နည်းပါသည်။
  • ဝမ်းမချုပ်အောင် နေပါ။ လူနာသည် အောက်ပါတို့ကို လုပ်ရန် သေချာပါစေ။
    • နေ့စဉ် သစ်သီး ၂ လုံးနှင့် ဟင်းသီးဟင်းရွက် ၅ ပုံ စားခြင်း။
    • ဆရာဝန်က မလုပ်ပါနှင့်ဟု မပြောသမျှ တစ်နေ့၌ ၁.၅ မှ ၂ လီတာ ပမာဏ အရည်ကို သောက်ခြင်း။
    • တတ်နိုင်သမျှ လှုပ်ရှားသွားလာနေခြင်းတို့ဖြစ်ပါသည်။
  • ဝမ်းချုပ်ပြီဆိုလျှင် ကုသပါ။
  • လူနာ အိမ်သာတက်ချင်သော အရိပ်အယောင်များကို သတိထားပါ။
  • သူတို့ အိမ်သာ အများဆုံးတက်သောအချိန်များကို မှတ်ထားပါ။ သူတို့ အများဆုံး ဆီးစိုရွှဲတတ်သောအချိန်ကိုလည်း မှတ်ထားပါ။
  • ဤသို့ မှတ်သားထားသောအချိန်များ၌ သူတို့ကို အိမ်သာတက်ခိုင်းပါ၊ သို့မဟုတ် အိမ်သာတက်ရန် ကူညီပေးပါ။ သူတို့ကို ဤသို့အချိန်မျိုးများ၌ အိမ်သာတက်ခိုင်းခြင်းအားဖြင့် မတော်တဆဖြစ်မှုများကို လျော့နည်းသွားစေနိုင်ပါလိမ့်မည်။
  • သူတို့အတွက် ဇစ်များ၊ ကြယ်သီးများ ကိုင်တွယ်ရန် ခက်ခဲနေလျှင်၊ အားကစားဝတ်စုံကို ပြောင်းလဲ ဝတ်ခိုင်းပါ။ ခါးအလယ်ပိုင်း မျှော့ကြိုးပါသော ဘောင်းဘီများအား ဝတ်ဆင်ရန် ပိုပြီးလွယ်ကူပါသည်။ ဘောင်းဘီများကို မြဲမြံစွာဝတ်နိုင်ရန် Velcro (ဗယ်လ်ခရို) ကပ်ခွာကိုလည်း အသုံးပြုနိုင်ပါသည်။
  • အိမ်သာသို့ လျှောက်သွားရမည့် လမ်းကြောင်း၌ အတားအဆီးမရှိပါစေနှင့်။ အိမ်သာ အရောက်သွားသောအခါ ပိုပြီး မခက်ခဲလာစေရန် ဤလမ်းကြောင်း၌ ပစ္စည်းများကို မထားထားပါနှင့်။
  • ညလင်းမီးမှိန် ထားရှိခြင်းအားဖြင့် အထောက်အကူပြုနိုင်ပါသည်။ ၎င်းသည် အိမ်သာတံခါးကို လွယ်လွယ်ကူကူ မြင်စေနိုင်ပါသည်။
  • စိတ်ယိုယွင်းမှုရှိကြသူများကို ပြုစုစောင့်ရှောက်ရသောတာဝန် သက်သာစေရန် ပြင်ပမှ အကူအညီကို ရယူပါ။ သင်သည် ကျန်းမာရေး အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများထံမှ အဝတ်လျှော်ရေး၊ ဈေးဝယ်ရေးနှင့် ပြုစုစောင့်ရှောက်သူ ယာယီအနားယူရေးတို့နှင့် စပ်ဆိုင်ရာ အကူအညီများကို ရယူနိုင်ဖွယ်ရှိပါသည်။

အကြံဉာဏ်ရယူပါ

ဆရာဝန်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို)၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးသည် အခက်အခဲ၏ အကြောင်းရင်းများကို ကူညီရှာဖွေပေးနိုင်ပါလိမ့်မည်။ ၎င်းတို့က အောက်ပါကိစ္စများအပါအဝင် အခက်အခဲများ ကုသပေးရေးနည်းလမ်းများကို အကြံပြုနိုင်ပါလိမ့်မည်။

  • လူနာ၏ ဆေးဝါးများကို ပြန်လည်ဆန်းစစ်သုံးသပ်ပေးနိုင်ပါသည်။
  • ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်ရာ အသုံးအဆောင်ပစ္စည်းများကို အသုံးပြုရန် အကြံပြုနိုင်ပါသည်။ ၎င်းတို့မှာ ဂွမ်းဖတ်အခံများ သို့မဟုတ် အထူးဘောင်းဘီများကဲ့သို့ဖြစ်နိုင်ပါသည်။ သင်သည် မှန်ကန်သင့်မြတ်ရာ ပစ္စည်းအမျိုးအစားများ အသုံးပြုရေးနှင့်ပတ်သက်သည့် အကြံဉာဏ်ကို ရရှိနိုင်ပါသည်။ ဤပစ္စည်းများကို ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ထားပါသည်။

သင်သည် ဆီး/ဝမ်း ချုပ်ထိန်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရေးအတွက် ထောက်ပံ့ကြေး ရရှိနိုင်ကောင်းရရှိနိုင်ပါမည်။ သင်သည် National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) 1800 33 00 66 ကို ဆက်ခေါ်ခြင်းအားဖြင့် ရပိုင်ခွင့်နှင့် ပတ်သက်သော အကြံဉာဏ်ကို ရရှိနိုင်ပါသည်။

Can medicine help with bladder and bowel control?

Yes.

  • Antibiotics may be given to treat a bladder infection.
  • If dementia is mild, tablets may be given to help settle an overactive bladder and help the bladder store more urine. They can cut down the number of times the person goes to the toilet. It is normal to go to the toilet about 4 to 6 times during the day and get up once each night over an 8 hour sleep.
  • In some men with big prostates, the urethra (urine tube) is too narrow to let the urine out. Sometimes medicine can make it easier to pass urine in this situation.
  • •Some medicines may cause bladder and bowel control problems, or make them worse. Medicines should be checked by a doctor and may need to be changed.

Side effects of medicines

The use of medicines should be managed with care by their doctor. Tell the doctor about any problems the medicines cause. Some medicines for bladder and bowel control problems may cause new problems.

Side effects might include:

  • increased confusion.
  • dry mouth.
  • constipation.
  • poor balance.
  • lack of energy.

ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုကို ဆေးဝါးက အထောက်အကူပြုနိုင်သလား။

ပြုနိုင်ပါသည်။

  • ဆီးအိမ်၌ ရောဂါပိုးဝင်ခြင်းကို ပဋိဇီဝဆေးနှင့် ကုသပေးနိုင်ပါသည်။
  • အကယ်၍ စိတ်ယိုယွင်းမှုသည် မပြင်းထန်လျှင်၊ လိုသည်ထက် ပိုပြီးအလုပ်လုပ်နေသော ဆီးအိမ် နေသားကျရေးကို အထောက်အကူပြုရန်အတွက် ဆေးပြားများကို တိုက်နိုင်ပြီး၊ ဆီးအိမ်ထဲ၌ ဆီးရည်ကို ပိုပြီး သိုလှောင်ထားနိုင်ရန် အထောက်အကူပြုပေးနိုင်ပါသည်။ ဆေးဝါးသည် လူနာ အိမ်သာတက်သောအကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ပါသည်။ နေ့အချိန်၌ ၄ ကြိမ် မှ ၆ ကြိမ်ခန့်နှင့် ၈ နာရီကြာ အိပ်ချိန်ရှိသော ညတစ်ညကာလ၌ တစ်ကြိမ်၊ အိမ်သာတက်သောပုံစံသည် ပုံမှန်ဖြစ်ပါသည်။
  • ဆီးအကျိတ် ကြီးမားနေသော အချို့ယောင်္ကျားများ၌၊ ဆီးလမ်းကြောင်း (ဆီးပြွန်) သည် ကျဉ်းမြောင်းလွန်းသည့်အတွက် ဆီးကို ထွက်ခွင့်မပေးပါ။ ဤကဲ့သို့အခြေအနေမျိုး၌ တစ်ခါတစ်ရံတွင် ဆေးတိုက်ပြီး ဆီးထွက်လွယ်ရန် လုပ်ပေးနိုင်ပါသည်။
  • အချို့သောဆေးဝါးများသည် ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပါသည်၊ သို့မဟုတ် ပိုဆိုးစေနိုင်ပါသည်။ ဆရာဝန်သည် ဆေးဝါးများကို စစ်ဆေးပေးသင့်ပြီး ပြောင်းလဲရန် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။

ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

ဆေးဝါးသုံးစွဲမှုများကို လူနာ၏ ဆရာဝန်က သတိနှင့် စီမံကိုင်တွယ်ပေးသင့်ပါသည်။ ဆေးဝါးများကြောင့် မည်သည့်ပြဿနာမဆို ပေါ်ပေါက်လာခဲ့လျှင် ဆရာဝန်ကို ပြောပြပါ။ အချို့သော ဆီးနှင့် ဝမ်း ချုပ်ထိန်းနိုင်မှုဆိုင်ရာ ဆေးဝါးများသည် ပြဿနာအသစ်များကို ဖြစ်ကောင်းဖြစ်စေနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ၌ ပါဝင်နိုင်သည်များမှာ၊

  • စိတ်ရှုပ်ထွေးမှု ပိုတိုးလာခြင်း
  • ပါးစပ် ခြောက်သွေ့လာခြင်း
  • ဝမ်းချုပ်လာခြင်း
  • ဟန်ချက်ညီမျှမှု အားနည်းလာခြင်း
  • စွမ်းအား နည်းပါးလာခြင်းတို့ဖြစ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020