Browse and download our factsheets in Burmese

What are the pelvic floor muscles?

The floor of the pelvis is made up of layers of muscle and other tissues. These layers stretch like a hammock from the tailbone at the back, to the pubic bone at the front.

A woman’s pelvic floor muscles support her bladder, uterus (womb) and bowel (colon). The urethra (urine tube), the vagina, and the rectum (back passage) all pass through the pelvic floor muscles. Pelvic floor muscles help control your bladder and bowel. They may also help sexual function.

It is vital to keep your pelvic floor muscles strong.

Pelvic Floor Muscle

တင်ပါးဆုံခွက်ကြွက်သားများ၌ မည်သည့်ကိစ္စများဖြစ်သနည်း။

တင်ပါးဆုံခွက်ကို ကြွက်သားအလွှာများနှင့် အခြား အသားမျှင်များနှင့် ဖွဲ့စည်းထားပါသည်။ ဤအလွှာများသည် ကြိုးပုခက်တစ်ခုအလား အနောက်ဖက်၌ရှိသော မြီးညှောင့်ရိုးမှနေ၍ အရှေ့ဖက်၌ရှိသော ဆီးခုံရိုးသို့ ဆန့်တန်းလျက်ရှိပါသည်။

အမျိုးသမီးတစ်ဦး၏ တင်ပါးဆုံခွက်ကြွက်သားများသည် သူမ၏ ဆီးအိမ်၊ သားအိမ်နှင့် အူသိမ် (အူမ)ကို ထောက်ပေးထားပါသည်။ ဆီးလမ်းကြောင်း (ဆီးပြွန်)၊ သားအိမ်လမ်းကြောင်းနှင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) တို့ အားလုံးသည် တင်ပါးဆုံခွက်ကြွက်သားများအကြားမှ ဖြတ်သန်းသွားကြပါသည်။ တင်ပါးဆုံခွက်ကြွက်သားများသည် ဆီးနှင့် ဝမ်းတို့ကို ထိန်းချုပ်ရာ၌ အထောက်အကူပြုပေးပါသည်။ ၎င်းသည် လိင်ပိုင်းဆိုင်ရာအလုပ်များကို လုပ်ဆောင်ရာ၌လည်း အထောက်အကူပြုပေးနိုင်ဖွယ်ရှိပါသည်။

သင့် တင်ပါးဆုံခွက်ကြွက်သားများ အားကောင်းနေစေရန် အလွန်အရေးကြီးပါသည်။

Pelvic Floor Muscle

Pelvic floor muscles can be made weaker by:

  • not keeping them active.
  • being pregnant.
  • giving birth.
  • growing older.

တင်ပါးဆုံခွက်ကြွက်သားများကို အောက်ပါတို့က အားလျော့နည်းလာစေနိုင်ပါသည်။

  • ကွက်သားများကို လှုပ်ရှားမှု မရှိစေဘဲ ထားခြင်း
  • ကိုယ်ဝန်ရှိနေခြင်း
  • ကလေးမွေးခြင်း
  • အသက်ကြီးလာခြင်းတို့ဖြစ်ပါသည်။

Should I do pelvic floor muscle training?

When the pelvic floor muscles have to support heavy loads they may not be strong enough. Heavy loads press down on the pelvic floor muscles when you:

  • are pregnant.
  • are overweight.
  • push and strain to use your bowels if you are constipated.
  • carry heavy weights.
  • have a cough that goes on for a long time such as with asthma, bronchitis or a chronic cough.

Women who wet themselves when they cough, sneeze or are active have stress incontinence. They will find pelvic floor muscle training can help improve this problem.

For pregnant women, pelvic floor muscle training will help the body support the growing baby. Pelvic floor muscle training will also reduce the chance of having a bladder or bowel problem after birth. Healthy muscles before the baby is born return to normal more easily after birth.

After the birth of your baby, begin pelvic floor muscle training as soon as you can. Always brace your pelvic floor muscles. To brace means to squeeze up your pelvic floor muscles and hold before you cough, sneeze or lift the baby. This is called having ‘the knack’.

As women grow older, the pelvic floor muscles need to stay strong. After menopause, hormone changes can affect bladder control. As well as this, the pelvic floor muscles change and may get weak. A pelvic floor muscle training program can help to lessen the effects of menopause on pelvic organ support and bladder control.

A pelvic floor muscle training program may also help women who have an urgent need to pass urine often.

ကျွန်ုပ်အနေနှင့် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်း လုပ်သင့်ပါသလား။

တင်ပါးဆုံခွက်ကြွက်သားများသည် လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို ထောက်ပင့်ပေးရသောအခါတွင် ဤကြွက်သားများ၌ အား ရှိသင့်သလောက် ရှိချင်မှရှိပါတော့မည်။ သင့်၌ အောက်ပါအခြေအနေများဖြစ်နေလျှင် တင်ပါးဆုံခွက်ကြွက်သားများအပေါ် လေးပင်သော ဝန်ထုပ်ဝန်ပိုးများက ပိလာပါသည်။

  • ကိုယ်ဝန်ရှိနေခြင်း၊
  • ကိုယ်အလေးချိန် များပြားလွန်ကဲနေခြင်း၊
  • သင် ဝမ်းချုပ်နေသောအခါ၌ အားစိုက်၊ ညှစ်ထုတ်ခြင်း၊
  • လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ခြင်း၊
  • ပန်းနာ၊ အဆုပ်ပြွန် ရောင်ရမ်းရောဂါ သို့မဟုတ် နာတာရှည် ချောင်းဆိုးနေခြင်းများကဲ့သို့ အချိန်ကာလ ကြာမြင့်စွာအတွက် ချောင်းဆိုးနေခြင်းတို့ဖြစ်ပါသည်။

အမျိုးသမီးများ ချောင်းဆိုး၊ နှာချေ သို့မဟုတ် တက်တက်ကြွကြွရှိကြသောအခါ၌ ဆီးထွက်ကျသွားလျှင် ဖိဆီးမှုဆိုင်ရာ ဆီး/ဝမ်း မထိန်းနိုင်မှုရှိညသည်ဟု ခေါ်ပါသည်။ အမျိုးသမီးများ တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ဤဒုက္ခကို သက်သာစေနိုင်ခြင်းကို တွေ့ရှိရပါလိမ့်မည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ပေးမှုသည် ကြီးထွားလာနေသော ကလေးကို မိခင်၏ကိုယ်ခန္ဓာက ထောက်ပံ့ပေးရေး၌ အထောက်အကူပြုပါလိမ့်မည်။ တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ပေးမှုသည် မီးဖွားပြီးနောက်ပိုင်း ဆီးနှင့် ဝမ်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာခွင့်ကိုလည်း လျော့နည်းသွားစေပါလိမ့်မည်။ မီးမဖွားမီအရင်ကတည်းက ကျန်းမာသန်စွမ်းသော ကြွက်သားများသည် မီးဖွားပြီးနောက်ပိုင်း နဂိုအတိုင်းပြန်ဖြစ်ရန် ပိုပြီးလွယ်ကူပါသည်။

သင် မီးဖွားပြီးနောက်ပိုင်း၊ တင်ပါးဆုံခွက်ကြွက်သားများကို အဆောလျင်ဆုံး လေ့ကျင့်ပေးပါ။ သင့် တင်ပါးဆုံခွက်ကြွက်သားများကို အမြဲတောင့်ခံထားပါ။ တောင့်ခံခြင်း၏ အဓိပ္ပာယ်မှာ သင် ချောင်းမဆိုးမီ၊ နှာမချေမီ သို့မဟုတ် ကလေး မချီမီ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်လိုက်ပြီး ထိန်းထားခြင်းဖြစ်ပါသည်။ ၎င်းကို (အထာ) ရှိခြင်းဟုခေါ်ပါသည်။

အမျိုးသမီးများ အသက်ပိုကြီးလာကြသည်နှင့်အမျှ တင်ပါးဆုံခွက်ကြွက်သားများ ဆက်လက် အားကောင်းနေရန် လိုအပ်ပါသည်။ သွေးဆုံးပြီးနောက်ပိုင်း ဟော်မုန်းဓာတ် ပြောင်းလဲမှုများက ဆီးချုပ်ထိန်းနိုင်အားအပေါ် ထိခိုက်မှုရှိနိုင်ပါသည်။ ၎င်းအပြင် တင်ပါးဆုံခွက်ကြွက်သားများကလည်း ပြောင်းလဲလာပြီး အားယုတ်လာနိုင်ပါသည်။ တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းအစီအစဉ်သည် တင်ပါးဆုံဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများကို ထောက်ပံ့ပေးရာ၌လည်းကောင်း ဆီးချုပ်ထိန်းနိုင်မှုတို့အပေါ် သွေးဆုံးခြင်း၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရာ၌လည်းကောင်း အထောက်အကူပြုနိုင်ပါသည်။

တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းအစီအစဉ်သည် မကြာခဏ အရေးတကြီး ဆီးသွားရန်လိုအပ်ကြသော အမျိုးသမီးများအတွက်လည်း အထောက်အကူပြုနိုင်ဖွယ်ရှိပါသည်။

Where are my pelvic floor muscles?

The first thing to do is to find out which muscles you need to train. Here are two things you can try.

  • Sit or lie down with the muscles of your thighs, buttocks and stomach relaxed. Squeeze the ring of muscle around the anus (back passage) as if you are trying to stop passing wind. Now relax this muscle. Squeeze and let go a couple of times to be sure you have found the right muscles. Remember, do not squeeze your buttocks.
  • Try to stop the stream of urine when sitting on the toilet to empty your bladder. Then start your stream again. You can do this to learn which muscles are the right ones to use – but do this only once a week. Your bladder may not empty the way it should if you stop and start your stream too often. You need active pelvic floor muscles to be able to stop your urine flow.

If you do not feel a distinct ‘squeeze and lift’ of your pelvic floor muscles when you try to squeeze, ask for help from a continence physiotherapist or continence nurse advisor. They will help you to get your pelvic floor muscles working the right way.

Even women with very weak pelvic floor muscles can be helped by pelvic floor muscle training.

ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများ မည်သည့်နေရာ၌ရှိသလဲ။

ပထမဆုံး လုပ်ရမည်မှာ သင် မည်သည့်ကြွက်သားများကို လေ့ကျင့်ပေးရန် လိုအပ်သည်ကို သိရှိရန်ဖြစ်ပါသည်။ အောက်ပါ နှစ်ခုသောအရာများကို သင် စမ်းကြည့်နိုင်ပါသည်။

  • သင့် ပေါင်တံများ၊ ဗိုက်သားနှင့် တင်ပါးကြွက်သားများကို ဖြေဖျော့ထားပြီး ထိုင်လိုက်ပါ သို့မဟုတ် လှဲချလိုက်ပါ။ သင် လေမလည်မိရန် ချုပ်ထိန်းသည့်အလား သင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) ပတ်လည်ရှိ စက်ဝိုင်းပုံစံကြွက်သားကို ညှစ်ပါ။ ထို့နောက် ဤကြွက်သားကို ဖြေဖျော့လိုက်ပါ။ မှန်ကန်သော ကြွက်သားများကို သင်သိရှိပြီဟု သေချာသည်အထိ အကြိမ်အနည်းငယ် ညှစ်လိုက်၊ လျှော့လိုက် လုပ်ကြည့်ပါ။ သင့်တင်ပါးများကို မညှစ်မိရန် သတိပြုပါ။
  • သင် အိမ်သာထဲ၌ ဆီးသွားရန် ထိုင်သောအခါ၌ ဆီးရည် စီးဆင်းနေမှုကို ရပ်တန့်သွားရန် ကြိုးစားပါ။ ထို့နောက် ပြန်လည် ဆီးသွားပါ။ သင် ဤသို့လုပ်ခြင်းအားဖြင့် မည်သည့်ကြွက်သားများကို အသုံးပြုရာ၌ မှန်ကန်သည်ကို သဘောပေါက်လာပါလိမ့်မည်။ သို့သော်လည်း ၎င်းကို တစ်ပတ်၌ တစ်ကြိမ်သာ လုပ်ပါ။ အကယ်၍ သင်သည် ဆီးရည် စီးဆင်းနေမှုကို ရပ်လိုက်၊ လွှတ်လိုက် လုပ်လွန်းလျှင်၊ သင့်ဆီးအိမ် ကုန်စင်သင့်သလောက် ကုန်စင်သွားလိမ့်မည်မဟုတ်ပါ။ သင်၏ ဆီး စီးဆင်းမှု စွမ်းအား ရပ်တန့်နိုင်စွမ်းရှိရန် သင့်၌ ထိရောက်မှုရှိသော တင်ပါးဆုံခွက်ကြွက်သားများရှိရန် လိုအပ်ပါသည်။

အကယ်၍ သင် ညှစ်ရန် ကြိုးစားသောအခါ၌ သင့် တင်ပါးဆုံခွက်ကြွက်သားများကို သိသိသာသာကြီး ညှစ်ပြီး မပင့်တင်နိုင်ဟု ထင်ရလျှင်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကူအညီတောင်းပါ။ ၎င်းတို့က သင့် တင်ပါးဆုံခွက်ကြွက်သားများ နည်းလမ်းကျကျ အလုပ်လုပ်လာရေးအတွက် သင့်ကို ကူညီပေးပါလိမ့်မည်။

တင်ပါးဆုံခွက်ကြွက်သားများ အလွန် အားယုတ်နေကြသော အမျိုးသမီးများကိုပင် တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်း အစီအစဉ်နှင့် ကူညီပေးနိုင်ပါသည်။

How do I do pelvic floor muscle training?

Now that you can feel the muscles working, you can:

  • Squeeze and draw in the muscles around your anus (back passage) and vagina at the same time. Lift them up inside. Feel a sense of lift each time you squeeze your pelvic floor muscles. Hold them strong and tight as you count to 8. Then, let them go and relax. You should have a distinct feeling of letting go.
  • Repeat the squeeze and lift and letting go. It is best to rest for about 8 seconds in between each lift up of the muscles. If you can’t hold for 8, just hold for as long as you can.
  • Repeat this squeeze and lift as many times as you can. Aim to do between 8 to 12 squeezes each set.
  • Try to do three sets of 8 to 12 squeezes each, with a rest in between. A training program is three sets of up to 8 to 12 squeezes.
  • Do your whole training program each day. Try to do sets while lying down, sitting or standing.

While doing pelvic floor muscle training:

  • do not hold your breath.
  • only squeeze and lift.
  • do not tighten your buttocks.
  • keep your thighs relaxed.

တင်ပါးဆုံခွက်ကြွက်သားများ၏ လေ့ကျင့်ခန်းကို ကျွန်ုပ် မည်ကဲ့သို့ လုပ်ရမည်နည်း။

ယခု သင့် ကြွက်သားများ အလုပ်လုပ်နေပြီကို သတိမူမိသည့်နောက်၊ သင် အောက်ပါတို့ကို လုပ်နိုင်ပါသည်။

  • သင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) နှင့် သားအိမ်လမ်းကြောင်း ပတ်လည်ရှိ ကြွက်သားများကို တစ်ချိန်တည်း၌ ညှစ်ပြီး ဆွဲသွင်းပါ။ ကြွက်သားများကို အတွင်းထဲ၌ အပေါ်ကို ပင့်တင်ပါ။ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်သည့်အခါတိုင်း ပင့်တက်လာသည်ကို ခံစားကြည့်ပါ။ သင် ၁ မှ ၈ ကိန်းဂဏန်းအထိ ရေတွက်ရင်း၊ ကြွက်သားများကို အားပြင်းစွာနှင့် တင်းကျပ်စွာ ထိန်းထားပါ။ ထို့နောက် ကြွက်သားများကို ဖြေလျှော့ချလိုက်ပါ။ စက္ကန့်အနည်းငယ်ကြာအတွက် ဖြေဖျော့ပြီး အနားယူပါ။ သင့်၌ သိသာထင်ရှားသော ဖြေလျှော့လိုက်နိုင်မှု ရှိသင့်ပါသည်။
  • ညှစ်ခြင်း၊ ပင့်တင်ခြင်းနှင့် ဖြေလျှော့ခြင်းတို့ကို ထပ်ပြီးလုပ်ပါ။ ကြွက်သားများကို ညှစ်သည့်အခါတွင် တစ်ခုနှင့်တစ်ခုအကြား ၈ စက္ကန့်ကြာ အနားယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍သင် ၈ စက္ကန့်ကြာ မတောင့်ထားနိုင်လျှင်၊ သင်တတ်နိုင်သလောက်အတွက်သာ အောင့်ထားပါ။
  • ဤသို့ ညှစ်ခြင်းနှင့် ပင့်တင်ခြင်းတို့ကို သင်တတ်နိုင်သမျှ အကြိမ်ပေါင်းများစွာလုပ်ပါ။ ၈ ကြိမ် မှ ၁၂ ကြိမ်အထိ လုပ်နိုင်ရန် ရည်ရွယ်ပါ။
  • ၈ ကြိမ်မှ ၁၂ ကြိမ်အထိလုပ်လျှင် တစ်တွဲဟူသော သတ်မှတ်ချက်နှင့်အညီ၊ အတွဲတစ်ခုနှင့်တစ်ခုအကြား၌ အနားယူပြီး သုံးတွဲ လုပ်ရန် ရည်ရွယ်ပါ။ လေ့ကျင့်ရေးအစီအစဉ်၌ ၈ ကြိမ် မှ ၁၂ ကြိမ်အထိလုပ်ရသော အတွဲ သုံးတွဲဖြစ်ပါသည်။
  • သင်၏ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလုံးကို နေ့စဉ်လုပ်ပါ။ ၎င်းတို့ကို လှဲနေစဉ်၊ ထိုင်နေစဉ်၊ သို့မဟုတ် မတ်တတ်ရပ်နေစဉ် စမ်းလုပ်ကြည့်ပါ။

တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်း လုပ်နေခိုက်၊

  • အသက်အောင့် မထားပါနှင့်။
  • ညှစ်ပြီး ပင့်တင်ခြင်းကိုသာ လုပ်ပါ။
  • သင့် တင်ပါးများကို တင်း မထားပါနှင့်။
  • သင့်ပေါင်တံများကို ဖြေဖျော့ထားပါ။

Do your pelvic floor muscle training the right way

Fewer hard squeezes are better than a lot of half-hearted ones. Ask for help from your continence physiotherapist or continence nurse advisor if you are not sure you are doing the squeezes right.

Seek help if you do not see a change in your symptoms after 3 months.

သင့် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်လုပ်ပါ

စိတ်မပါ တပါလုပ်သော ညှစ်ခြင်းများ များစွာလုပ်ခြင်းထက် အားပြင်းပြီး အကြိမ်နည်းပါးသော ညှစ်ခြင်းများက ပိုကောင်းပါသည်။ အကယ်၍ သင် နည်းလမ်းကျကျ ညှစ်နေမှန်း မသေချာလျှင်၊ သင်၏ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကူအညီတောင်းပါ။

အကယ်၍ ၃ လ ကြာပြီးနောက် သင့်ရောဂါလက္ခဏာ သက်သာမှုမရှိလျှင် အကူအညီတောင်းပါ။

Make the training part of your daily life

Once you have learnt how to do pelvic floor muscle squeezes, do them often. Every day is best. Give each set of squeezes your full focus. Make a regular time to do your pelvic floor muscle squeezes. This might be after going to the toilet, when having a drink or when lying in bed.

Other things you can do to help your pelvic floor muscles:

  • Use ‘the knack’. This is when you brace your pelvic floor muscles by squeezing up and holding each time before you cough, sneeze or lift anything.
  • Always share the lifting of heavy loads.
  • Eat 2 pieces of fruit and 5 serves of vegetables daily.
  • Consume 1.5 – 2 litres of fluid per day unless your doctor says this is not okay.
  • Avoid constipation.
  • Don’t strain when using your bowels or emptying your bladder.
  • If you have hay fever, asthma or bronchitis see your doctor. Your doctor may help to ease sneezing and coughing.
  • Keep your weight within the right range for your height and age.

လေ့ကျင့်ခန်းလုပ်ခြင်းမှာ သင်၏ နေ့စဉ်အလုပ်ဖြစ်ပါစေ

တင်ပါးဆုံခွက်ကြွက်သားများ ညှစ်နည်းကို တတ်မြောက်သွားပြီးနောက် မကြာခဏလုပ်ပါ။ နေ့စဉ်လုပ်ခြင်းမှာ အကောင်းဆုံးသာဖြစ်ပါသည်။ ညှစ်သော လေ့ကျင့်ခန်း တစ်တွဲစီကို သင် လုံးဝအာရုံစိုက်ပြီး လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်ကို ပုံမှန် သတ်မှတ်ထားပါ။ ၎င်းသည် အိမ်သာတက်ပြီးနောက်၊ အရည်တစ်ခုခုသောက်နေခိုက် သို့မဟုတ် အိပ်ရာထဲတွင် လှဲနေခိုက် လုပ်နိုင်ပါသည်။

သင့် တင်ပါးဆုံခွက်ကြွက်သားများကို အားကောင်းလာစေရန် သင်လုပ်နိုင်သော အခြားအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • (အထာ) ကို သုံးပါ။ ၎င်းသည် သင် ချောင်းမဆိုးမီ်၊ နှာမချေမီ် သို့မဟုတ် တစ်ခုခု မ မ,မီ်၊ အခါတိုင်း၌ သင့် တင်ပါးဆုံခွက်ကြွက်သားများကို ညှစ်ပြီး အောင့်ထားခြင်းအားဖြင့် တောင့်ခံထားခြင်းဖြစ်ပါသည်။
  • လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို အမြဲပင် သူများနှင့်အတူ မ,ပါ။
  • နေ့စဉ် သစ်သီး ၂ လုံး နှင့် ဟင်းသီးဟင်းရွက် ၅ ပုံ စားပါ။
  • သင့်ဆရာဝန်က မလုပ်ပါနှင့်ဟု မပြောသမျှ တစ်နေ့တွင် ၁.၅ မှ ၂ လီတာ ပမာဏ အရည်ကို သောက်ပါ။
  • ဝမ်းမချုပ်ပါစေနှင့်။
  • ဆီးနှင့် ဝမ်းသွားသောအခါ၌ အားမစိုက်ပါနှင့်။
  • သင့်၌ နှာစေးဖျား၊ ပန်းနာ သို့မဟုတ် အဆုပ်ပြွန် ရောင်ရမ်းရောဂါရှိလျှင် ဆရာဝန်နှင့် တွေ့ပါ။ သင့်ဆရာဝန်က နှာချေခြင်းနှင့် ချောင်းဆိုခြင်းကို သက်သာလာအောင် လုပ်ပေးနိုင်ဖွယ်ရှိပါသည်။
  • သင့် အရပ်အမောင်းနှင့် အသက်အရွယ်အလိုက် ရှိသင့်ရှိအပ်ရာ အပိုင်းအခြားအတွင်း၌ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020