What are the pelvic floor muscles?The floor of the pelvis is made up of layers of muscles and other tissues. These layers stretch like a hammock from the tailbone at the back, to the pubic bone at the front. A man's pelvic floor muscles support his bladder and bowel (colon). The urethra (urine tube) and the anus (back passage) pass through the pelvic floor muscles. Pelvic floor muscles help control the bladder and bowel. They may also help with sexual function. It is vital to keep pelvic floor muscles strong. |
တင်ပါးဆုံခွက်ကြွက်သားများကား အဘယ်နည်း။တင်ပါးဆုံခွက်ကို ကြွက်သားအလွှာများနှင့် အခြား အသားမျှင်များဖြင့် ဖွဲ့စည်းထားပါသည်။ ဤအလွှာများသည် ကြိုးပုခက်တစ်ခုအလား အနောက်ဖက်ရှိ မြီးညှောင့်ရိုးမှ အရှေ့ဖက်ရှိ ဆီးခုံရိုးဆီသို့ ဆန့်တန်းလျက်ရှိပါသည်။ ယောင်္ကျားတစ်ဦး၏ တင်ပါးဆုံခွက်ကြွက်သားများသည် သူ၏ ဆီးအိမ်နှင့် အူသိမ် (အူမ)ကို ထောက်ပေးထားပါသည်။ ဆီးလမ်းကြောင်း (ဆီးပြွန်) နှင့် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) တို့သည် တင်ပါးဆုံခွက်ကြွက်သားများအကြားမှ ဖြတ်သန်းသွားကြပါသည်။ တင်ပါးဆုံခွက်ကြွက်သားများသည် ဆီးနှင့် ဝမ်းတို့ကို ထိန်းချုပ်ရာ၌ အထောက်အကူပြုပေးပါသည်။ ၎င်းသည် လိင်ပိုင်းဆိုင်ရာအလုပ်များကို လုပ်ဆောင်ရာတွင်လည်း အထောက်အကူပြုပေးနိုင်ဖွယ်ရှိပါသည်။ တင်ပါးဆုံခွက်ကြွက်သားများ အားကောင်းနေစေရန် အလွန်အရေးကြီးပါသည်။ |
Should I do pelvic floor muscle training?Do you have stress incontinence? Men who wet themselves when they cough, sneeze or are active have stress incontinence. They will find pelvic floor muscle training may improve this problem. Do you have an overactive bladder with urgency? Men who have an urgent need to pass urine more often may have an overactive bladder. This symptom is called urgency. When men leak with this urgency, it is called urge incontinence. Pelvic floor muscle training can help with these problems. Do you have poor bowel control? Men who have problems with bowel control may find pelvic floor muscle training helpful. It can help strengthen the muscles that close the anus (back passage). These muscles are part of the pelvic floor muscles. Men of all ages need to have strong pelvic floor muscles. Pelvic floor muscles can be made weaker by:
|
ကျွန်တော့်အနေနှင့် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်း လုပ်သင့်ပါသလား။သင့်၌ ဖိစီးမှုကြောင့် ဆီး/ဝမ်း မထိန်းနိုင်မှုရှိပါသလား။ အမျိုးသားများ ချောင်းဆိုး၊ နှာချေ သို့မဟုတ် တက်တက်ကြွကြွရှိကြသောအခါ၌ ဆီးထွက်သွားလျှင် အားစိုက်မှုဆိုင်ရာ ဆီး/ဝမ်း မထိန်းနိုင်မှုရှိသည်ဟု ခေါ်ပါသည်။ အမျိုးသားများသည် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ဤအခက်အခဲကို သက်သာစေနိုင်ပါသည်။ သင့်၌ အရေးတကြီးဖြစ်နေပြီး လိုသည်ထက် ပိုလုပ်နေသော ဆီးအိမ်ရှိပါသလား။ မကြာခဏ အရေးတကြီး ဆီးသွားရန်လိုအပ်ကြသော အမျိုးသားများ၌ လိုသည်ထက် ပိုလုပ်နေသော ဆီးအိမ် ရှိကောင်းရှိနိုင်ပါသည်။ ဤရောဂါလက္ခဏာကို အရေးတကြီးဖြစ်မှုဟုခေါ်ပါသည်။ အမျိုးသားများ၌ ဤသို့ အရေးတကြီး ဆီးထွက်ကျသောအခါ၌၊ ၎င်းကို ပြင်းပြသော ဆီး/ဝမ်း မထိန်းနိုင်မှုဟုခေါ်ပါသည်။ တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ပေးလျှင် ဤအခက်အခဲများကို အထောက်အကူပြုနိုင်ပါသည်။ သင့်၌ ဝမ်း ချုပ်ထိန်းထားနိုင်မှုအား လျော့နည်းနေပါသလား။ ဝမ်းချုပ်ထိန်းထားနိုင်မှု အခက်အခဲရှိနေကြသော အမျိုးသားများ၌ တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ပေးမှု၏ အကျိုးရှိခြင်းကို တွေ့ရှိနိုင်ဖွယ်ရှိပါသည်။ ၎င်းသည် စအိုဝ (နောက်ဖက်အပေါက်လမ်းကြောင်း) ကို ပိတ်ပင်ပေးသော ကြွက်သားများ အားကောင်းလာစေရန် အထောက်အကူပြုနိုင်ပါသည်။ ဤကြွက်သားများသည် တင်ပါးဆုံခွက်ကြွက်သားများ၏အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အသက်အရွယ်မရွေး အမျိုးသားများ၌ အားကောင်းသော တင်ပါးဆုံခွက်ကြွက်သားများရှိရန် လိုအပ်ပါသည်။ တင်ပါးဆုံခွက်ကြွက်သားများကို အောက်ပါတို့က အားလျော့နည်းလာစေနိုင်ပါသည်။
|
Where are my pelvic floor muscles?The first thing to do is to find out which muscles you need to train. Here are four things you can try.
Your doctor, continence physiotherapist or continence nurse advisor will help you to get your pelvic floor muscles working the right way. Ask them for help if you:
All men can benefit from pelvic floor muscle training. Training gives you better control of your pelvic floor muscles. This helps improve bladder and bowel control. |
ကျွန်ုပ်၏ တင်ပါးဆုံခွက်ကြွက်သားများ မည်သည့်နေရာတွင်ရှိသနည်း။ပထမဆုံး လုပ်ရမည်မှာ သင် မည်သည့်ကြွက်သားများအား လေ့ကျင့်ပေးရန် လိုအပ်သည်ကို သိရှိရန်ဖြစ်ပါသည်။ အောက်ပါ လေးခုသောအရာများကို သင် စမ်းကြည့်နိုင်ပါသည်။
သင့် ဆရာဝန်၊ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးက သင့် တင်ပါးဆုံခွက်ကြွက်သားများ နည်းလမ်းကျကျ အလုပ်လုပ်လာရေးအတွက် သင့်ကို ကူညီပေးပါလိမ့်မည်။ အကယ်၍ အောက်ပါများ ဖြစ်နေလျှင် သူတို့ထံမှ အကူအညီတောင်းပါ။
အမျိုးသားများအားလုံး တင်ပါးဆုံခွက်ကြွက်သားများကို လေ့ကျင့်ပေးခြင်းအားဖြင့် အကျိုးရရှိနိုင်ကြပါသည်။ လေ့ကျင့်မှုသည် သင့် တင်ပါးဆုံခွက်ကြွက်သားများအပေါ် ထိန်းချုပ်နိုင်အားကို ပိုပြီး ကောင်းလာစေပါသည်။ ၎င်းသည် ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်မှု ကောင်းမွန်တိုးတက်လာစေရာ၌ အထောက်အကူပြုပါသည်။ |
How do I do pelvic floor muscle training?Now that you can feel the muscles working, you can:
Use your pelvic floor muscles as part of your daily routine. You can brace your pelvic floor muscles to avoid leaking. This is called ‘the knack’. Try to brace your pelvic floor muscles before you do physical tasks such as lifting things, swinging your golf club, or digging in the garden. Brace your pelvic floor muscles before doing anything likely to make you leak. While doing pelvic floor muscle training:
|
တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းကို ကျွန်တော် မည်ကဲ့သို့လုပ်ရမည်နည်း။ယခု သင့် ကြွက်သားများ အလုပ်လုပ်နေပြီကို သတိမူမိသည့်နောက်၊ သင် အောက်ပါတို့ကို လုပ်နိုင်ပါသည်။
သင့် တင်ပါးဆုံခွက်ကြွက်သားများ အသုံးပြုခြင်းကို နေ့စဉ် လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် လုပ်ပါ။ ဆီးထွက်ကျခြင်းကို ရှောင်ကြဉ်ရန် သင့် တင်ပါးဆုံခွက်ကြွက်သားများကို တောင့်တင်းထားနိုင်ပါသည်။ ၎င်းကို (အထာ) ဟုခေါ်ပါသည်။ ပစ္စည်းများကို ပင့်ခြင်း၊ သင့် ဂေါက်သီးတံကို လွှဲယမ်းခြင်း၊ သို့မဟုတ် ခြံထဲ၌ မြေတူးခြင်းမျိုးများကဲ့သို့ ကာယပိုင်းဆိုင်ရာ အလုပ်အကိုင်များ မလုပ်ကိုင်မီ၊ သင့် တင်ပါးဆုံခွက်ကြွက်သားများကို တောင့်တင်းထားရန် ကြိုးစားပါ။ သင် ဆီး/ဝမ်း ထွက်ကျရန် အလားအလာရှိနိုင်ရာ မည်သည့်ကိစ္စမျိုးအားမဆို မလုပ်မီ် သင့် တင်ပါးဆုံခွက်ကြွက်သားများကို တောင့်ခံထားပါ။ တင်ပါးဆုံခွက်ကြွက်သား လေ့ကျင့်ခန်း လုပ်နေခိုက်၊
|
Do your pelvic floor muscle training the right wayFewer strong hard squeezes are better than a lot of half-hearted ones. If you are not sure that you are doing the squeezes right, seek help. Ask for help from your continence physiotherapist or continence nurse advisor. Seek help if you do not see a change in your symptoms after 3 months. |
သင့် တင်ပါးဆုံခွက်ကြွက်သားများ လေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်လုပ်ပါစိတ်မပါ တပါလုပ်သော ညှစ်ခြင်းများ များစွာလုပ်ခြင်းထက် အားပြင်း၊ တင်းမာပြီး အကြိမ်နည်းပါးသော ညှစ်ခြင်းများက ပိုကောင်းပါသည်။ အကယ်၍ သင် နည်းလမ်းကျကျ ညှစ်နေမှန်း မသေချာလျှင်၊ အကူအညီရယူပါ။ သင်၏ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ပညာရှင် (ဖီဆီယို) သို့မဟုတ် ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ သူနာပြု အကြံပေးထံမှ အကူအညီတောင်းပါ။ အကယ်၍ ၃ လ ကြာပြီးနောက် သင့်ရောဂါလက္ခဏာ သက်သာမှုမရှိလျှင် အကူအညီရယူပါ။ |
Make the training part of your daily lifeOnce you learn how to do pelvic floor muscle squeezes do them often. Every day is best. Give each set of squeezes your full focus. Make a regular time to do your pelvic floor muscle squeezes. This might be after going to the toilet, when having a drink or when lying in bed. Other things you can do to help your pelvic floor muscles:
|
လေ့ကျင့်ခန်းလုပ်ခြင်းမှာ သင့်၏နေ့စဉ်အလုပ်ဖြစ်ပါစေတင်ပါးဆုံခွက်ကြွက်သားများ ညှစ်နည်းကို တတ်မြောက်သွားပြီးနောက် မကြာခဏလုပ်ပါ။ နေ့စဉ်လုပ်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ညှစ်သော လေ့ကျင့်ခန်း တစ်တွဲစီကို သင် လုံးဝအာရုံစိုက်ပြီး လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်ကို ပုံမှန် သတ်မှတ်ထားပါ။ ၎င်းသည် အိမ်သာတက်ပြီးနောက်၊ အရည်တစ်ခုခုသောက်နေခိုက် သို့မဟုတ် အိပ်ရာထဲ လှဲနေခိုက် လုပ်နိုင်ပါသည်။ သင့် တင်ပါးဆုံခွက်ကြွက်သားများ အားကောင်းလာစေရန် သင်လုပ်နိုင်သော အခြားအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
|
Seek helpYou are not alone. Poor bladder and bowel control can be cured or better managed with the right treatment. If you do nothing, it might get worse. Phone expert advisors on the National Continence Helpline for free:
1800 33 00 66 * (8am - 8pm Monday to Friday AEST) * Calls from mobile telephones are charged at applicable rates. To arrange for an interpreter through the Telephone Interpreter Service (TIS), phone 13 14 50 Monday to Friday and ask for the National Continence Helpline. Information in other languages is also available from continence.org.au/other-languages For more information:
* Calls from mobiles are charged at applicable rates. |
အကူအညီ ရယူပါသင် တစ်ဦးတည်း ဖြစ်နေခြင်း မဟုတ်ပါ။ ဆီးနှင့် ဝမ်း ချုပ်ထိန်းထားနိုင်ရန် အားလျော့နည်းမှုကို ကုသနိုင်ပါသည် သို့မဟုတ် သင့်လျော်သော ကုသနည်းဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံပေးနိုင်ပါသည်။ အကယ်၍ သင် မည်သို့မျှ မလုပ်ဘဲနေမည်ဆိုပါက အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိပါသည်။ National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) မှ ကျွမ်းကျင်သူ အကြံပေးများကို အောက်ပါကိစ္စများအတွက် အခမဲ့ဖုန်းဆက်ပါ။
1800 33 00 66 * (တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၈ နာရီမှ ည ၈ နာရီ သြစတြေးလျားနိုင်ငံတော် အရှေ့ပိုင်းဒေသ စံတော်ချိန်) TIS (တယ်လီဖုန်း စကားပြန် ဝန်ဆောင်မှု) မှတဆင့် စကားပြန်တစ်ဦးကို စီစဉ်ရန် တနင်္လာနေ့မှ သောကြာနေ့အတွင်း 13 14 50 ကို ဆက်ပြီး National Continence Helpline (တစ်ပြည်လုံးဆိုင်ရာ ဆီး/ဝမ်း ထိန်းနိုင်မှုဆိုင်ရာ ကူညီရေးဖုန်းလိုင်း) ကို တောင်းပါ။ အချက်အလက်များကို အခြားဘာသာစကားများဖြင့်လည်း continence.org.au/other-languages တွင် ရရှိနိုင်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် အောက်တွင် ကြည့်ပါ။
* မိုဘိုင်းဖုန်းနှင့် ဆက်ခေါ်ပါက သက်ဆိုင်ရာ အဖိုးအခနှုန်းအတိုင်း တောင်းခံပါလိမ့်မည်။ |