Browse and download our factsheets in Burmese

 

Healthy diet and bowels

A healthy diet containing plenty of different fibre rich foods, lots of fluids as well as exercise is recommended to keep our bowels healthy and regular. Fibre can help protect against diverticular disease, haemorrhoids, constipation and chronic diseases such as heart disease and type 2 diabetes, and can also help with controlling your weight. 

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် အူအတွင်းပိုင်း

ကျွန်ုပ်တို့၏ အူအတွင်းပိုင်းကို ကျန်းမာရေးနှင့်ညီညွတ်စွာ ထားရှိရန် နှင့် ဝမ်းမှန်မှန်သွားရန်၊ အမျှင်နှင့်ပြည့်နှက်နေသော အစားအစာမျိုးစုံ အများအပြားပါရှိသည့် ကျန်းမာရေးနှင့် ညီညွတ်ရာ အစားအစာများကို စားသောက်ရန်၊ အရည်များများသောက်ရန်၊ ၎င်းအပြင် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ရန် အကြံပြုထောက်ခံအပ်ပါသည်။ အမျှင်သည် အူမကြီး၌ဖြစ်သော အိတ်မြှောင်ရောင်ရမ်းရောဂါ (diverticular disease)၊ လိပ်ခေါင်းရောဂါ (haemorrhoids)၊ ဝမ်းချုပ်ရောဂါ၊ နှလုံးရောဂါနှင့် ပုံစံအမျိုးအစား 2 ဆီးချိုရောဂါများကဲ့သို့ နာတာရှည်ရောဂါများကို ကူညီတားဆီးပေးနိုင်သည့်အပြင်၊ သင့်ကိုယ်အလေးချိန်ကို ကြီးကြပ်ထိန်းသိမ်းပေးရာတွင်လည်း အထောက်အကူပြုပါသည်။  


What is fibre?

Fibre is found only in foods that come from plants. This includes vegetables, fruits, beans (legumes), nuts, seeds and cereals (breakfast cereals, bread, pasta and rice). Specialised dietary advice may be required from a Dietitian for conditions such as irritable bowel syndrome, inflammatory bowel disease, faecal incontinence, gluten intolerance, and food sensitivities. 

အမျှင်ဆိုသည်မှာ အဘယ်နည်း

အမျှင်ကို အပင်များကရရှိသည့် အစားအစာများ၌သာ တွေ့ရှိရပါသည်။ ၎င်းတို့တွင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပဲများ (ပဲသီးများ)၊ အခွံမာသီးများ၊ အစေ့များနှင့် “ဆီရီရလ် cereal” (အနှံအစေ့ စားသောက်ဖွယ်) (နံနက်စာ ဆီရီရလ် များ၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်အမျိုးမျိုး နှင့် ဆန်) ပါဝင်ကြပါသည်။ ဝမ်းဗိုက်နှင့်ပတ်သက်သော ရောဂါလက္ခဏာစု (irritable bowel syndrome)၊ အူရောင်ရမ်းရောဂါ၊ ဝမ်းထွက်ကျ ရောဂါ၊ ကစီဓာတ်နှင့် မတည့်သော ရောဂါ၊ အစားအစာဆိုင်ရာ မတည့်သော ရောဂါများကဲ့သို့ ပြဿနာအခက်အခဲများအတွက် အာဟာရဗေဒပညာရှင်တစ်ဦးထံမှ အစားအစာဆိုင်ရာ အထူးသီးသန့်အကြံဉာဏ်ကိုရယူရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။  


 

The following foods are fibre rich

အောက်ပါအစားအစာများသည် အမျှင်နှင့် ပြည့်နှက်နေပါသည်။

Vegetables and fruits

Choose fresh, canned, frozen or dried such as sultanas, figs, prunes, and dates. 

ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ

လတ်လတ်ဆပ်ဆပ်ပုံစံ၊ စည်သွပ်ဘူးပုံစံ၊ ရေခဲထားသောပုံစံ သို့မဟုတ် အခြောက်လှမ်းထားပုံစံရှိသော အစေ့မဲ့ စပျစ်သီးအခြောက်များ၊ သဖန်းသီးများ၊ မက်မန်းဆီးသီး နှင့် စွန်ပလွံသီးများကို ရွေးချယ်စားပါ။

Cereal foods - high fibre choices

  • High fibre breakfast cereals such as natural muesli, bran cereals and oat cereals
  • High fibre (wholemeal, wholegrain or grainy) bread, rolls, flat bread and crackers
  • Brown rice, wild rice or brown pasta
  • Grains such as barley, buckwheat, burghal, chia, corn, millet, oats, quinoa, rice, rye, semolina, sorghum, spelt and wheat

ဆီရီရလ် အစားအစာများ - အမျှင်အလွန်များပြားသော ရွေးချယ်စရာများ

  • သဘာဝ “မြူစလီ muesli” (ကောက်နှံ၊ အခွံမာသီးသစ်သီးခြောက်ပါဝင်သော စားဖွယ်)၊ ဖွဲနု ဆီရီရလ် နှင့် “အုတ် oat” ဂျုံ ဆီရီရလ် စားဖွယ်များများကဲ့သို့ အမျှင်အလွန်များသော နံနက်စာ ဆီရီရလ် စားဖွယ်များ
  • အမျှင်အလွန်များသော (ဂျုံကြမ်း၊ အခွံမချွတ်ဂျုံ သို့မဟုတ် အစေ့အဆံပါ) ပေါင်မုန့်၊ ပေါင်မုန့်လုံး၊ ပေါင်မုန့်ပြန့် နှင့် ဘီစကွပ်ပွကြွပ်များ
  • ဆန်အညို၊ ဆန်ကြမ်း သို့မဟုတ် ခေါက်ဆွဲခြောက်အညို
  • မုယော၊ ပန်းဂျုံ၊ “ဘုရ်ဂလ် burghal” (ဂျုံကွဲအခြောက်)၊ “ချီယာ chia” (မက်စီကိုနိုင်ငံမှ ပန်းတစ်မျိုး၏ အစေ့)၊ ပြောင်း၊ “မစ်လ် လဲ့တ် millet” (ကောက်နှံပင်တစ်မျိုး)၊ “အုတ် oats” ဂျုံ)၊ “ကင်န်ဝါ quinoa” (တောင်အမေရိကတိုက်နိုင်ငံအချို့မှ အစေ့တစ်မျိုး)၊ ဆန်၊ “ရိုင် rye” (ဥရောပတိုက်မြောက်ပိုင်းပေါက် ဂျုံကြမ်း)၊ ရွှေချီဂျုံ၊ “ဆော်ရ်ဂမ် sorghum” (ပြောင်းမျိုး နှံစားပင်)၊ “စပယ့်လ်တ် spelt” (ဥရောပတိုက်တောင်ပိုင်းပေါက် ဂျုံ) နှင့် သာမန် ဂျုံ များကဲ့သို့ အစေ့အဆံများ ဖြစ်ကြပါသည်။

Beans (legumes)

All beans and peas are fibre rich and examples include: black-eyed beans, borlotti beans, butter beans, cannelini beans, chick peas, haricot beans, kidney beans, lentils, lima beans, mung beans, soy beans and split peas. Foods made from these such as hummus are fibre rich. 

ပဲများ (ပဲသီးများ)

ပဲများ နှင့် ပဲသီးများ၌ အမျှင်နှင့် ပြည့်နှက်နေပြီး ဥပမာတွင် ပါဝင်ကြသည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆံနက် ပဲ၊ “ဘော်လော့တီ” (borlotti) ပဲ၊ ထောပတ်ပဲ/ပဲကျား၊ “ကနီလီနီ cannelini” ပဲ၊ ကုလားပဲကြမ်း၊ “ဟာရီကော့တ် haricot” ဗိုလ်စားပဲ၊ “ကစ်ဒ်နီ kidney” ဗိုလ်စားပဲ၊ ပဲနီကလေး၊ “လီမာ lima” ပဲ၊ ပဲစိမ်း၊ ပဲပုပ်ပဲ နှင့် ပဲခြမ်း တို့ဖြစ်ကြပါသည်။ ဤ ပဲအမျိုးအစားများကို အခြေပြုပြီး စီမံထုတ်လုပ်သော “ဟုမွတ်စ် hummus” (အရှေ့အလယ်ပိုင်းဒေသက ကုလားပဲအနှစ်) ကဲ့သို့သော အစားအစာထဲ၌ အမျှင်နှင့် ပြည့်နှက်နေပါသည်။

Nuts and seeds

All seeds such as flax, sunflower, sesame and poppy seeds, and all nuts such as almonds, cashews, hazelnuts, macadamia, peanuts, pine nuts, pistachios and walnuts. 

အခွံမာသီးများ နှင့် အစေ့များ

ဗီသွာ/နှမ်းကြတ်ပင်၊ နေကြာပင်၊ နှမ်းပင်နှင့် ဘိန်းပင်ကဲ့သို့ အပင်ထွက် အစေ့များအားလုံး၊ ဗာဒံ၊ သီဟိုဠ်သရက်၊ “ဟေဇယ် hazel” အခွံမာသီး၊ “မကယ်ဒေးမီးယား macadamia” အခွံမာသီး၊ မြေပဲ ၊ ထင်းရှုး၊ “ပစ်စ်တာရှို pistachio” အစိမ်းရောင် အခွံမာသီးဆိမ့်တစ်မျိုး၊ သစ်ကြားသီး အခွံမာသီးများအားလုံး ဖြစ်ကြပါသည်။


 

How much fibre should I have?

ကျွနု်ပ် အမျှင်ဘယ်လောက် စားသင့်သနည်း။

Aim for at least 25-30g of fibre each day See the table below for the amount of fibre in different foods.

နေ့စဉ် အနည်းဆုံး 25 မှ 30 ဂရမ်အထိအမျှင်ကို စားသုံးရန် ရည်မှန်းပါ။ အစားအစာမျိုးစုံတွင်ပါရှိသော အမျှင်ပမာဏကိုသိရှိရန် အောက်ပါဇယား၌ကြည့်ပါ။

 
HIGH FIBRE CHOICEFIBRE (g)LOW FIBRE CHOICEFIBRE (g)
1/2 cup cooked green or orange vegetables2.51 cup vegetable juice0
1 piece of fruit21 cup fruit juice0
1 slice grainy or wholemeal bread21 slice white bread1
1 cup cooked brown rice1.51 cup cooked white rice1
Breakfast cereal: 2 wheat biscuits or 3/4 cup rolled oats or untoasted muesli3.5+One bowl of white or refined cereal e.g. flakes of corn0.5 - 1
Beans (1/2 cup)7
Mixed nuts (1/4 cup)3



 

ရွေးချယ်သင့်ရာ အမျှင်အလွန်များပြားသည့် အစားအစာအမျှင် (ဂရမ်)ရွေးချယ်သင့်ရာ အမျှင်နည်းပါးသည့် အစားအစာအမျှင် (ဂရမ်)
ချက်ထားသော အစိမ်း သို့မဟုတ် လိမ္မော်ရောင် ဟင်းသီးဟင်းရွက်များ ½ ခွက်2.5ဟင်းသီးဟင်းရွက်ရည် 1 ခွက်0
သစ်သီး 1 လုံး2သစ်သီးရည် 1 ခွက်0
ဂျုံကြမ်း သို့မဟုတ် အစေ့အဆံပါ ပေါင်မုန့် 1 ချပ်2ပေါင်မုန့်အဖြူ 1 ချပ်1
ချက်ထားသော ဆန်အညို 1 ခွက်1.5ချက်ထားသော ဆန်အဖြူ 1 ခွက်1
နံနက်စာ ဆီရီရလ် များ။ ဂျုံဘီစကွတ် 2 ခု သို့မဟုတ် “အုတ်” ဂျုံလိပ် သို့မဟုတ် မကင်ထားသော “မြူစလီ”3½ ထက်ပိုသည်အဖြူ သို့မဟုတ် စီမံချက်ထားပြီးသား ဆီရီရလ် တစ်ပုဂံ၊ ဥပမာ ပြောင်းအချပ်လွှာများ0.5 - 1
ပဲ (½ ခွက်)7
အခွံမာသီးစုံ (1/4 ခွက်)3

To help you achieve 25-30g fibre each day, try the following:

  1. Have plenty of vegetables (aim for 5-6 serves every day)
  2. Choose at least two serves of fruit every day (with skin where possible)
  3. Choose high fibre cereal foods (wholemeal or wholegrain) more often than white or refined varieties
  4. Include beans, nuts and seeds regularly in your diet

တစ်နေ့တွင် 25 မှ 30 ဂရမ်အမျှင်ကို အစာအဖြစ်ရရှိနိုင်ရန် ၊ အောက်ပါတို့ကို စမ်းစားကြည့်ပါ -

  1. ဟင်းသီးဟင်းရွက် များစွာစားပါ (နေ့စဉ် 5 ပုံ မှ 6 ပုံအထိ စားရန် ရည်မှန်းပါ)
  2. နေ့စဉ် သစ်သီးအနည်းဆုံး နှစ်လုံး ရွေးစားပါ (ဖြစ်နိုင်လျှင် အခွံနှင့်အတူ စားပါ)
  3. အဖြူ သို့မဟုတ် စီမံချက်ထားပြီးသား အစားအစာများထက်၊ အမျှင်အလွန်များသော ဆီရီရလ် အစားအစာများ (ဂျုံကြမ်း သို့မဟုတ် အခွံမချွတ် ဂျုံ) ကို ပိုပြီး ရွေးချယ်စားသုံးပါ
  4. သင့်အစားအစာထဲတွင် ပဲ၊ အခွံမာသီးများ နှင့် အစေ့များကို ပုံမှန်ထည့်သွင်းပါ


 

Getting enough fibre each day

အမျှင်ကို နေ့စဉ် လုံလုံလောက်လောက်ရရှိရေး

Choose at least 5-6 vegetable serves each day (plus the skin if edible) of fresh, frozen, dried or low salt canned vegetables.

လတ်လတ်ဆပ်ဆပ် ပုံစံ၊ ရေခဲရိုက်ထားပြီးသား ပုံစံ၊ အခြောက် ပုံစံ၊ သို့မဟုတ် ဆားလျှော့ထည့်တားသော စည်သွပ်ပုံစံ ဟင်းသီးဟင်းရွက်ကို နေ့စဉ် အနည်းဆုံး 5 ပုံ မှ 6 ပုံအထိ (စားနိုင်လျှင် အခွံနှင့်အတူ) စားရန်ရွေးချယ်ပါ။

What is a serve of vegetable? 
ဟင်းသီးဟင်းရွက်အပုံဆိုသည်မှာ အဘယ်နည်း

  •  
    • Half a cup of cooked broccoli, spinach, carrots, pumpkin, sweet corn and peas
  • ချက်ပြီးသား ပန်းဂေါ်ဖီစိမ်း၊ ဒေါက်ခွ၊ မုန်လာဥနီ၊ ဖရုံ၊ ပြောင်းဖူး နှင့် ပဲစေ့ခွက် တစ်ဝက်

  •  
    • One cup of green leafy or raw salad vegetables
  • ရွက်စိမ်းလှိုင်လှိုင် ဟင်းသီးဟင်းရွက် သို့မဟုတ် အစိမ်းစားဟင်းသီးဟင်းရွက်စုံအသုပ် တစ်ခွက်

  •  
    • Half a medium potato, sweet potato or one medium tomato
  • အလယ်အလတ်အရွယ်ရှိသော အာလူး၊ ကန်စွန်းဥ တစ်ဝက် သို့မဟုတ် ခရမ်းချဉ်သီး တစ်လုံး

Limit your intake of fried vegetables such as potato chips or crisps 
အာလူးချောင်းကျော် သို့မဟုတ် အာလူးကျွတ်ကျော်ကဲ့သို့ ဟင်းသီးဟင်းရွက်အကျော်များကို အကန့်အသတ်နှင့် စားပါ


  

Choose at least two serves of fruit each day (plus the skin if possible). You can have fresh, stewed, frozen, dried or canned fruit in natural juice (not syrup).

သစ်သီးကို နေ့စဉ် အနည်းဆုံးနှစ်ပုံ (စားနိုင်လျှင် အခွံနှင့်အတူ) စားရန်ရွေးချယ်ပါ။ သင့်အနေနှင့် သစ်သီးကို လတ်လတ်ဆပ်ဆပ်ပုံစံ၊ ပြုတ်ချက်ချက်ထားပြီးသားပုံစံ၊ ရေခဲရိုက်ထားပုံစံ၊ အခြောက်ပုံစံ သို့မဟုတ် သဘာဝသစ်သီးရည်ထဲ၌ စိမ်တားသော စည်သွပ်ဘူးပုံစံ (သကြားရည်မပါ) - မည်သည့်ပုံစံနှင့်မဆို စားနိုင်ပါသည်။

What is a serve of fruit? 
သစ်သီးအပုံဆိုသည်မှာ အဘယ်နည်း

  • One medium apple, banana, orange or pear
  • Two small apricots, kiwifruit or plums
  • One cup diced or canned fruit (no added sugar)
  • အလယ်အလတ်စား ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး သို့မဟုတ် သစ်တော်သီးတစ်လုံး
  • တရုတ်ဆီးသီး၊ ကတ္တီပါသီး သို့မဟုတ် ဆီးသီး အသေးနှစ်လုံး
  • အတုံးတုံးထားသော သစ်သီး သို့မဟုတ် (သကြားထပ်မဖြည့်ထားသော) စည်သွပ်ဘူးပါ သစ်သီးတစ်ခွက်

  •  
    • 30g dried fruit (11/2 tablespoons of sultanas or 4 dried apricots)
  • သစ်သီးခြောက် 30 ဂရမ် (စပျစ်သီးအခြောက် ဇွန်းကြီး 1½ ဇွန်း သို့မဟုတ် တရုတ်ဆီးသီးအခြောက် 4 လုံး

Some fruits have long been used to keep bowels regular 
တစ်ချို့သောသစ်သီးများကို ဝမ်းမှန်မှန်သွားရန် စားသုံးခဲ့ကြသည်မှာ ကြာလှပါပြီ

Figs 
သဖန်းသီး

Kiwifruit 
ကတ္တီပါသီး

Prunes 
မန်မန်းပုံစံ ဆီးသီး

Dates 
စွန်ပလွံသီး


Choose high fibre cereal foods (wholemeal or wholegrain) more often than white or refined varieties.

အဖြူပုံစံ သို့မဟုတ် စီမံချက်ထားပြီးသားပုံစံ အစားအစာများထက်၊ အမျှင်အလွန်များသော ဆီရီရလ် အစားအစာများ (ဂျုံကြမ်း သို့မဟုတ် အခွံမချွတ် ဂျုံ) ကို ပိုပြီး ရွေးချယ်စားသုံးပါ။

Choose high fibre or wholegrain breakfast cereals 
အမျှင်များစွာပါသော သို့မဟုတ် အခွံမချွတ် ဂျုံပါသော နံနက်စာ ဆီရီရလ် စားသောက်ဖွယ်များကို ရွေးချယ်ပါ

  • Oats, porridge, natural muesli, high fibre wheat or bran cereals
  • “အုတ်” ဂျုံ ၊ယာဂု ၊ သဘာဝ “မြူစလီ”၊ အမျှင်များစွာပါသော ဂျုံ သို့မဟုတ် ဖွဲနု ဆီရီရလ်

Add fibre to your favourite breakfast cereals

  • Sprinkle on nuts or seeds e.g. LSA (linseed, sunflower and almond)
  • Add 1–2 tablespoons of bran or flax seed
  • Mix your preferred cereal with a very high fibre breakfast cereal

သင်၏ အကြိုက်နှစ်သက်ဆုံး နံနက်စာ ဆီရီရလ် အထဲ၌ အမျှင်ကို ရောထည့်ပါ

  • အခွံမာသီး သို့မဟုတ် အစေ့များ ဥပမာ LSA (ဗီသွာ/နှမ်းကြတ်၊ နေကြာ နှင့် ဗာဒံ အရောအနှော) ဖြူးပါ
  • ဖွဲနုစေ့ သို့မဟုတ် ဗီသွာ/နှမ်းကြတ်စေ့ ဇွန်းကြီး 1 ဇွန်း မှ 2 ဇွန်း ရောထည့်ပါ
  • သင်ပိုပြီးကြိုက်နှစ်သက်ရာ ဆီရီရလ် ကို အမျှင်အလွန်များပြားသော နံနက်စာ ဆီရီရလ် နှင့်အတူ ရောစားပါ

Choose wholemeal bread or grainy bread, toast, rolls, pita bread, pasta or rice

  • Wholemeal or wholegrain bread, rolls, pita, lavish, mountain bread or dark rye breads
  • Brown pasta (or mix brown pasta with white pasta)
  • Brown or wild rice (or mix white rice with brown rice)
  • Wholemeal lasagna sheets
  • Wholemeal rice in stir frys, risottos and curries
  • Grainy crisp bread instead of white crackers

ဂျုံကြမ်းပေါင်မုန့် သို့မဟုတ် အစေ့အဆံပါ ပေါင်မုန့်၊ ပေါင်မုန့်ကင်၊ ပေါင်မုန့်လုံး၊ “ပိတာ” ပေါင်မုန့်၊ ခေါက်ဆွဲခြောက် သို့မဟုတ် ဆန်

  • ဂျုံကြမ်း သို့မဟုတ် အခွံမချွတ် ဂျုံ ပေါင်မုန့်၊ ပေါင်မုန့်လုံး၊ “ပိတာ pita” (အရှေ့အလယ်ပိုင်းဒေသ ပေါင်မုန့်တစ်မျိုး)၊ “လာဗစ်ရှ် lavish” (အရှေ့အလယ်ပိုင်းဒေသ ပေါင်မုန့်တစ်မျိုး)၊ “မောင်တိန် mountain” (အရှေ့အလယ်ပိုင်းဒေသ ပေါင်မုန့်တစ်မျိုး) နှင့် “ရိုင် (rye)” ပေါင်မုန့်အညို
  • ခေါက်ဆွဲအခြောက်အညို (သို့မဟုတ် ၎င်းကို ခေါက်ဆွဲအခြောက်အဖြူနှင့် ရောစပ်ပါ)
  • ဆန်အညို သို့မဟုတ် ဆန်ကြမ်း (သို့မဟုတ် ဆန်အဖြူကို ဆန်အညိုနှင့် ရောစပ်ပါ)
  • ဂျုံးကြမ်း “လဇားန်ယား lasagna” (အီတာလျံခေါက်ဆွဲ) အပြားအချပ်များ
  • ဆီပူထိုးကျော်ခြင်းများ၊ “ရီဆော့တ္တို risotto” (အီတာလျံ သားပြွမ်းထမင်း) နှင့် ဟင်းများထဲ၌ ဆန်အညိုကို အသုံးပြုခြင်း
  • ဂျုံမှုန့်ပါ ဘီစကွပ်ပွကြွပ်များအစား အစေ့အဆံပါသော မုန့်ကြွပ် တို့ဖြစ်ကြပါသည်။

Add high fibre grains when cooking or preparing meals

  • Soups: add beans, lentils, split peas or barley
  • Salads: use quinoa, brown rice, wild rice, buckwheat or cracked wheat (burghal) for example tabouli
  • Baking:
    • Use wholemeal flour or oats instead of white flour, for example muffins, pikelets or making oat crumble toppings
    • When a well-risen product is required such as scones or cakes use half white flour mixed with half wholemeal flour
    • Use wholegrain bread crumbs instead of white for crumbing fish or chicken

အစားအစာကို ချက်ပြုတ်သောအခါ၌ သို့မဟုတ် အသင့်ပြင်ဆင်သောအခါ၌ အမျှင်များစွာပါသော အစေ့အဆံများကို ရောစပ်ပါ

  • ဟင်းချိုထဲ၌ ပဲ၊ ပဲနီကလေး၊ ပဲခြမ်း သို့မဟုတ် မုယော ရောထည့်ပါ
  • အသုပ်ထဲ၌ “ကင်န်ဝါ”၊ ဆန်အညို၊ ဆန်ကြမ်း၊ ပန်းဂျုံ သို့မဟုတ် “ဘုရ်ဂလ်” - ဥပမာ “တာဘူလီ tabouli” (အရှေ့အလယ်ပိုင်းဒေသ အသုပ်တစ်မျိုး) ကို အသုံးပြုပါ
  • ဖုတ်ခြင်း
    • ဂျုံဖြူအစား ဂျုံအညို သို့မဟုတ် “အုတ်” ဂျုံအညို သုံးပါ၊ ဥပမာ “မတ်ဖင်န် muffin” မုန့်များ၊ “ပိုက်ကလက် pikelet” များ သို့မဟုတ် “အုတ်” ဂျုံကြွပ် အချိုပွဲ
    • “စကုန်းန် scone” နို့ပေါင်မုန့် သို့မဟုတ် ကိတ်မုန့်ကဲ့သို့ ကောင်းကောင်း ပွတက်နိုင်ရာ မုန့်များကို ဖုတ်သည့်အခါ၌ ဂျုံဖြူ နှင့် ဂျုံအညိုကို တစ်ဝက်စီ ရောစပ်သုံးပါ
    • ငါး သို့မဟုတ် ကြက်သားကို မံရန်အတွက် ဂျုံဖြူပေါင်မုန့်ကြွပ် အစအနများအစား အခွံမချွတ် ဂျုံ ပေါင်မုန့်ကြွပ် အစအနကို သုံးပါ

Include beans, nuts and seeds regularly in your diet

သင့်အစားအစာထဲ၌ ပဲများ၊ အခွံမာသီးများ နှင့် အစေ့များကို ပုံမှန် ပါဝင်ပါစေ

Breakfast 
နံနက်စာ

  • Sprinkle nuts and seeds on breakfast cereal
  • နံနက် စာ ဆီရီရယ်လ်၌ အခွံမာသီးများနှင့် အစေ့များကို ဖြူးပါ
  • Try baked beans or peanut paste on high fibre toast
  • အမျှင်များစွာပါသော ပေါင်မုန့်ကင်ထဲ၌ ဖုတ်ထားသောပဲ သို့မဟုတ် မြေပဲကြိတ်ကိုထည့်ပြီး စမ်းစားကြည့်ပါ

Cooking or preparing meals

  • Add lentils, whole barley or split peas to soups and meals such as lasagna, casseroles or stews, or choose dishes based on beans such as dahl
  • Add beans to pasta dishes such as spaghetti bolognese, burritos, chilli con carne or tacos

အစားအစာချက်ပြုတ်ခြင်း သို့မဟုတ် အသင့်ပြင်ဆင်ခြင်း

  • ဟင်းချိုများနှင့် “လဇားန်ယား”၊ “ကဲ့စ္စရိုးလ် casserole” (ပြင်သစ်ပုံစံဟင်း) သို့မဟုတ် ပြုတ်ချက်ဟင်းများကဲ့သို့ အစားအစာများထဲ၌ ပဲနီကလေး၊ မုယောစေ့ အလုံးလိုက် သို့မဟုတ် ပဲခြမ်းများကို ရောစပ်ပါ။ ပဲဟင်းကဲ့သို့ ပဲအခြေပြု ဟင်းလျာများကို ရွေးချယ်သုံးဆောင်ပါ
  • “စပါဂက်တီ ဘိုလိုနေ spaghetti bolognese” (အီတာလျံခေါက်ဆွဲအစားအစာ)၊ “ဘူရီးတို့စ် burritos” (မက်စီကန် အစားအစာ)၊ “ချိလီ ကော်န်ကားနီး chilli con carne” (မက်စီကန် အစားအစာ)၊ “တားကော့်စ် tacos” (မက်စီကန် အစားအစာ) ကဲ့သို့ ခေါက်ဆွဲခြောက်ဟင်းလျာများထဲတွင် ပဲများကိုရောစပ် စားပါ

Salads

Add canned beans, four-bean mix, chickpeas or toasted nuts

အသုပ်များ

စည်သွပ် ပဲများ၊ ပဲလေးမျိုးစပ်၊ ကုလားပဲ သို့မဟုတ် ကင်ထားသော အခွံမာသီးများကို ရောစပ်ပါ။

Snacks

  • Trail mix (unsalted nuts and dried fruit)
  • Popcorn – plain or lightly salted
  • Wholegrain crackers and hummus

သရေစာ

  • အစုံစပ် (ဆားမပါ အခွံမာသီးများ နှင့် သစ်သီးအခြောက်)
  • ပြောင်းဖူးပေါက်ပေါက် - ရိုးရိုး သို့မဟုတ် ဆားပေါ့ပေါ့ခတ်
  • အခွံမချွတ် ဂျုံ ဘီစကွပ်ပွကြွပ်များ နှင့် “ဟုမွတ်စ်” တို့ဖြစ်ပါသည်။

What about fluids? 
အရည်များကရော မည်သို့ရှိကြနည်း

Fibre and water work together to keep us regular. Without enough fluid, increasing fibre may result in constipation, so always have enough to drink each day.

အမျှင် နှင့် ရေတို့သည် ပူးတွဲအလုပ်လုပ်ကြပြီး ကျွန်ုပ်တို့ကို ဝမ်းမှန်မှန်သွားစေပါသည်။ အရည်လုံလောက်မှုမရှိလျှင် အမျှင်က ကျွန်ုပ်တို့ကို ဝမ်းချုပ်စေနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့်နေ့စဉ် လုံလောက်အောင် သောက်ပါ။

What drinks should I choose?

Water is preferred over drinks with added sugar (such as soft drinks, cordials, sports and energy drinks) and fruit juice, as water has no calories and will not result in weight gain. Water is also preferred over diet soft drinks and fruit juice as the acidity of these drinks can break down the hard covering on our teeth called enamel.

ကျွန်ုပ် အဘယ်အရာများကို သောက်ရန် ရွေးချယ်သင့်သနည်း

ရေ၌ ကယ်လိုရီ (အစားအစာမှရသော စွမ်းအင်အတိုင်းအတာ) မရှိပြီး၊ ကိုယ်အလေးချိန် မတိုးစေလိမ့်မည့်အတွက်၊ သကြားထပ်ဖြည့်ထားသော အရည်များ (ဥပမာ ယမကာ၊ ဖျော်ရည်၊ အားကစားဖျော်ရည်များ နှင့် အားတိုးဖျော်ရည်များ) နှင့် သစ်သီးရည်များအစား ရေသောက်ခြင်းကို ရွေးချယ်စေလိုပါသည်။ အချိုပေါ့ ယမကာများ နှင့် သစ်သီးအရည်များ၏ အချဉ်ဓာတ်သည် ကျွန်ုပ်တို့ သွား၏ အပေါ်ယံကြွေသားကို ယိုယွင်းပျက်စီးစေနိုင်သည့်အတွက်လည်း ဤအရည်များအစား ရေသောက်ခြင်းကို ရွေးချယ်စေလိုပါသည်။

How much?

As a general rule aim for 1.5–2 litres of fluid per day (6–8 glasses) unless advised otherwise by your doctor. More fluid may be required in hot weather and when exercising.

မည်မျှ သောက်ရမည်နည်း

သင့်ဆရာဝန်က မလုပ်ပါနှင့်ဟု မပြောသမျှ၊ ပုံမှန်အားဖြင့် တစ်နေ့တွင် 1.5 မှ 2 လီတာ အရည် (6 ခွက် မှ 8ခွက် အထိ) သောက်ရန် ရည်မှန်းပါ။ ပူသောရာသီ၌ နှင့် လေ့ကျင့်ခန်းလုပ်သောအခါ၌ နောက်ထပ်အရည်သောက်ရန် လိုအပ်နိုင်ဖွယ်ရှိပါမည်။

What about tea and coffee?

  • Tea and coffee can count as part of your fluid intake
  • Tea and coffee (or caffeine drinks) may need to be reduced if you have urinary incontinence. Discuss this with a continence health professional if you have any concerns

လက်ဖက်ရည် နှင့် ကော်ဖီကရော မည်သို့ရှိကြသနည်း

  • လက်ဖက်ရည် နှင့် ကော်ဖီကို သင့်အရည်သောက်သုံးမှုစာရင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်တွက်နိုင်ပါသည်
  • အကယ်၍သင့်ထံ၌ ဆီးမထိန်းနိုင်သော အခက်အခဲရှိလျှင်၊ လက်ဖက်ရည် နှင့် ကော်ဖီ (သို့မဟုတ် ကဖိန်းဓာတ်ပါသော အရည်များ) ကို လျှော့သောက်ရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ အကယ်၍သင့်ထံ၌ စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာရှိလျှင်၊ ဤကိစ္စကို ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကျန်းမာရေးအတတ်ပညာရှင်နှင့် တွေ့ဆုံဆွေးနွေးပါ။

Boosting your fibre: slowly does it 
အမျှင်စားသုံးမှု တိုးမြှင့်ပေးခြင်းကို တစ်ဖြည်းဖြည်းလုပ်ပါ

  • Increase your fibre slowly. Try making one change per week to avoid gas, bloating, cramps and diarrhoea from building up fibre intake too quickly.
  • Plenty of fluids help the fibre work better, so drink more as you increase your fibre
  • သင်အမျှင်စားသုံးမှု တိုးမြှင့်ပေးခြင်းကို တစ်ဖြည်းဖြည်းလုပ်ပါ။ အမျှင်စားသုံးမှု တိုးမြှင့်ပေးခြင်းကို မြန်ဆန်လွန်းစွာလုပ်သည့်အတွက် လေထခြင်း၊ လေပွခြင်း၊ ကြွက်တက်ခြင်း နှင့် ဝမ်းလျှောခြင်းများကို မဖြစ်စေရန် ပြောင်းလဲမှုလုပ်ခြင်းများကို တစ်ပတ်တစ်ကြိမ် စမ်းလုပ်ကြည့်ပါ။
  • အရည်များစွာက အမျှင်ဓာတ် အလုပ်လုပ်မှုကို အထောက်အကူပြုပေးပါသည်၊ ထို့ကြောင့် သင် အမျှင်စားသုံးမှုကို တိုးမြှင့်သည်နှင့်အမျှ၊ အရည်များကို ပိုပြီးသောက်ပေးပါ။

Fibre supplements

Try to avoid making up for a low fibre eating plan by relying mainly on fibre supplements or foods with concentrated sources of fibre such as bran or psyllium husk. These may give you enough fibre but you will miss out on the mixture of fibre which is needed to protect the gut. If you feel you need a fibre supplement and would like more information, talk to a continence health professional or Dietitian.

အမျှင်အဖြည့်ပစ္စည်းများ

အမျှင်အဖြည့်ပစ္စည်းများ သို့မဟုတ် ဖွဲနု၊ “ဆီလီယမ် psyllium” (ဥရောပ/အာရှတိုက်အရပ်ထွက် အပင်တစ်မျိုး) ၏ အခွံမျိုးကဲ့သို့သော အမျှင်အရင်းအမြစ် များလွန်းသောအစားအစာများအပေါ် အဓိကအားဖြင့် အမှီသဟဲပြုပြီး၊ အမျှင်စားသုံးမှု နည်းပါးခြင်းကို အစားဖြည့်ရန် မကြိုးစားပါနှင့်။ ဤအရာများက သင့်ကို အမျှင်လုံလုံလောက်လောက် ပေးနိုင်ဖွယ်ရှိသော်လည်း၊ အူကို ကာကွယ်ပေးရန် လိုအပ်သော အမျှင်အရောအစပ်ပေါင်းစုံကို သင်ရရှိလိမ့်မည်မဟုတ်ပါ။ အကယ်၍သင့်အနေနှင့် အမျှင်အဖြည့်ပစ္စည်းများကို လိုအပ်ပြီး၊ သိကောင်းစရာအချက်အလက်များကို ပိုပြီးသိလိုလျှင်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကျန်းမာရေးအတတ်ပညာရှင် သို့မဟုတ် အာဟာရဗေဒပညာရှင်နှင့် တွေ့ဆုံဆွေးနွေးပါ။


0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020