Browse and download our factsheets in Burmese

 

Do you have a bladder control problem? Try this self-assessment questionnaire.

Self-assessment questionnaire

Do you:

  • Leak or wet yourself when you cough, laugh or sneeze?
  • Leak or wet yourself when you lift something heavy?
  • Leak or wet yourself when you play sport?
  • Sometimes wear pads to absorb urine, or ‘just in case’?
  • Often have to rush to use the toilet?
  • Sometimes not make it to the toilet in time?
  • Ever worry you might lose control of your bladder?
  • Wake up more than once during the night to use the toilet?
  • Plan your day around the nearest toilet?
  • Sometimes feel your bladder is not quite empty?
  • Leak or wet yourself when you stand up?
  • Leak or wet yourself as you get out of bed?
  • Dribble urine after going to the toilet?
  • Have a urine stream that stops and starts?
  • Wet the bed?

If you said YES to any of these questions, you may have a bladder control problem.

 

သင့်မှာ ဆီးထိန်းနိုင်မှု ပြဿနာရှိသလား။ မိမိဘာသာမိမိ စစ်ဆေးနိုင်သော မေးခွန်းလွှာကို ဖြေကြည့်ပါ။

မိမိဘာသာမိမိ စစ်ဆေးနိုင်သော မေးခွန်းလွှာ

သင်

  • ချောင်းဆိုးသည့်အခါ၊ ရယ်သည့်အခါ၊ သို့မဟုတ် နှာချေသည့်အခါ ဆီး စိမ့်ထွက်သလား၊ သို့မဟုတ် စိုအောင်ထွက်သလား။
  • အလေးအပင် တစ်ခုခု ပင့်မသည့်အခါ ဆီး စိမ့်ထွက်သလား၊ သို့မဟုတ် စိုအောင်ထွက်သလား။
  • အားကစားလုပ်သည့်အခါ ဆီး စိမ့်ထွက်သလား၊ သို့မဟုတ် စိုအောင်ထွက်သလား။
  • ဆီးကိုစုပ်ရန် သို့မဟုတ် ‘လိုလိုမယ်မယ်’ ဂွမ်းဖတ်စများ ခံထားတတ်သလား။
  • အိမ်သာကို မကြာခဏ ကမန်းကတန်း ပြေးရလေ့ရှိသလား။
  • တစ်ခါတစ်ရံ အိမ်သာကို မရောက်သေးမီ ဆီးထွက်သွားတတ်သလား။
  • သင့် ဆီးအိမ် မထိန်းနိုင်မှာ သင် စိုးရိမ်စိတ် ရှိဘူးသလား။
  • အိမ်သာသွားရန်အတွက် တစ်ညလျှင် တစ်ကြိမ်ထက်မနည်း အိပ်ယာမှနိုးသလား။
  • အနီးဆုံး အိမ်သာကို အခြေပြုပြီး မိမိ၏ တစ်နေ့တာ အစီအစဉ်ကို ရေးဆွဲရသလား။
  • တစ်ခါတစ်ရံ သင့်ဆီးအိမ်မှာ ဆီးမကုန်သေးဘူးဟု ခံစားရသလား။
  • သင်မတ်တပ်ရပ်သည့် အခါ ဆီး စိမ့်ထွက်သလား၊ သို့မဟုတ် စိုအောင်ထွက်သလား။
  • သင်အိပ်ရာမှ ထလိုက်သည့်အခါ ဆီး စိမ့်ထွက်သလား၊ သို့မဟုတ် စိုအောင်ထွက်သလား။
  • အိမ်သာသွားပြီးချိန်တွင် ဆီး တစ်စက်တစ်စက် ထွက်နေသလား။
  • သင် ဆီးထွက်ခြင်းသည် ရပ်လိုက် ပြန်ထွက်လာလိုက် ဖြစ်သလား။
  • အိပ်နေစဉ် အိပ်ရာထဲတွင် ဆီးထွက်သလား။

အကယ်၍ ထိုမေးခွန်းတစ်ခုခုတွင် သင်က ဟုတ်ပါသည် ဟု ဖြေခဲ့လျှင် သင့်၌ ဆီးထိန်းနိုင်မှု အခက်အခဲ ရှိနေနိုင်ပါသည်။

What is poor bladder control?

People with poor bladder control may:

  • have accidents and leak urine. This is called urinary incontinence.
  • need to hurry to get to the toilet to pass urine.
  • wet themselves before they can get to the toilet.
  • go to the toilet often through the day.
  • are woken up more than once a night by the need to empty their bladder.
  • leak urine when they get up from a bed or chair.
  • leak urine when they lift, laugh, cough or sneeze.
  • wet themselves and be unaware of it.
  • have a stream that stops and starts instead of a smooth flow.
  • wet the bed.

ဆီးထိန်းနိုင်မှု မကောင်းဘူးဆိုသည်မှာ ဘာလဲ။

ဆီးထိန်းနိုင်မှု မကောင်းသောသူများ၌ ဖေါ်ပြပါအချက်များ ဖြစ်နေနိုင်ပါသည် -

  • အမှတ်တမဲ့ ဆီးထွက်နိုင်ခြင်း၊ ဆီးစိမ့်ထွက်နိုင်ခြင်း။ ၎င်းကို ဆီးမထိန်းနိုင်မှု ဟုခေါ်ပါသည်။
  • ဆီးသွားရန် အိမ်သာကို အလောတကြီးရောက်အောင်သွားရန် လိုအပ်ခြင်း။
  • သူတို့ အိမ်သာကိုမရောက်မီမှာပင် ဆီးထွက်ကုန်ခြင်း။
  • တစ်နေ့တာတွင် အိမ်သာကို မကြာခဏ သွားရခြင်း။
  • သူတို့ ဆီးသွားရန် ညဘက်တွင် တစ်ကြိမ်ထက်မနည်း ထရခြင်း။
  • သူတို့ ကုတင် သို့မဟုတ် ကုလားထိုင်မှ ထသည့်အခါ ဆီးထွက်ကျခြင်း။
  • သူတို့ တစ်ခုခု ပင့်မသည့်အခါ၊ ရယ်သည့်အခါ၊ ချောင်းဆိုးသည့်အခါ၊ သို့မဟုတ် နှာချေသည့်အခါ ဆီးထွက်ကျခြင်း။
  • သူတို့ ဆီးထွက်ကျပြီးနောက် ဆီးထွက်၍ထွက်မှန်း မသိကြပါ။
  • ဆီးပုံမှန် တစ်ဆက်တည်း လျှောလျှောလျှူလျှူ သွားရမည့်အစား ရပ်သွားလိုက်၊ ပြန်ထွက်လာလိုက် ဖြစ်နေခြင်း။
  • အိပ်နေစဉ် အိပ်ယာပေါ်တွင် ဆီးထွက်သွားခြင်းတို့ဖြစ်ပါသည်။

How common is poor bladder control?

In Australia 1 in 3 women, 1 in 10 men and 1 in 5 children have a bladder control problem.

If you have a bladder control problem, you are not alone.

Men and women of all ages can have poor bladder control. Women and older people are the most likely to be affected.

ဆီးထိန်းနိုင်မှု မကောင်းခြင်း မည်မျှအဖြစ်များသနည်း။

ဩစတြေးလျားနိုင်ငံတွင် အမျိုးသမီး ၃ ဦးတွင် တစ်ဦး၊ အမျိုးသား ၁၀ ဦးတွင် တစ်ဦးနှင့် ကလေး ၅ ဦးတွင် ၁ ဦး ဆီးထိန်းနိုင်မှု အခက်အခဲ ရှိကြပါသည်။

အကယ်၍ သင့်ထံ၌ ဆီးထိန်းနိုင်မှု အခက်အခဲရှိခဲ့လျှင် သင် တစ်ဦးတည်းသာ ဖြစ်နေခြင်း မဟုတ်ပါ။

အမျိုးသားနှင့် အမျိုးသမီး အသက်အရွယ်အားလုံးတွင် ဆီးထိန်းနိုင်မှု မကောင်းခြင်း ဖြစ်နိုင်ကြပါသည်။ အမျိုးသမီးများနှင့် အသက်ပိုကြီးသူများတွင် ပိုပြီး ဖြစ်ရန်အလားအလာရှိပါသည်။

Diagram of the bladder control system

Pelvic Floor Muscle

Pelvic Floor Muscle

ဆီးထိန်းသိမ်းသောစနစ်၏ ပုံစံ

Pelvic Floor Muscle

Pelvic Floor Muscle

What causes poor bladder control?

Stress incontinence

Pelvic floor muscles (see diagram) help to hold urine in the bladder. Urine may leak out when you laugh, cough or sneeze if your pelvic floor muscles are weak. Pelvic floor muscles can be weakened by pregnancy and childbirth. You can also leak when you are active. Urine might leak when you exercise, get out of bed or stand up. If these muscles are weak already, getting older or being overweight can make them even weaker. Constipation can mean you need to strain to empty your bowels. This straining can also weaken your pelvic floor muscles.

Overactive bladder and urgency

The bladder is a muscle which may contract to push out urine when we do not want it to. Urgency is when the feeling to go to the toilet is sudden and strong and it is hard to hold on. It can be caused by having an overactive bladder. Urgency is also caused when the bladder is irritated. It can be made worse by drinking caffeine or alcohol. Not drinking enough fluid can lead to having strong, dark urine. This may also make urgency worse. Bladder infections can cause urgency. Having a stroke or a nerve problem such as Parkinson’s disease or multiple sclerosis can also cause urgency.

Underactive bladder

Some people have a bladder muscle that does not contract well. The bladder may not empty out fully. These people have trouble passing urine normally.

Changes to the urethra (urine tube)

Any pressure on the urethra (urine tube) can cause it to narrow. This makes it difficult to get urine out of the bladder. This can happen in men due to an enlarged prostate. A prolapse of the uterus can affect how the bladder empties in women.

မည်သည့်အတွက်ကြောင့် ဆီးထိန်းနိုင်မှု မကောင်းရသနည်း။

အားစိုက်မှုကြောင့် ဆီး မထိန်းနိုင်ခြင်း

တင်ပါးဆုံခွက်ကြွက်သားများ (ပုံတွင်ကြည့်ပါ) သည် ဆီးအိမ်ထဲတွင် ဆီးကိုထိန်းထားရန် အထောက်အကူပြုပါသည်။ အကယ်၍ သင့်တင်ပါးဆုံခွက်ကြွက်သားများတွင် အင်အား မရှိခဲ့ပါက သင် ရယ်သည့်အခါ၊ ချောင်းဆိုးသည့်အခါ၊ သို့မဟုတ် နှာချေသည့်အခါ၊ ဆီးထွက်ကျနိုင်ပါသည်။ တင်ပါးဆုံခွက်ကြွက်သားများသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းတို့ကြောင့် အားလျော့သွားနိုင်သည်။ သင် တက်ကြွလှုပ်ရှားနေပါကလည်း ဆီးထွက်ကျနိုင်သည်။ သင် လေ့ကျင့်ခန်းလုပ်ပါက၊ အိပ်ယာမှထလိုက်ပါက သို့မဟုတ် မတ်တပ်ရပ်လိုက်ပါက ဆီးထွက်ကျနိုင်သည်။ အကယ်၍ ဤကြွက်သားသည် အားပျော့နေပြီးဖြစ်ပါက အသက်ကြီးလာခြင်း သို့မဟုတ် ခန္ဓာကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုများနေခြင်းတို့က ထိုကြွက်သားများကို ပို၍ပင် အားပျော့စေနိုင်ပါသည်။ ဝမ်းချုပ်ခြင်းက သင် ဝမ်းသွားရန် ပိုမိုအားစိုက်ရန် လိုအပ်စေမည် ဖြစ်ပါသည်။ ဤသို့အားစိုက်ခြင်းသည်လည်း သင့် တင်ပါးဆုံခွက်ကြွက်သားများကို အားပျော့စေနိုင်ပါသည်။

အလုပ်လုပ်လွန်းနေသော ဆီးအိမ်နှင့် အရေးပေါ် ဆီးသွားလိုခြင်း

ဆီးအိမ်ဆိုသည်မှာ ကျွန်ုပ်တို့ မလိုအပ်သည့်အခါတွင် ဆီးကိုတွန်းထုတ်ရန်အတွက် ကျုံ့ပေးနိုင်သော ကြွက်သားဖြစ်သည်။ အရေးပေါ် ဆီးသွားလိုခြင်းဆိုသည်မှာ ဆီးသွားလိုစိတ် ချက်ခြင်းဆိုသကဲ့သို့ ပြင်းထန်စွာဖြစ်လာပြီး ထိန်းမရတော့ခြင်းကို ဆိုလိုပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ အလုပ်လုပ်လွန်းနေသော ဆီးအိမ်ရှိနေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အရေးပေါ် ဆီးသွားလိုခြင်းသည် အကြောင်းတစ်စုံတစ်ခုကြောင့် ဆွပေးခံရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤသို့ ဖြစ်နေပါက ကော်ဖီသောက်လျှင် သို့မဟုတ် အရက်သေစာ သောက်စားလျှင် ပို၍ဆိုးသွားစေနိုင်ပါသည်။ အရည် လုံလောက်စွာမသောက်ပါက ဆီးသည် နံစော်၍ အရောင်ရင့်ပါလိမ့်မည်။ ဤသို့ ဖြစ်လာပါက အရေးပေါ် ဆီးသွားလိုခြင်းကို ပိုဆိုးသွားစေနိုင်သည်။ ဆီးအိမ်တွင် ရောဂါပိုး ကူးစက်မှု ရှိပါကလည်း အရေးပေါ် ဆီးသွားလိုခြင်း ဖြစ်စေနိုင်သည်။ လေဖြတ်ခြင်း သို့မဟုတ် ခြေလက်တုန်ပြီး ကိုယ်နေဟန်ချက်ကို မတည်ငြိမ်စေသော Parkinson’s disease သို့မဟုတ် multiple sclerosis ကဲ့သို့ နာတာရှည် နဗ်ကြောဖွဲ့ရောဂါ ရှိလျှင်လည်း အရေးပေါ် ဆီးသွားလိုခြင်း ဖြစ်စေနိုင်ပါသည်။

ပုံမှန်လောက် အလုပ်မလုပ်သော ဆီးအိမ်

အချို့သောသူများသည် ကောင်းစွာကျုံ့ခြင်းမရှိသော ဆီးအိမ်ကြွက်သား ရှိတတ်ကြသည်။ သူတို့၏ ဆီးအိမ်သည် ဆီးကို ကုန်စင်အောင် မစွန့်ထုတ်နိုင်တော့ပါ။ ထိုသူများသည် ဆီးပုံမှန်သွားရန် အခက်အခဲရှိကြပါသည်။

ဆီးလမ်းကြောင်း (ဆီးပြွန်) တွင် အပြောင်းအလဲများဖြစ်ခြင်း

ဆီးလမ်းကြောင်း (ဆီးပြွန်) ပေါ်တွင် သက်ရောက်သော မည်သည့်ဖိအားမျိုးမဆို ၎င်းကို ကျဉ်းမြောင်းစေနိုင်ပါသည်။ ထိုအခါတွင် ဆီးအိမ်မှ ဆီးထွက်ရန် အခက်အခဲဖြစ်စေပါသည်။ ၎င်းမှာ အမျိုးသားများတွင် ဆီးကျိတ်ကြီးနေခြင်းကြောင့် ဖြစ်နိုင်သည်။ သားအိမ်လျှောကျခြင်းသည် အမျိုးသမီးများတွင် ဆီးသွားခြင်းကို ထိခိုက်စေနိုင်ပါသည်။

Seek help

You are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse.

Phone expert advisors on the National Continence Helpline for free:

  • advice;
  • resources; and
  • information about local services

1800 33 00 66 *

(8am - 8pm Monday to Friday AEST)

* Calls from mobile telephones are charged at applicable rates.

To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages

For more information:

  • continence.org.au
  • pelvicfloorfirst.org.au
  • health.gov.au/bladder-bowel

* Calls from mobiles are charged at applicable rates.

အကူအညီ ရယူပါ

သင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။

National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။

  • အကြံဉာဏ်တောင်းရေး၊
  • အထောက်အကူ အရင်းအမြစ်များ၊
  • ဒေသခံ ဝန်ဆောင်မှုများဆိုင်ရာ သိကောင်းစရာ အချက်အလက်များဖြစ်ပါသည်။

1800 33 00 66 *

(တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်)

TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။

နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။

  • continence.org.au
  • pelvicfloorfirst.org.au
  • bladderbowel.gov.au

* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။

0

Last Updated: Fri 02, Jun 2023
Last Reviewed: Tue 17, Mar 2020