Browse and download our factsheets in Burmese

Easy steps to keep your bladder healthy

Good bladder ha bits can improve bladder control.

Poor bladder habits can lead to poor bladder control. This includes wetting yourself. This brochure has some easy steps you can take to keep your bladder healthy.

သင့်ဆီးအိမ် ကောင်းမွန်စွာ ရှိနေစေရန် လွယ်ကူသည့် နည်းလမ်းအဆင့်များ

ဆီးအိမ်ဆိုင်ရာ ကောင်းမွန်သည့် အလေ့အကျင့်များသည် ဆီးထိန်းနိုင်မှုကို တိုးတက်လာစေနိုင်ပါသည်။

ဆီးအိမ်ဆိုင်ရာ မကောင်းသော အလေ့အကျင့်များသည် ဆီးကောင်းစွာ မထိန်းနိုင်ခြင်းကို ဖြစ်လာစေနိုင်ပါသည်။ ထိုအထဲတွင် ဆီးထွက်ကျခြင်းလည်း ပါဝင်သည်။ ဤစာစောင်တွင် သင့်ဆီးအိမ် ကောင်းမွန်စွာ ရှိနေစေရန် လုပ်ရန်လွယ်ကူသည့် နည်းလမ်းအဆင့်အချို့ ပါရှိပါသည်။

Step 1 – Use good toilet habits

  • It is normal to go to the toilet 4 to 6 times a day.
  • You shouldn’t get up to go to the toilet more than once a night.
  • Don't get into the habit of going to the toilet ‘just in case’. Try to go to the toilet only when your bladder is full. Going to the toilet just before you go to bed is fine.
  • Women should sit down to go to the toilet. Do not hover over the toilet seat.
  • Take your time. Relax when you are on the toilet. This helps your bladder to empty out fully. If you rush, you may not empty your bladder fully and over time you could get a bladder infection.

အဆင့် ၁ – အိမ်သာသွားရာတွင် ကောင်းမွန်သော အလေ့အကျင့်များကို ပြုလုပ်ပါ။

  • တစ်နေ့လျှင် အိမ်သာ ၄ ကြိမ်မှ ၆ ကြိမ်သွားခြင်းသည် ပုံမှန်ဖြစ်ပါသည်။
  • ညဘက်များတွင် သင် အိမ်သာသွားရန် တစ်ကြိမ်ထက်ပိုပြီး မထသင့်ပါ။
  • ‘လိုလိုမယ်မယ်’ အိမ်သာသွားထားမည် ဆိုသည့် အလေ့အကျင့် ဖြစ်လာအောင် မလုပ်ပါနှင့်။ သင့်ဆီးအိမ် တင်းလာသည့်အခါမှသာ အိမ်သာကိုသွားရန် ကြိုးစားပါ။ သင် အိပ်ရာမဝင်ခင်လေးတွင် အိမ်သာသွားလိုလျှင် သွားနိုင်ပါသည်။
  • အမျိုးသမီးများ အိမ်သာသွားရန် အိမ်သာအိုးပေါ်တွင် ထိုင်သင့်ပါသည်။ အိမ်သာအိုးပေါ် ခွပြီး မတ်တပ်မရပ်ရပါ။
  • အချိန်ယူပါ။ သင် အိမ်သာအိုးပေါ်တွင် ထိုင်ပြီဆိုသည်နှင့် စိတ်လျှော့ထားလိုက်ပါ။ ၎င်းမှာ သင့်ဆီးအိမ်ထဲမှ ဆီးကို အကုန်စွန့်ထုတ်ရန် အထောက်အကူဖြစ်စေပါသည်။ အကယ်၍ သင် လောကြီးနေမည်ဆိုလျှင် သင့်ဆီးအိမ်ထဲမှ ဆီးအကုန်မထွက်ဘဲ အချိန်ကြာလာသည်အမျှ သင့်ဆီးအိမ်တွင် ရောဂါပိုးဝင်နိုင်ပါသည်။

Step 2 – Look after your pelvic floor muscles

  • Keep your pelvic floor muscles strong with pelvic floor muscle training.
  • Call the National Continence Helpline 1800 33 00 66 and ask for the brochure about Pelvic Floor Muscle Training. There is a brochure for men and women.
  • See a continence physiotherapist or continence nurse advisor to check that you are training your pelvic floor muscles the right way.

အဆင့် ၂ - သင့် တင်ပါးဆုံခွက် ကြွက်သားများကို ဂရုစိုက်ပါ။

  • သင့် တင်ပါးဆုံခွက်ကြွက်သားများကို တင်ပါးဆုံခွက်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းဖြင့် အားကောင်းနေပါစေ။
  • National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး၊ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို 1800 33 00 66 တွင် ဆက်သွယ်ပြီး တင်ပါးဆုံခွက်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း စာစောင် (Pelvic Floor Muscle Training) ကို တောင်းပါ။ အမျိုးသားများနှင့် အမျိုးသမီးများအတွက်ဟူ၍ နှစ်မျိုး ရှိပါသည်။
  • ဆီး၊ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ဖီဆီယို သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးနှင့်တွေ့ပြီး သင်လုပ်နေသည့် တင်ပါးဆုံခွက်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း မှန်၊ မမှန်ကို စစ်ဆေးမေးမြန်းပါ။

Step 3 – Keep good bowel habits

  • Avoid constipation.
  • Do not strain when using your bowels. This puts extra load onto your pelvic floor muscles and may weaken the muscles. The pelvic floor muscles help with bladder and bowel control.
  • Eat 2 pieces of fruit and 5 serves of vegetables daily.
  • Keep active. Physical activity helps to keep your bowels regular.

အဆင့် ၃ – ဝမ်းသွားခြင်နှင့်ပတ်သက်သည့် ကောင်းသောအလေ့အကျင့်များ ထားပါ။ ဝမ်းမချုပ်ပါစေနှင့်။

  • ဝမ်းသွားသည့်အခါ မညှစ်ပါနှင့်။
  • ၎င်းက သင့် တင်ပါးဆုံခွက်ကြွက်သားများအပေါ် ဝန်ထုပ်ဝန်ပိုး ပို၍ ဖြစ်စေသည့်အတွက် ကြွက်သားများကို အားနည်းစေနိုင်ပါသည်။ တင်ပါးဆုံခွက်ကြွက်သားများသည် ဆီးနှင့်ဝမ်း ထိန်းသိမ်းရာတွင် အထောက်အကူပြုပါသည်။
  • နေ့စဉ် သစ်သီး ၂ လုံးနှင့် ဟင်းသီးဟင်းရွက် ၅ ပုံ စားပါ။
  • လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ကာယ လှုပ်ရှားမှုက သင့်ဝမ်း မှန်နေစေရန် အထောက်အကူပြုပါသည်။

Step 4 – Drink plenty of fluid

  • Consume 1.5 – 2 litres of fluid per day unless your doctor says this is not okay.
  • Cut down on how much caffeine and alcohol you drink. These may upset your bladder. There is caffeine in chocolate, coffee and tea. Avoid fizzy drinks which contain caffeine. These include cola and sports drinks.

အဆင့် ၄ – အရည်များများ သောက်ပါ။

  • သင့်ဆရာဝန်က မလုပ်နှင့်ဟု မပြောသမျှ တစ်နေ့လျှင် ၁.၅ မှ ၂ လီတာ ပမာဏ အရည်ကို သောက်ပါ။
  • သင် ကာဖိန်းနှင့် အရက်သေစာ သောက်သည့် ပမာဏကို လျှော့ချပါ။ ၎င်းတို့သည် သင့်ဆီးအိမ်ကို ဒုက္ခပေးနိုင်ပါသည်။ ကာဖိန်းဓာတ်သည် ချော့ကလက်၊ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင် ပါဝင်သည်။ ကာဖိန်းပါဝင်သည့် အမြှုပ်ထသော သောက်ရည်များကို ရှောင်ကြဉ်ပါ။ ၎င်းတို့အထဲတွင် ကိုလာနှင့် အားကစားသမားများ သောက်သည့် အရည်များလည်း ပါပါသည်။

Step 5 – Seek help

Seek help from your doctor, continence physiotherapist or continence nurse advisor if you:

  • wet yourself when you cough, sneeze, laugh or lift. Even if it is only a few drops.
  • leak when you stand up or do sports or other activity.
  • have an urgent need to pass urine and:
    • you have a strong feeling of not being able to hold on.
    • you leak on the way to the toilet.
    • you don’t always get to the toilet in time.
  • pass small amounts of urine often through the day.
  • have to get up more than once overnight to pass urine. Overnight means during an eight-hour sleep.
  • have trouble starting your stream of urine.
  • have to strain to pass urine.
  • have a stream that stops and starts instead of a smooth flow.
  • feel your bladder is not empty when you have finished passing urine.
  • feel burning or pain while passing urine.
  • feel a need to give up things you enjoy because of poor bladder or bowel control, such as walking, aerobics or dancing.
  • notice any change in your regular bladder habits that worry you.
  • wet the bed past the age of 5.

အဆင့် ၅ – အကူအညီ ရယူပါ။

အကယ်၍ သင့်ထံ၌ အောက်ဖေါ်ပြပါ အခက်အခဲများရှိနေခဲ့ပါက သင့် ဆရာဝန်၊ ဆီးဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီးဝမ်းထိန်းနိုင်မှုဆိုင်ရာ သူနာပြုအကြံပေးနှင့်တွေ့ပြီး အကူအညီရယူပါ။

  • သင် ချောင်းဆိုးသည့်အခါ၊ နှာချေသည့်အခါ၊ ရယ်သည့်အခါ၊ သို့မဟုတ် တစ်ခုခုကို ပင့်မသည့်အခါ အစက်အနည်းငယ်ပင်ဖြစ်စေကာမူ ဆီးထွက်ကျခဲ့လျှင်။
  • သင် မတ်တပ်ရပ်လိုက်သည့်အခါ၊ အားကစားလုပ်သည့်အခါ၊ သို့မဟုတ် အခြားလှုပ်ရှားမှု တစ်ခုခုလုပ်သည့်အခါ ဆီးထွက်ကျခဲ့လျှင်။
  • အရေးပေါ် ဆီးသွားချင်စိတ်ပေါ်လာပြီး
    • ဆီးမထိန်းနိုင်တော့သည့် ခံစားမှု အပြင်းအထန်ဖြစ်လာခဲ့လျှင်
    • အိမ်သာကိုအသွားတွင် ဆီးထွက်ကျခဲ့လျှင်
    • အိမ်သာကို သင် ဘယ်သောအခါမှ အချိန်မီ မရောက်ခဲ့လျှင်
  • တစ်ခါတစ်ရံ တစ်နေ့လုံးတွင် ဆီးပမာဏ အနည်းငယ်မျှသာ ခဏခဏသွားခဲ့လျှင်
  • တစ်ညလုံးတွင် ဆီးသွားရန် တစ်ကြိမ်ထက်မနည်း ထခဲ့ရလျှင်။ တစ်ညလုံးဆိုသည်မှာ ရှစ်နာရီကြာ အိပ်စက်ခြင်းကို ဆိုလိုပါသည်။
  • သင် ဆီး စတင်သွားရန် အခက်အခဲရှိနေလျှင်။
  • ဆီးသွားရန် အားစိုက်နေရလျှင်။
  • ဆီးချောမွေ့စွာ သွားရမည့်အစား ဆီးသွားလိုက် ရပ်လိုက် ဖြစ်နေလျှင်။
  • သင် ဆီးသွားပြီးဖြစ်သော်လည်း သင့်ဆီးအိမ်တွင် ဆီးမကုန်သေးဟု ခံစားနေရလျှင်။
  • ဆီးသွားသည့်အခါ ပူလောင်လျှင် သို့မဟုတ် နာကျင်လျှင်။
  • လမ်းလျှောက်ခြင်း၊ အေရိုးဘစ် ကစားခြင်း၊ သို့မဟုတ် ကခုန်ခြင်းကဲ့သို့ သင် ပျော်ရွှင်နှစ်သက်ရာများကို ဆီး သို့မဟုတ် ဝမ်း မထိန်းနိုင်သည့်အတွက် စွန့်လွှတ်ရန် လိုအပ်သည်ဟု ခံစားနေရလျှင်။
  • သင် ပုံမှန်လုပ်နေသည့် ဆီးအိမ်နှင့်ဆိုင်ရာ အလေ့အကျင့်များတွင် သင် စိတ်ပူပန်စရာ အပြောင်းအလဲများ သတိပြုမိလျှင်။
  • အသက် ၅ နှစ်ကျော်ပြီးချိန်တွင် အိပ်ရာပေါ်၌ ဆီးထွက်လျှင်တို့ဖြစ်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020